Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းလျှင် အရေးယူခံရမည်ဟု လ.ဝ.က ဝန်ကြီးဆို

$
0
0
ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် မရှိမှန်း သိလျက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းပါက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးတွင် မရှိသဖြင့် ယင်းလူမျိုးအတွက် သန်းခေါင် စာရင်းတွင် ဖြည့်သွင်းရန် အမှတ်အသား (Code) နံပါတ် သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“ရိုဟင်ဂျာလို့ ပြောလိုက်ရုံနဲ့ ၁၃၅ မျိုးထဲမှာ ပါတယ်လို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲလို ပြောလိုက်ရုံနဲ့ နိုင်ငံသားဖြစ်မှာ မဟုတ်ဘူး” ဟု ဦးခင်ရီက ပြောဆိုသည်။

နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံး အကြိမ်အဖြစ် လာမည့် မတ်လ ၃၀ ရက်နေ့တွင် စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများအပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်က အမိန့်ကြေညာချက် ထုတ်ပြန်ကာ တားမြစ်ခြင်း မရှိပါက သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟုသာ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ရိုဟင်ဂျာဟုဆိုသူ ဦးကျော်မင်းက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းဖြေဆိုခြင်း သို့မဟုတ် မှားယွင်း ဖြည့်သွင်းကြောင်း ပြစ်မှုထင်ရှားလျှင် တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေတွင် ဖော်ပြသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ အပြောင်းအလဲ ရှိနိုင်ပြီး လူမျိုးအမည် သတ်ပုံမှားယွင်းမှု၊ တိုင်းရင်းသားစာရင်း အတိုးအလျော့ ရှိလာနိုင်ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လက်ရှိ သတ်မှတ်ထားသည့် ၁၃၅ မျိုးအပေါ် အခြေခံကာ ကောက်ယူမည် ဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။
“သန်းခေါင်စာရင်း ကောက်ပြီးတဲ့အခါ သက်ဆိုင်ရာလူမျိုးစု ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ မျက်နှာစုံညီ ပွင့်ပွင့်လင်းလင်း ဖြေရှင်းရမယ့်ကိစ္စက ဒုတိယအဆင့် လုပ်ငန်းဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စရပ်များကို အမြတ်ထုတ်ရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

From:The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>