Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လိင်စိတ်နှိုးဆွသော စာအုပ်များ ငှားရမ်းမှု မြင့်တက်လာ

$
0
0
ဗြိတိန်ရှိ ပြည်သူလူထု ဆိုင်ရာ စာကြည့်တိုက်များတွင် လိင်စိတ်နှိုးဆွသော စာအုပ်များ ငှားရမ်းမှုသည် ပြီးခဲ့သော ၁၂ လအတွင်း ၅၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၎င်းမြင့်တက်လာမှုကို “ Fifty Shades ” အကျိုးသက်ရောက်မှုဟု ခေါ်ဆိုကြသည်။

ပြီးခဲ့သော နှစ်အတွင်းက အထင်ရှားဆုံး လိင်စိတ်နှိုးဆွသည့် စာအုပ် အင်ဒီဂိုဘလွန်း၏ “ Destined to Feel ” မှာ အကြိမ်ရေပေါင်း ၁၁၇၀၀ နီးပါး ငှားရမ်းခဲ့ရသည်။
၎င်းမြင့်တက်လာမှုများသည် အီးအယ်လ်ဂျိမ်းစ်၏ ရောင်းအကောင်းဆုံး စာအုပ် “ Fifty Shades of Grey ” ကြောင့် ဖြစ်ပြီး ငှားရမ်းမှု စာရင်းတွင် တတိယ နေရာ ရရှိထားသည်။
၂၀၁၁၊ ၂၀၁၂ ခုနှစ် ကာလအတွင်း အငှားရမ်းရဆုံး လိင်စိတ်နှိုးဆွသည့် စာအုပ် လော်ရယ်ကေ ရေးသားသည့် “ Divine Misdemeanours ” မှာ အကြိမ်ရေပေါင်း ၁၅၀၀ သာ ငှားရမ်းခဲ့ရပြီး “ Destined to Feel ” စာအုပ်၏ အစွန်းထွက်နီးပါးသာ ရှိခဲ့သည်။
၎င်းကဲ့သို့ လိင်စိတ်နှိုးဆွသော စာအုပ်များ မြင့်တက်လာမှုသည် စာကြည့်တိုက်များ၏ အလိုအလျောက် ငှားရမ်းသော စံနစ်များကို အသုံးပြုလာခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုပြီး ၎င်းစံနစ်ကို အသုံးပြုသည့် အတွက် ငှားရမ်းသူများ အနေဖြင့် မျက်နှာပူစရာ မလိုပဲ လွတ်လွတ်လပ်လပ် ငှားရမ်းနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

အီးအယ်လ်ဂျိမ်း ကဲ့သို့သော စာရေးဆရာများ၏ လူကြိုက်များ အောင်မြင်လာမှုကလည်း ၎င်းစာအုပ် အမျိုးအစားများ၏ ပုံရိပ်ကို မြင့်တက်စေပြီး ၎င်းစာအုပ် အမျိုးအစားများသည်လည်း ပိုမို စုံလင်မှု ရှိလာခြင်း ခေတ်ရေစီးကြောင်း အရလည်း ဖတ်ရှုသူများ ပိုမို များပြားလာခြင်း ဖြစ်သည်။
ပြည်သူလူထု ဆိုင်ရာ ငှားရမ်းမှု အခွင့်အရေး (PLR) မှ ၂၀၁၂၊ ၂၀၁၃ ခုနှစ် အတွက် ဗြိတိန်ရှိ စာကြည့်တိုက်များတွင် အငှားရမ်းဆုံး စာအုပ်များ စာရင်းနှင့် အငှားရမ်းရဆုံး စာရေးဆရာ စာရင်းတို့ကို ထုတ်ပြန်ခဲ့သည်။

ခုနှစ်နှစ်တာ ကာလအတွင်း အမေရိကန် ပြစ်မှုရေးရာဆိုင်ရာ စာရေးဆရာ ဂျိမ်းစ်ပီတာဆန်သည် ဗြိတိန် ပြတိုက်များတွင် အငှားရမ်းရဆုံး စာရေးဆရာ အဖြစ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။
ထိပ်ဆုံး ၁၀ ယောက်စာရင်းတွင် ကလေးသူငယ် ဆိုင်ရာ စာပေများ ရေးသားသူများမှ ၆ နေရာအထိ ပါဝင်ခဲ့သည်။

၁၂ လတာ ကာလအတွက် အငှားရမ်းရဆုံး စာအုပ်စာရင်းတွင် လီးချိုင်း ရေးသားသည့် “ The Affair ” သည် ပထမ နေရာ ရရှိခဲ့ပြီး ဒုတိယ နေရာအတွက်လည်း လီးချိုင်းပင် ရေးသားထားသည့် “ A Wanted Man ”မှ နေရာယူထားခဲ့သည်။
ပြည်သူလူထု ဆိုင်ရာ ငှားရမ်းမှု အခွင့်အရေးကို ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဆိုင်ရာ ဌာနမှ ထောက်ပံ့မှုဖြင့် ၁၉၇၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ငှားရမ်းရာမှ ရရှိသော ဝင်ငွေအားလုံးသည် စာရေးဆရာများမှ တိုက်ရိုက် ရရှိပြီး အငှားရမ်းရဆုံး စာရေးဆရာများ အတွက် ပေါင် ၆၆၀၀ အထိ အမြင့်ဆုံး ရရှိနိုင်သည်။
REF: BBC
From:Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>