ဒီနေ့ အိမ်မှာထမင်းစားနေတုန်း ဘယ်က ဖွင့်ထားတဲ့အသံမှန်း မသိပါဘူး မိန့်ခွန်း လိုလို၊ စာတမးဖတ်တာလိုလို၊ စည်းရုံး ရေးဆင်းနေတာလိုလို နဲ့ အမျိုးသမီးတစ် ယောက်အသံနဲ့ တစ်စွန်းတစ်စ ကြားရ တာပါ
"ကျွန်မတို့ အနေနဲ့ အစဉ်တစိုက်လုပ် သွားရမယ် ဒါမှ ကျွန်မတို့ လွတ်လပ်မယ် အာဏာရှင် စနစ်ဆိုးကနေ ရုန်းထွက် လွတ်မြောက်မယ် ................"
တွေးကြည့်မိတယ်ဗျာ ကျွန်တော်တို့ တကယ်ပဲ အာဏာရှင်ဆိုးအောက်မှာ ရှိနေဆဲပဲလား၊ စနစ်ဆိုးအောက်မှာ ပိတ်မိနေတုန်းပဲလား ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလ အရပ်သားအစိုးရ ( သူ့ဟာသူ ဘယ်ဘဝကလာလာ ဒီမိုကရေစီ စနစ်ကို ဦးတည်သွားနေသူ များသာဖြစ် ) တက်လာခဲ့တာ အစိုးရသက်တမ်းတစ်ခုတောင်ပြီးဆုံး တော့မယ် ခုထိ ဒီစကားမျိုးတွေကြား နေရတုန်းပဲဗျာ ။
ပထမအချက်။ ။ ပြည်သူကို စည်းရုံးချင်တာလား ???
ဘယ်တုန်းက ဘယ်လိုလုပ်ခဲ့တာ ဘယ် သူကဖြင့် ဘယ်လိုဆိုးခဲ့တာ စနစ်က တော့ဘယ်လောက်ဖိနှိပ်ခဲ့တာ ဘယ်လိုကိုယ်ကျိုးရှာခဲ့တာ ဒါတွေကိုပဲ ထပ်တလဲလဲ ချီးခြောက်ရေနှူးပြီး နံကြောင်းသက်သေပြမှ ပြည်သူရဲ့ယုံ ကြည်မှုကိုရမှာလား။ ဒါကိုလူတိုင်းကြုံခဲ့ ရတယ်ဖြတ်သန်းခဲ့ရတယ် လူတိုင်းသိ တယ်လူတိုင်းနားလည်တယ် ခင်ဗျားတို့ သိတယ်ဆိုတာထက် တချို့ပြည်သူတွေ ကခါးခါးသီးသီးကိုသိတယ် ရာနှုန်းပြည့် နီးပါးမကြိုက်ခဲ့ကြဘူး ဒါကြောင်းကြိုးစား ခဲ့ကြတယ် ခင်ဗျားတို့ ထောက်ပြလို့ လို့ တော့ထင်မနေနဲ့ ကိုယ်စီခါးသီးလွန်းလို့ ပြောင်းဖို့ဝိုင်းပီး ကြိုးစားခဲ့ကြတယ် ပြောင်းလဲ ပြောင်းနေတယ် ပြောင်းလဲ ပြောင်းခဲ့တယ် ဒါလည်းနောက်ဆုံးတော့ ဒီစကားနဲ့ပြန်ပတ်နေတယ်
ပြောပါလားဗျာ ကျုပ်တို့ကဘယ်လိုလုပ် ပေးမယ် ဘယ်လိုကျင့်သုံးမယ် ပြည်သူ့ အကျိုးပြုအတွက် နိုင်ငံရေး လူမှုရေး စီး ပွားရေးတွေမှာ ဘယ်လိုကြိုးစားပေးမယ် တိုးတက်ဖို့လမ်းကို ပြည်သူနဲ့လက်တွဲပီး သွားချင်တယ် အရင်ကိစ္စတွေကို သင်ခန်းစာယူပီး ကမ္ဘာနဲ့ ရင်ဘောင် တန်းအောင် ဘယ်လိုလုပ်မယ် နိုင်ငံတော်ရဲ့ ဘယ်လိုအခန်းကဏ္ဍတွေ မှာ ဘယ်လောက်အတိုင်းအတာထိ ရည်မှန်းချက်ထားပြီး တိုးတက်အောင် မြင်အောင် အကောင်အထည်ဖော်မယ် စသည် စသည် ဖြင့်ပေါ့ဗျာ။
ဒုတိယအချက်။ ။ မေ့သွားမှာ စိုးရိမ်နေ တာလား???
ကြားလိုက်ရတဲ့ မိန့်ခွန်းတွေ ဆွေးနွေးမှု တွေ ရေးသားချက်တွေမှာ တစ်ခါလာ လည်းဒါပဲ တစ်ခါလာလည်း ဒါပဲ ကောက်ကျစ်ခဲ့တယ် ဆိုးခဲ့တယ် ဖိနှိပ်ခဲ့တယ် ညစ်ပါတ်ခဲ့တယ် ယုတ်မာခဲ့တယ် အနိုင်ကျင့်ခဲ့တယ် စုံရောပဲ ဒီအခြေအနေပေါ်မှာပဲ ဟာသလို လို နင်းတာလိုလို လှောင်တာလိုလိုနဲ့ ရိတိတိပြောပီး စင်ပေါ်တက် လက်ခုပ် လက်ဝါးသံကို နားထောင်ရင်းကျေနပ်နေ ကြတာလောက်နဲ့ တော့ခင်ဗျားတို့က လူရွှင်တော်လောက်ပဲရှိတယ် ဒါမျိုးတွေပဲ တွေ့ရတာများနေပြီ ဒါတွေကို မေ့ပစ်ဖို့ ပြောနေတာမဟုတ်ဘူး ရဆယ် မမေ့နဲ့ မေ့လည်း မမေ့သင့်ဘူး မေ့လို့လည်းမရ ဘူး ဘာဖြစ်လို့လည်း?
နောင်ဘယ်သောအခါမှ ဒါမျိုးမဖြစ်ရလေ အောင်လို့ပဲ၊ သင်ခန်းစာယူရမယ် ထိန်းညှိရမယ် လက်တွဲညီရမယ် ခြေလှမ်းညီရမယ် ပြိုင်တူအားစိုက်ရမယ် အဲ့ဒါတွေ လုပ်နိုင်ဘို့အတွက် အဲ့ဒီဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို တွန်းအား တွေအဖြစ် တစ်သက်လုံး ဘယ်တော့မှမမေ့ဘဲနဲ့ သတိတယမှတ်မိ အသုံးချနေရမယ်။
တတိယအချက် ။ ။ ဘာပြောရမှန်းမသိ တာလား???
တစ်ခါလာလည်း စင်ထိုး အလံထောင် ဆိုင်းဘုတ်ဆွဲ စာရွက်ဝေ အာဏာရှင် ဆိုး စနစ်ဆိုး လုပ်မနေနဲ့ ရိုးနေဘီ ခါးသီး တာတွေလွန်သွားပြီမှတ်တာ ပြည်သူကို နားခါးအောင် နားမုဒိမ်း ကျင့်နေကြတုန်း ပဲ။ ပြည်သူလူထု လိုချင်တာ ဒါတွေမဟုတ် ဘူးဗျ အတိုက်အခံဆိုတဲ့ ခင်ဗျားတို့ အပေါ်ထားထားတဲ့ မျှော်လင့်ချက်ရောင် ခြည်လေးတွေက အလင်းရောင်ပေးလာ မယ့် သူတို့ ကိုယ်စီကိုယ်စီ ဘဝတွေရဲ့ ရွှေရောင် အနာဂါတ်တွေ ရွှေရောင်မျှော် လင့်ချက်တွေကို လိုချင်ကြတာ။
စတုတ္ထ အချက် ။ ။ လုပ်ဆောင်ပေးဖို့အစီအစဉ်တွေရှိနေပြီလား???
မျှော်လင့်ပါတယ် အရမ်းကိုမျှော်လင့်ထား တယ် ဒါပေမယ့်ဗျာ လုပ်သမျှ ပြောသမျှ လုပ်ပေါက် ပြောပေါက်တွေက ပြည်သူ တွေကို အိပ်မက်ဆိုးတွေ ထဲမှာပဲ တဝဲ လည်လည်ဖြစ်စေပီး နင်းချေသလို ဖြစ်ဖြစ်နေတယ်။ အားကိုးပီး အနာဂါတ် ကိုသွားပါမယ်ဆိုမှ အတိတ်ကိုပဲ စားမြုံ့ ပြန်ပီး လက်ခုပ်သံကိုပဲ ပင်လယ်ထင်နေ တယ်။ လက်ခုပ်တီးပီး အားပေးတယ်ဆို တာ ရှေ့ဆက်ပြီးတော့များ သူတို့တွေရဲ့ အနာဂါတ်တွေ အတွက်မျှော်လင့်စရာ စကားရပ်တွေများပြောလာကြမလားလို့ အားပါးတရဝမ်းပမ်းတသာ ကြိုဆိုနေကြ တဲ့လက္ခဏာတွေ ဆိုတာ သဘောပေါက် ကြဘို့ကောင်းပြီဗျာ ။
ကျွန်တော့်အနေနဲ့ ပြောရရင်-
- အာဏာရှင်ဆိုးစနစ်ဆိုး မရှိခဲ့ဘူးမ ဟုတ်ဘူးရှိခဲ့တယ်
- ခု ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်း ဘက်ကိုသွားနေတယ် ကြိုးစားနေတယ်
- ကျွန်တော်တို့ ခင်ဗျားတို့ကလည်း ဒါကိုတက်ညီ လက်ညီဝိုင်းဝန်းရမယ်
- တစ်ခါလာလည်း အဏာရှင် တစ်ခါ လာလည်း စနစ်ဆိုး အဲ့ဒါကိုပျောက် အောင်လည်းကြိုးစားနေကြတယ်
- မပျောက်သေးတာက ခင်ဗျားတို့ရဲ့ အတွေးအခေါ်တွေ ဦးနှောက်တွေထဲမှာပဲ အဲဒီ အတွေးအခေါ်တွေရှိနေသေးတာပဲ ဒါကြောင့်မို့ လို့ အဲဒီလိုပြောနေ ဟောနေ တဲ့သူတွေရဲ့ ခပ်ညံ့ညံ့ ခပ်ပေါပေါ အတွေးအခေါ်တွေ ဦးနှောက်တွေကပဲ အာဏာရှင်တွေ စနစ်ဆိုးတွေဖြစ်နေတာ ပဲ
- အဲဒီနုံချာတဲ့ အတွေးအခေါ်တွေနေရာ ကို အနာဂါတ်မှာ ပြည်သူတွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆိုတဲ့ အတွေးအ ခေါ်ကောင်းတွေနဲ့ အစားထိုးပီး နှိမ်နင်း ပစ်လိုက် အားလုံးရှင်ူပြီးသားပဲ
- ဂျာအေး သူ့အမေရိုက်မနေကြပါနဲ့တော့ ( ခေတ် စကားနဲ့ ပြောရရင် ဂျာအေး တိုင်ပါတ်က မနေနဲ့တော့ ) ဗျာ
- လိုအပ်ရင်ပြော BRAIN WASH လုပ်ပေးမယ်
လေးစားလျက်
www.mmdailystar.com