Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တာဝန် လစ်ဟင်း မှုဖြင့် ထိုင်း ၀န်ကြီး ချုပ် စွဲချက် တင်ခံရ

$
0
0

အစိုးရ က ဦးစီး ဆောင်ရွက် သော အငြင်းပွား ဖွယ် ဆန် ၀ယ် ယူမှု အစီ အစဉ် တွင် တာဝန် လစ်ဟင်း မှု ဖြင့် ထိုင်းဝန် ကြီးချုပ် ကို အကျင့် ပျက် ခြစား တိုက် ဖျက် ရေး ကော်မရှင် က တရား စွဲဆို သွားမည် ဖြစ် ကြောင်း သိရ သည်။ ပြစ်မှု ထင်ရှား ပါက ရာထူး မှ ဖယ်ရှား ခံရသည် အထိ သက်ရောက် မှုရှိ မည် ဖြစ်သည်။ အစိုးရ က ဦးစီး ပြုလုပ် သော ဆန်ဝယ် ယူရေး အစီ အစဉ် သည် အကျင့် ပျက် ခြစား မှုများ ပေါ်ပေါက် နိုင် သ လို နိုင်ငံ တော် ငွေ ကြေး ဆုံးရှုံး မှုများ လည်း ဖြစ်ပွား နိုင်သည် ဟု ၀ိုင်းဝန်း သတိ ပေးခဲ့ သော် လည်း ၀န်ကြီး ချုပ် ယင်လပ် သည် လစ်လျူ ရှု ခဲ့ကြောင်း ဖြင့် အ ကျင့် ပျက် ခြစား တိုက် ဖျက် ရေး ကော်မရှင် က ထုတ်ပြန် ချက် တွင် ဖော်ပြ ထား သည်။ စွဲချက် များကို ကြားနာ ရန် ဖေဖော် ၀ါရီ (၂၇) ရက် နေ့ တွင် ၀န်ကြီး ချုပ် ကို တ ရားရုံး သို့ ဆင့်ခေါ် မည် ဖြစ်ကြောင်း လည်း သိ ရသည်။ 
 
 ဈေး ကွက် ပေါက် ဈေး ထက် ပိုသော ဈေးဖြင့် လယ် သမား များ ထံမှ ဆန် ၀ယ်ယူ ရေး အစီ အစဉ် ကို အာဏာရ အစိုးရ က ကျင့်သုံး ခဲ့ ခြင်း သည် ဘန်ကောက် တွင် အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြ ပွဲများ ဖြစ်ပွား နေရခြင်း အဓိက အ ချက် တစ်ချက် ဖြစ်သည်။ ထို အစီ အစဉ် ကြောင့် အကျင့် ပျက်ခြ စားမှု များ ပေါ်ပေါက် ခဲ့ပြီး ပြည်သူ့ ဘဏ္ဍာ ငွေများ လည်း ဆုံးရှုံး ခဲ့ကာ နိုင်ငံ တွင်း ၌ ရောင်း မထွက် သော ဆန်များ ပုံ နေသည့် အဖြစ် သို့ ရောက် ခဲ့သည်။ လက်ရှိ ၀န်ကြီး ချုပ် ယင်လပ် သည် ၂၀၀၆ ခုနှစ် က ပြုတ်ကျ သွားသော အစ်ကို ဖြစ်သူ ၀န်ကြီး ချုပ် ဟောင်း သက်ဆင် ၏ ရုပ်သေး သာ ဖြစ် ကြောင်း အတိုက် အခံ များက စွပ်စွဲ ပြောကြား ထားသည်။ အကျင့် ပျက် ခြစား မှု စွဲချက် များကို ရှောင် ရှားရန် မစ္စတာ သက် ဆင် သည် ပြည်ပ သို့ တိမ်းရှောင် နေသည်။

မစ္စတာ သက်ဆင် သည် အခွန်ထမ်း ပြည်သူ များ၏ ဘဏ္ဍာငွေ များကို သုံး၍ ကျိန်း သေ ပေါက် အရှုံး ပေါ် မည့် ဆန် ၀ယ်ယူ ရေး အစီ အစဉ် ကို ပြုလုပ် ကာ ကျေးလက် နေများ ၏ ထောက်ခံ မှု ရရှိ အောင် ကြိုး ပမ်း ခဲ့ကြောင်း ဖြင့် အတိုက် အခံ များက ပြောကြား ထား သည်။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles