Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၀ တန်းကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့် လူငယ် အမှုဖွင့်ခံရ

$
0
0
ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင်အိပ်စက်ခဲ့သည့်လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်းလိုက်သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

အဆိုပါ အမှုတွင် အသက် ၁၅ နှစ်ရှိ ၁၀ တန်းကျောင်းသူမှာ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။

ထို့နောက် ည ၂ နာရီအချိန်တွင် သမီးဖြစ်သူကို မောင်အောက်ထက်ပိုင် (စိစစ်ဆဲ) ၊ မြောက်ဥက္က လာပမြို့နယ် (စ)ရပ်ကွက်နေသူနှင့်အတူ (ဋ)ရပ်ကွက်ရှိ မဟာကျိန်သစ္စာရှင်
ဘုရားရှေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထို့ကြောင့် လှမ်းခေါ်ရာ အောင်ထက်ပိုင်မှ ထွက်ပြေးသွားသဖြင့် သမီးဖြစ်သူကို နေအိမ် သို့ ပြန်လည် ခေါ်ဆောင်လာပြီး မေးမြန်းရာ အောင်ထက်ပိုင်မှာ သူမချစ်သူဖြစ်ပြီး ညနေ
၆ နာရီအချိန်က (ဋ)ရပ်ကွက်ရှိ တည်ခိုးခန်းတွင် အတူနေထိုင်ခဲ့ကြောင်း သိရှိရသည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြထားသည်။

ထို့ပြင် သမီးဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်(၁)ရံနှင့် ရွှေလက်စွပ်(၁)ကွင်း၊ စုစုပေါင်း တန်ဖိုး (၈၀၀၀၀)ကျပ်ကိုလည်း အောင်ထက်ပိုင်က ရယူထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် အုပ်ထိန်းသူ ခွင့်ပြုချက်မရဘဲ ဆောင်ယူသူ အောင်ထက်ပိုင်ကို အရေးယူပေးရန် မိန်းကလေးမိခင်းဖြစ်သူက အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို (ပ)၁၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးစစ်ဆေးရ န်   ဆောင်ရွက်နေကာ ဖမ်းဆီးရမြိ့ပီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပါက ပုဒ်မ ၃၆၃ ဖြင့်
အရေးယူမည်ဟု ဆိုထားသည်။

From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>