Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သဲကုန်း သပိတ်စခန်း သတင်းနောက်ကွယ်က ဘယ်မီဒီယာ မှ ထည့်မပြောတဲ့ အမှန်တရား

$
0
0
 မြှောက်ပေးမှုကြောင့် သပိတ်စခန်းဖွင့်တဲ့ အရိုးခံ တောင်သူများ
 ရည်ရွယ်ချက် ရှိရှိ နှောက်ယှက်သူများကို ဖယ်ရှားပေးဖို့ သဲကုန်းမြို့သားများမှ တိုင်ကြားသည့်စာ
သပိတ်စခန်းဖွင့်သူများ ကား ဖြင့် နေရပ်သို့ ပြန်ပို့ပေးခဲ့
     အစကတော့ မရေးတော့ပါဘူးလေ လို့ တွေးမိပေမယ့် အမှန်ကို သိရက်နဲ့ မပြောတာဟာ တာဝန်ရှိသလို ခံစားလာရတယ်။ကြောင်မရှိတော့ ကြွက်တွေဆူသလို အမှန်တရား ကိုဖုံးပြီး သတင်းအမှားတွေနဲ့ စာဖတ်သူတွေကို အဆိပ်ခတ် နေတဲ့ ပြည်တွင်း/ပြည်ပမီဒီယာတွေ အစိုးရ အကြပ်အတည်း ဖြစ်စေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စာဖတ်သူကို လိမ်လည်တာတွေ ဟာ တစ်နေ့ တစ်နေ့ တိုးပွားလာနေပါတယ်။ဒါဟာ မြန်မာ နိုင်ငံလို တိုးတက်ပြောင်းလဲဖို့ ခေါင်းပြူနေတဲ့နိုင်ငံအတွက်တော့
ခြေတစ်ချောင်းကျိုးနေတဲ့ စားပွဲလိုပါပဲ ။ အတော် ရုပ်ဆိုးပါတယ်။အမှန်တရားကို မဖော်ပြပဲ ဖုံးကွယ်တာ ဟာ မီဒီယာတွေ တိုင်းပြည်ကို သစ္စာဖောက်တာပါ။

      အခု လတ်တလော ဖော်ပြနေကြတဲ့ သီတဂူ ဆရာတော်ဘုရားကြီး အမိန့်ကြောင့် ရဲတွေကို သဲကုန်းကသပိတ်စခန်းကို ဖြိုခွင်းတယ်ဆိုတဲ့ သတင်းကို ရှင်းပြချင်တာပါ။တကယ့် အဖြစ်အမှန်က မီဒီယာတွေ ဖြတ်ညှပ်ကပ် ထားတဲ့ သတင်းလောက် မရိုးရှင်းပါဘူး။ဒါကို လိုချင်တာပဲ ကွက်ယူပြီး သတင်းလုပ်ရေး ဆူပူလာအောင် ဇောင်းပေးရေးသားလာကြတာ ဟာ အတော် ရုပ်ဆိုးပါတယ်။
သီတဂူ ဆရာတော် ဘုရားကြီး ဆိုတာ ဘယ်သူလည်းဆိုတာလောက်တောင် မသိရလောက်အောင် မီဒီယာတွေ ဘာသာရေးမျက်စိကန်းနေပြီလား။ ကိုယ်စာစောင် ရောင်းရ ပီးရော..၊ သီတဂူ ဆရာတော်ဘုရားကြီးလည်း ဂရုမစိုက်ဘူး ၊ ငရဲဆိုတာ သေမှ ရောက်တာမသေခင်တော့ ချမ်းချမ်းသာသာ နေရပီးရော ဆိုတဲ့ သဘောမျိုးနဲ့ ဆိုရင်တော့ ပြောစရာ ကုန်သွားပါပီ။

        တကယ့် အဖြစ်မှန်က ..သီတဂူဆရာတော် ဘုရားကြီးက သဲကုန်းမှာ မရှိနွမ်းပါးသူတွေ ၊ မျက်စိရောဂါ ခံစားနေရသူတွေအတွက် ကျန်းမာရေး အဆင်ပြေချောမွေ့စေရေး ရည်ရွယ်ပြီးတော့ မျက်စိဆေးရုံးဖွင့်ပေးပါတယ်။အဲ့ဒီ မျက်စိဆေးရုံဖွင့်ပွဲအတွက်သက်ဆိုင်ရာ ၀န်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာနတွေ နဲ့ မြို့မိမြို့ဖ တွေကို လည်းကြိုတင်ဖိတ်ထားပါတယ်။အဲ့မှာဘာထဖြစ်လဲ
ဆိုတော့ သက်ဆိုင်ရာလူကြီးတွေရော ၊ သီတဂူ ဆရာတော်ကြီး လည်းလာမှာ သိတော့ အခွင့်ကောင်းပဲ ဆိုတဲ့သဘောနဲ့ ထုံးစံအတိုင်း လယ်တွေအသိမ်းခံရပါတယ် ဆိုပြီး ဆန္ဒပြပွဲ ထလုပ်ပါတယ်။ ဒါနဲ့ သက်ဆိုင်ရာ လူကြီးတွေနဲ့ သီတဂူ ဆရာတော် ဘုရားကြီး ကလည်း အသိမ်းခံရပါတယ်ဆိုတဲ့ လယ်ယာမြေ ကိစ္စကို မေးမြန်းတော့လည်း အခြေအမြစ်မရှိတဲ့ စကားတွေပဲပြောပီး ဘာအချက်အလက်မှ မရှိပါဘူး ။ အဲ့ဒီ ဆန္ဒပြပွဲမှာ ပါတာဟာ အလွန်ရိုးအတဲ့ တောသူတောင်သားတွေပါ ။သူတို့ နောက်ကွယ်မှာ သွေးထိုးတဲ့အုပ်စုတွေ ရှိနေနိုင်ပါတယ်။

      ဒါကို သဲကုန်းမြို့သားတွေ အားလုံးက လက်မခံကြပါဘူး သပိတ်စခန်းဆိုတာကိုလည်း အသိအမှတ်မပြုဘူး။ဘာမှ အချက်အလက်လဲ အခိုင်အမာ မရှိပဲနဲ့ အခုတလော ခေတ်စားနေတဲ့
ခောတ်မှီစီးပွားရေး လုပ်စားနည်းဆိုတာ ကို အားလုံးသိပါတယ်။အသိအမှတ်လည်း မပြုပါဘူး ။ဒါ တမင်
သက်သက် သီတဂူဆရာတော် ဘုရားကြီးရဲ့ အလှူပွဲကို နှောက်ယှက်နေတာပါ။ ဒါကြောင့်သဲကုန်း မြို့ခံ
တွေရော ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရော ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ သပိတ်စခန်း ဆိုတာ ကို ဖျက်သိမ်းပေး အနူးညွတ်တောင်းပန်ခဲ့ပါတယ် ။ မရပါဘူး ။ လုံးဝ ဖျက်မပေးနိုင်ဘူး ပြောပါတယ်။
နောက်ဆုံး သီတဂူဆရာတော်ဘုရားကြီး ကိုယ်တိုင်မေတ္တာရပ်ခံခဲ့ပါတယ်။ သပိတ်စခန်း ဖွင့်တယ်ဆိုတဲ့သူတွေဟာ ဆရာတော် ဘုရားကြီးကိုတောင် မျက်လုံးထဲ မထားတော့ပဲ မိုက်မိုက်ရိုင်းရိုင်းတွေ အော်ဟစ် ပြောဆိုနေခဲ့ပါတယ်။

      နောက်ဆုံးတော့ ဘယ်လိုမှ မေတ္တာရပ်ခံလို့ မရတဲ့အဆုံးမှာ တာဝန်ရှိသူတွေက ရဲအင်အား ၁၀ ဦးလောက်နဲ့ ဖယ်ရှားလိုက်တာပါ ။ ဒါကို မီဒီယာတွေက ရဲအင်အား ၅၀ ကျော် ၊ စွမ်းအားရှင် ၅၀ ကျော် နဲ့ ရှင်းလင်းတယ်ဆိုပြီး တမင် လီဆယ် ရေးသားနေကြပါတယ်။ ဖယ်ရှား ရှင်းလင်းလိုက်တဲ့ တောင်သူ အယောက် ၃၀ ကိုလည်း ဘာအရေးယူခြင်းမှ မလုပ်ပဲ နေရပ်ကို ကားပေါ်တင်ပြီး နေရပ်ပြန်ဖို့ခဲ့
ပါတယ်။ဒါကို တမင် သတင်းမှားတွေ ရေးပြီး ဆူပူအောင် လုပ်နေတဲ့ ဧရာဝတီဘလော့ ၊ အေးချမ်းမွန် သတင်းစာမျက်နှာ တွေဟာ အတော် ရွံစရာ ကောင်းပါတယ်။ဒီပြဿနာ မှာ ဘယ်သူက မှားတာလဲ ဆိုတာ စာဖတ်သူပဲ ဝေဖန်စဉ်းစားကြည့်ကြပါလို့ အကြုံပြုတင်ပြလိုက်ပါတယ်။


သတင်းပေးပို့သော ဟိန်းစိုးအောင်(သဲကုန်းသား)အား ကျေးဇူးတင်ပါသည်။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>