Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံရေးခေါင်းဆောင်များ အဝေဖန်ခံနိုင်ရမည် ဟု ဦးကိုနီ ဆို

$
0
0
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများကို ဂျာနယ်များတွင် သရော်မှုပြု၍ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်ဖြစ်၍ ဝေဖန်ခံနိုင်ရမည် ဖြစ်ကြောင်း NLD ပါတီ၏ အကြံပေး ဦးကိုနီနှင့် မြန်မာဂျာနယ်လစ်ကွန်ရက် ဥက္ကဌ ဦးမြင့်ကျော်တို့က ပြောကြားလိုက်သည်။

ဤသည်မှာ ဒီမိုကရေစီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့အမြင်ကို လွတ်လပ်စွာ ဖော်ပြနိုင်ရမည် ဖြစ်ကြောင်း၊ အဝေဖန်မခံနိုင်ရင် နိုင်ငံရေး မလုပ်နဲ့ ဟု ပြောလိုကြောင်း NLD ပါတီ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောဆိုသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် ဥက္ကဌ ဦးမြင့်ကျော်ကလည်း ခေါက်ရိုးကျိုးနေခဲ့သော အတွေးအခေါ်များကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဤဖြစ်စဉ်မှာ မထူးဆန်းကြောင်း၊ ထိုသို့ ရုပ်ပြောင်များ ပြုလုပ်ခြင်းကို ထောက်ခံကြောင်း ပြောဆိုသည်။ဧရာဝတီသတင်းဌာနမှ စီစဉ်တင်ဆက်သော ဒိတ်လိုင်းဧရာဝတီအစီအစဉ် တွင် အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းပြောကြားချက်အပေါ် လက်ခံသူနှင့် လက်မခံသူ ဟူ၍ ကွဲပြားနေကြောင်း သိရသည်။

"ကိုယ်က နိုင်ငံတကာနဲ့ နှိုင်းတယ်။ ဟုတ်ပြီး အီကော်နောမစ်မှာ ဒီလို ဆိုရင် ကိုယ်ကရော အီကော်နောမစ်လောက် အရည်အချင်း ရှိရဲ့လား မေးစရာ ရှိတယ်။ ခု အခြေအနေမှာတော့ ဒါမျိုး မလုပ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ဘီကီနီရေကူးဝတ်စုံ ၀တ်ပေးပြီး ဆက်ဆီကျကျ လုပ်ပြရင် လက်ခံနိုင်မလား မေးချင်တယ်။ မြန်မာ ဂျာနယ်လစ်တွေက အခွင့်အရေးပဲ ယူချင်တာ။ တာဝန်ယူရမယ့် ဟာဆိုရင် ဘာတစ်ခု သိတာ မဟုတ်ဘူး။ ဒီကာလမှာတော့ ဒီလိုလုပ်တာကို ကန့်ကွက်ပါတယ်"ဟု စာနယ်ဇင်းပညာကို ပြည်ပတွင် သင်ကြားလာခဲ့သူ ဂျာနယ်လစ်တစ်ဦးက ပြောဆိုသည်။

"အခု ဧရာဝတီက ကယ်ရီကေးချားကိုပဲ ကြည့်လေ။ ဒေါ်စု နှုတ်ခမ်းနီ ဆိုးတာ၊ အလှပြင်တာကို ပေါ်လွင့်အောင် ရေးထားတယ်။ နှာခေါင်း ရှည်ထားတာကလဲ ဘာအဓိပ္ပါယ်လဲ။ ဒါဟာ ဒေါ်စုကို စော်ကားတာ လို့ပဲ ကျွန်တော်တို့က ယူဆတယ်။ ဒါမျိုး လုပ်သင့်သလား မေးချင်တယ်။ ဦးကိုနီကတော့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအရ လေးစားမှု ဆိုတာ သိချင်မှသိမယ်။ သိရင်လည်းပဲ အလေးထားချင်မှထားမယ်။ ကျွန်တော်တို့ကတော့ ဒါမျိုးတွေ များလာရင် မကောင်းဘူး လို့ပဲ ပြောချင်တယ်။ ဂျာနယ်တွေက ဘာအရည်အချင်းရှိသလဲ၊ ဘာတွေ သိထား၊ သင်ထားသလဲ။ ဒါပဲ မေးချင်တယ်။ ရေးချင်ရာရေး၊ ရမ်းချင်တိုင်းရမ်းပြီး စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတဲ့ စကားတစ်လုံးနဲ့ အကာ အကွယ် မယူနဲ့။ အဲဒီ ဦးမြင့်ကျော်ကရော ဘယ်လောက်အထိ ကျင့်ဝတ်၊ သိက္ခာ လိုက်နာသလဲ။ ကိုယ်က လိုက်နာရမယ့် ကျင့်ဝတ် ဆိုတာကျတော့ ငါးပါးသီလနဲ့ နှိုင်းတယ်။ ကိုယ်က ရမယ့် အခွင့်အရေးကျတော့ လက်တစ်ဆုံး နှိုက်တယ်။ အခွင့်အရေး ယူချင်ရင် တာဝန်သိရတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

တိုင်းမဂ္ဂဇင်းမှာ ဦးဝီရသူကို ဘယ်လိုသုံးလဲ။ ဓါတ်ပုံ မူရင်းကိုပဲ သုံးတာ။ နိုင်ငံတကာ အခွင့်အရေး လိုချင်ရင် ပြည်တွင်းက ဂျာနယ်လစ်တွေ နိုင်ငံတကာကို မီပြီလား တစ်ခုပဲ မေးချင်တယ် ဟု ၄င်းက ပြောဆိုသည်။

ထိုသို့ နိုင်ငံရေးခေါင်းဆောင်များကို ရုပ်ပြောင်ပုံများ ပြုလုပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်သူများအကြား သဘောထားကွဲလွဲမှုများ ကြီးကြီးမားမား ဖြစ်ပေါ်လျက် ရှိသည်။
From: ပြည်သူ့ အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>