Quantcast
Viewing all articles
Browse latest Browse all 4837

ကျူးကျော်တဲမှာ နေရတဲ့ ၁၇ နှစ်အရွယ် အပျိုလေးကို ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့တဲ့ လူနှစ်ယောက်ကို အမှုဖွင့်

Image may be NSFW.
Clik here to view.
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် အသက် ၄ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

အမှုမှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အသက် (၁၇)နှစ်ရှိ သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် နံနက် ၁ဝ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက် ရှိလာသည်ဟု ဆိုထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က သူမကို တစ်ရပ်ကွက်တည်းနေ မသဲသဲ (၂ဝ)နှစ်က အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်၊ လစာကောင်း မည်၊ အတူတူအလုပ်လုပ်ရန် စည်းရုံးပြောဆိုသဖြင့် ဗိုလ်တစ်ထောင်ဘုရားသို့ လိုက်သွား ခဲ့သည်ကို သမီးဖြစ်သူက ပြန်လည် ပြောပြထားသည်ဟု မိခင်ဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် မသဲသဲမှ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ရာ ယာဉ်မောင်း ဦးဝင်းနိုင် (၄ဝ)နှစ် ဆိုသူမှာ ခဲရောင် မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး အထပ် (၈)ထပ်ရှိ တိုက်(၅)လွှာသို့ သွားရောက်ခဲ့ကာ ထိုအခန်းတွင် အခန်းတံခါး သော့ပိတ်ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအခန်းသို့ရောက်ရှိရာ လွန်ခဲ့သည့် ရက် (၂ဝ)ခန့်က နေအိမ်မှပျောက်သွားသူ ညီမဝမ်းကွဲတော်စပ်သူကို တွေ့ခဲ့ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရကြောင်းနှင့် ဦးဝင်းနိုင်က ၎င်းယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်များသို့ လိုက်လံပို့ဆောင်ပေးနေ သည်ကို မိန်းကလေးက သိရှိရသည်ဟုလည်း ဆိုထားသည်။

ထို့နောက် အဆိုပါ မိန်းကလေးကို ပြည်တန်ဆာအဖြစ် အဓမ္မစေခိုင်းသော်လည်း ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း တရားလိုက ရဲထံတွင် ပြန်လည်ပြောပြထားသည်။

ထို့ကြောင့်လည်း သမီးဖြစ်သူကို ဖျားယောင်းသွေးဆောင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်းနှင့် အခန်းတွင်း ပိတ်လှောင်ခြင်းတို့ ပြုလုပ်ခဲ့သည့် မသဲသဲ နှင့် ဦးဝင်းနိုင် ဆိုသူတို့ကို အရေးယူပေးရန် ကာယကံရှင်၏ မိခင်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၅၆/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံထားရသူများကို ပြစ်မှုပုဒ်မ ၃၇၂/၃၄၁/၁၁၄ တို့ဖြင့် ငြိစွန်းမှုရှိမရှိ ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုထားသည်။
From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>