Quantcast
Viewing all articles
Browse latest Browse all 4837

ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေဟာ ဒီကနေ့မှာတော့ တပ်မတော်ရဲ့ လုံခြုံရေးကြောင့် ငြိမ်သက်နေပါပြီ


အမှတ်(၁)ရဲစခန်းနဲ့ မိတ္ထီလာခရိုင် အားကစားကွင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းနှစ်ခုက ဒုက္ခသည်တွေ ကို အခြေခံပညာရေးကျောင်းတွေကို ရွှေ့ပြောင်းနေရာချထားပေးဖို့ရှိတယ်လို့ မိတ္ထီလာမြို့ နယ် ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ညနေက မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၅၃ ဦးထဲက ၄၉ဦးကို ဒီကနေ့ မနက်မှာ ခံဝန်ချုပ်တွေ နဲ့ ပြန်လွှတ်ပေးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူ ထားတယ်လို့ အဲဒီရဲအရာရှိက ဆက်လက် ပြောပါတယ်။

ဒီကနေ့မှာတော့ မိတ္ထီလာဆေးရုံကြီးကို ထပ်မံရောက်ရှိလာတဲ့ လူနာမရှိပဲ၊ ဆေးရုံတက်ရောက် ကုသနေရ တဲ့ လူနာတွေ ရဲ့ ကျန်းမာရေးအခြေအနေဟာလည်း စိုးရိမ်စရာမရှိကြောင်း မိတ္ထီလာဆေးရုံကြီး က တာဝန် ရှိသူတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“အခြေအနေကတော့ ကောင်းပါတယ်၊ ကျနော်တို့ မန္တလေးတိုင်း တိုင်းဦးစီးမှူးရဲ့ ညွှန်ကြားချက်နဲ့အတူ ဆရာ ဝန်ကြီးတွေ ၇ ယောက်လောက်ရောက်လာတယ်၊ ရောဂါဗေဒဆရာဝန်ကြီးတွေပေါ့နော်၊ကလေးအ ထူး ကု တို့၊ သမားတော်တို့၊ အရိုးအထူးကုတို့၊ ခွဲစိတ်အထူးကုတို့ နောက်ပြီး စိတ်ကျန်းမာရေး ဆရာ ဝန်တို့ ရောက်လာတယ်၊ အရေးပေါ်လူနာတော့ သိပ်မရှိပါဘူး၊ ခေါင်းမူးတာ တို့၊ သွေးတိုးတာတို့ အရင်ရောဂါအခံတွေရယ် နေပူတာရယ် အဲဒါလေးကို ကျနော်တို့က ထိန်းချုပ်ပြီးတော့ ကုနေရတာ၊ ကျန်တာက ထိခိုက်ဒဏ်ရာမရှိပါဘူး”ဒီကနေ့မှာတော့ မိတ္ထီလာမြို့မှာ မီးလောင်ကျွမ်းမှုမရှိတော့ပဲ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ အသင့်အနေအထားနဲ့ မနေ့ကအပျက်အစီးတွေကို ရှင်းလင်းနေရတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နဲ့ အခြားမြို့နယ်သုံးခုမှာ ရန်ကုန်ကရောက်ရှိလာတဲ့ တပ်သား ၂၅၀၀ ခန့်က လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>