7Day သတင်းဂျာနယ်မှ "ရုပ်ရှင်ကားကောင်းများကို ပရိတ်သတ်များစောင့်နေ သည်” ဆောင်းပါး ကိုဖတ်ရတော့ နယ်ပယ်အသီးသီးမှာ လည်းဒီလိုများဖြစ်နေမလားဟု တွေးမိသည်၊၊
“ စစ်အစိုးရလက်ထက် ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွ င်း ဆင်ဆာစနစ်ကို လက်ညိုး ထိုးရင်း တဖြည်းဖြည်းကျဆင်းလာခဲ့သည့် မြန်မာ့ရုပ်ရှင်လောကသည် ဆင်ဆာဖြေလျော့ မှုများပြုလုပ်ပြီးသည့်တို င် မြန်မာ ပရိတ်သတ်များအတွက် အရည်အသွေးမီဇတ်ကား များထွက်မလာနိုင်သေးသည့်အေ ပါ် မည်သူ့တွင် တာဝန်ရှိသနည်းဟု မေးခွန်း ထုတ်စ ရာဖြစ်လာပါပြီ” ဟု အစချီထားသည့် သတင်းဆောင်း ပါကိုဖတ်ရင်း သက်ပြင်ခပ်လေး လေးတစ်ချက်ချမိသည်၊၊
ဆင်ဆာရှိစဉ်ကာလက ဆင်ဆာ၊ ဆင်ဆာလွတ်တော့ ပရိတ်သတ်အကြိုက်ကြောင့်၊ ထုတ် လုပ်သူနှင့်ဈေးကွက်ကို လက်ညိုးထိုး၊ လမ်းဘေး ကူးခွေများကိုလက်ညိုးထိုး၊ ခေတ်မှီပစ္စည်း ကရိယာများကို လက်ညိုးထိုး နှင့် လက်ညိုးများမဆုံးနိုင်တော့ ပေ၊၊
စစ်အာဏာရှင်စနစ်မှ U-Turn ကွေ့ခါ အရာရာ အစက ပြန်စနေရသော လက်ရှိအစိုး ရကြိုးပမ်း ဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနိုင်သည် ၊ အားနည်းချက်များရှိနိုင်သည်၊၊ အားနည်း ချက်များကို ခွင့်လွတ်ပါဟုမဆိုလို၊၊ သို့သော် တိုင်းပြည်တည်ဆောက်ရေးတွင် တတတ်တအား ပါဝင်စေချင်သည်၊၊ ဝေဖန်အကြံပြုမည်ဆိုပါကလည်း Constructive Criticism ဖြစ်စေချင် ပါသည်၊၊
ဒေါ်အောင်ဆန်းစုကြည်၏ ပညာ၊ စေတနာကို မစောကြောလိုပါ၊၊ သို့သော် အမေစု အမေစုဟု တဖက်စောင်းနင်းဖြစ်နကြသူများ “နိုင်ငံအတွက်” ဟူသော အတွေးပျောက်နေသည်ဟု ဆို ချင်သည်၊၊ အဘယ့်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်လည်း လူသားဖြစ်သည့် အတွက် တစ်နေ့သေရမည်ဖြစ်သည်၊၊ ထာဝရအသက်မရှင်နိုင်၊၊ ဦးသိန်းစိန်လည်းသေရမည်၊၊ ထာဝရအသက်မရှင်နိုင်၊၊ ဒါဆို ဒေါ်အောင်ဆန်းစုကြည်မရှိတော့ ပါက မည်သူ့ကို တမ်းတမ် တတ မျှော်ကြအုံးမည်နည်း?၊၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တမ်းသတိရရုံ ဂုဏ်ပုဒ်များဖေါ် ထုတ်ပြီး၊ တက်လာသမျှအစိုးရ လက်ညိုးအပစ်ပြောရုံမျှဖြင့် ဤတိုင်းပြည် လည်း ဘယ်တော့မှ နလံထူနိုင်တော့မည် မဟုတ်ပေ၊၊
အမြန်လမ်းမများတွင် မကြာခဏ ကားမတော်တဆမှုများဖြစ်လိုက်သည်နှင့် အစိုးရတည် ဆောက် ထားခဲ့သော လမ်းကြောင့်ဟု လွယ်လင့်တကူ အစိုးရကိုပင် အပစ်ပုံလိုက်ကြတော့ သည့်၊၊ အဝေးပြေးလမ်း များတွင် ယဉ်မောင်းသူများ လိုက်နာရမည်စည်းကမ်း များလိုက်မနာ မှုရှိမရှိ၊ သတ်မှတ်မိုင်နှုန်းဖြင့် မောင်းမမောင်း၊ လုံခြုံရေးခါးပတ်ခြင်း၊ ကားကြံ့ခိုင်မှုစစ်ဆေးခြင်း ကိစ္စများအတွက် မည်သူမျှစိတ်မဝင်စား၊ လမ်းနှင့်အစိုးရကိုသာ လွယ်လွယ်အပစ်ပုံကြရာ နောက် လူအုပ်ကြီးလိုက်တော့သည်၊၊
ဆိုလိုသည်မှာ လမ်းများ၏ ချို့ ရွင်းချက် ရှိကောင်းရှိနိုင်သည်၊ သို့သော် ကိစ္စရပ်တစ်ခု အပေါ် တွင်မျှတစွာ သုံးသတ်သည့်အလေ့အကျင့် ဖြစ်ထွန်းစေခြင်သည်၊၊
မြစ်ဆုံကိစ္စ သမ္မတကြီးမှ မိမိအစိုးရလက်ထက်တွင် ရပ်မည်ပြောတော့ ဒါနောက်တက် လာ သည့် အစိုးရကို ဒုက္ခရောက်အောင်လုပ်သည့် ဝှက်ဖဲဟုဆိုသည်၊၊ မြစ်ဆုံကိစ္စမရပ်လျှင်လည်း အပစ်တင်မဆုံးဖြစ်ကြမည်၊၊ရပ် လိုက်ပြန်တော့လည်း အပစ်က မလွတ်သေးပေ၊၊
တောင်ငူမီးလောင်တော့ စစ်သားများ ကူညီငြိမ်းသတ်ကြသည်၊၊ ဒီလောက်စစ်သား အများကြီး ရှိနေတာ မီးလောင်တာ ကြိုသိလို့ဖြစ်ရမယ်ဟုဆိုသည် ၊၊ မကူညီလျင်လည်း ဒီစစ်တပ်ကြီးဒီ နားရှိပြီး ပြည်သူဒုက္ခရောက်တာတောင် ကူညီဖေါ်မရဟုဆိုမည်၊၊
သမ္မတကြီးအနေဖြင့် အကူးအပြောင်းကာလ Transitional Period တစ်ခုမှာ နှလုံးတု စက် လေးတတ်ခါ ပြုံးပြုံး ပြုံးပြုံးဖြင့် သူတတ်နိုင် သလောက် စွမ်းဆောင်နေ သည်၊၊ ထောက်ခံမှုများရှိနေခဲ့ သည် ဆိုလျှင်တောင် သမ္မတအနေဖြင့် အာဏာဆုပ်ကိုင်ထားရန် မည်သို့မျှဖြစ်နိုင်စရာအြေ ကာင်း မရှိပေ၊၊ မိတ်ဆွေများအလေးထားဖြစ်စေခြ င်သည့် ဒေါ်အောင်ဆန်းစုကြည်နေဖြင့် လ ည်း သမ္မတဖြစ်မှ မဟုတ် သူတတ်နိုင်သလောက် လုပ်ခြင်လုပ်သွားနိုင်သည်၊ ၊ (သမ္မတဖြစ်လာခဲ့လျင်တောင် စစ်တပ်မကြိုက်၍ NLD က လူအားလုံး စစ်ထဲဝင်ပြီး လက်ရှိတိုင်းပြည်ကာကွယ်ရေးကိစ္စများထမ်း ဆောင်မည်ဆို လျင်တောင် လက်ရှိစစ်သားများ ဝမ်းမြောက်ဝမ်းသာရှိမည်ထင်သ ည်၊၊ ၂၀၁၅ အတွက် အချိန်နည်းလွန်းသည် ဟိုလူသမ္မတဖြစ်ရေး၊ ဒီလူသမ္မတဖြစ်ရေးထက် ထက် မိမိလုပ်နိုင်သလောက် တိုင်းပြည်အတွက် လုပ်ကြစေခြင်သည်၊၊ ယခုခေတ်က သမ္မတဖြစ်လာလျင်လည်း တစ်တိုင်ပြည်လုံးယခင်ခေတ်ကလို NLD ထောက်ခံမည်ဟု မိုက်မဲစွာမမျှော်လင့်သင့်ဟုတော့ထင်သည်၊၊ ဆိုလိုသည်မှာ လွတ်တော်ထဲတွင် ကြိမ်းသေ အတိုက်အခံတွေရှိနေမည်၊၊ မိမိလုပ်ခြင်တိုင်းလုပ်မရနိုင်၊၊ တိုင်းပြည်ကောင်းစားရေး အတွက်လုပ်မည်ဆိုလျှင် သမ္မတမဖြစ်လည်း လုပ်နိုင် စရာတွေ အများကြီးရှိနေသည်ထင်သည်၊၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မိမိအနေဖြင့် သဘောတူနိုင်၍ ဆိုနေခြင်းမဟုတ် အခြားတဖက်မှ စဉ်းစားကြည့်ခြင်းမျှသာ၊၊
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည်နှင့်လက်ရှိမြန် မာနိုင်ငံရင်ဆိုင်နေရသည့် စီးပွားရေး၊ ပညာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ချက်ခြင်းပြေလည်သွားနိုင်မ ည်ဆိုပါက မိမိထိပ်ဆုံးက ထောက်ခံမဲပေးမည်၊၊ ၂၀၁၅ အတွက် နီးပြီ၊၊ အတိုက်အခံပါတီကြီးတစ်ခုအနေနှင့် ဘယ်လိုဝန်ကြီးအဖွဲ့တွေ က၊ဘယ်လိုစီးပွားရေး ပညာရေးမှုဝါဒတွေနှင့် တိုင်းပြည်အုပ်ချုပ်မည်ဆိုတာ ခုထိချမပြနိုင် သေး၊၊ အကဲဆတ်သည့် လက်ရှိသတ်ရှိုခံနေရသည့် လူမျိုးရေးပြဿနာများအတွက် တိုင်းပြည်လုံခြုံရေးစည်းများ ဘယ်လိုထားမည်ဆိုသည့်မှုများ မရှိသေး၊လူများလည်း မရှိသေး၊၊
သမ္မတဖြစ်ရေးတစ်ခုအတွက်လုံးပ န်းနေလွန်းသည်ဟုသာ မဝံ့မရဲမြင်နေမိသည်၊၊ ဘာပဲဖြစ်ဖြစ် လက်ရှိ သမ္မတကြီးအနေနှင့်တော့ ထည့်ထားသည့် နှလုံးတုစက်လေး မရပ်သရွေ့ ပြုံးပြုံး ပြုံးပြုံးဖြင့် သူလုပ်နိုင်သလောက် လုပ်သွားမည်ဟုထင်သည်၊၊ သမ္မတကြီးတစ်ယောက် မြည်းတစ်ကောင် ဆွဲလျက် ဆက်လျောက်နေသေးသည်၊၊
“ စစ်အစိုးရလက်ထက် ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွ
ဆင်ဆာရှိစဉ်ကာလက ဆင်ဆာ၊ ဆင်ဆာလွတ်တော့ ပရိတ်သတ်အကြိုက်ကြောင့်၊ ထုတ် လုပ်သူနှင့်ဈေးကွက်ကို လက်ညိုးထိုး၊ လမ်းဘေး ကူးခွေများကိုလက်ညိုးထိုး၊ ခေတ်မှီပစ္စည်း ကရိယာများကို လက်ညိုးထိုး နှင့် လက်ညိုးများမဆုံးနိုင်တော့
စစ်အာဏာရှင်စနစ်မှ U-Turn ကွေ့ခါ အရာရာ အစက ပြန်စနေရသော လက်ရှိအစိုး ရကြိုးပမ်း ဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနိုင်သည်
ဒေါ်အောင်ဆန်းစုကြည်၏ ပညာ၊ စေတနာကို မစောကြောလိုပါ၊၊ သို့သော် အမေစု အမေစုဟု တဖက်စောင်းနင်းဖြစ်နကြသူမျာ
အမြန်လမ်းမများတွင် မကြာခဏ ကားမတော်တဆမှုများဖြစ်လိုက
ဆိုလိုသည်မှာ လမ်းများ၏ ချို့ ရွင်းချက် ရှိကောင်းရှိနိုင်သည်၊ သို့သော် ကိစ္စရပ်တစ်ခု အပေါ် တွင်မျှတစွာ သုံးသတ်သည့်အလေ့အကျင့် ဖြစ်ထွန်းစေခြင်သည်၊၊
မြစ်ဆုံကိစ္စ သမ္မတကြီးမှ မိမိအစိုးရလက်ထက်တွင် ရပ်မည်ပြောတော့ ဒါနောက်တက် လာ သည့် အစိုးရကို ဒုက္ခရောက်အောင်လုပ်သည့် ဝှက်ဖဲဟုဆိုသည်၊၊ မြစ်ဆုံကိစ္စမရပ်လျှင်လည်း အပစ်တင်မဆုံးဖြစ်ကြမည်၊၊ရပ်
တောင်ငူမီးလောင်တော့ စစ်သားများ ကူညီငြိမ်းသတ်ကြသည်၊၊ ဒီလောက်စစ်သား အများကြီး ရှိနေတာ မီးလောင်တာ ကြိုသိလို့ဖြစ်ရမယ်ဟုဆိုသည်
သမ္မတကြီးအနေဖြင့် အကူးအပြောင်းကာလ Transitional Period တစ်ခုမှာ နှလုံးတု စက် လေးတတ်ခါ ပြုံးပြုံး ပြုံးပြုံးဖြင့် သူတတ်နိုင် သလောက် စွမ်းဆောင်နေ သည်၊၊ ထောက်ခံမှုများရှိနေခဲ့ သည်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည်နှင့်လက်ရှိမြန်
သမ္မတဖြစ်ရေးတစ်ခုအတွက်လုံးပ
www.mmdailystar.com