
ပြဿနာတွေက ဖြေရှင်း ပြီးသားလို့ ကျွန်တော်တို့ သိထားတာ။ မိသားစုပြဿနာပါ ဟု NLD ရုံးချုပ် ပြန် လည်ဆောက်လုပ်ရေး ကော်မတီမှ ဦးအောင်ထိုက်က ပြောသည်။ အဆိုပါ မြေကွက်ကို ဒေါ်ခင်နုမှ NLD ပါတီသို့ အပြီး အပြတ် လှူဒန်း ထားကြောင်း NLD ဘက်မှ ပြောဆိုမှု အတွက် ၎င်း တို့ဘက် မှ ကန့်ကွက်ရ ကြောင်း ကန့်ကွက်သူ ဦးကျော် ၀င်းထွန်း က ဖေဖော် ၀ါရီလ (၁၂) ရက်နေ့ ထုတ် မြန်မာ့ အလင်း သတင်း စာ တွင် ကြေညာ ထားသည်။ ဦးကျော်ဝင်းထွန်းသည် မြေကွက် လှူဒါန်းသူ ဒေါ်ခင်နု၏ အမျိုးသား ဦးထွန်း ကြိုင်၏ ပထမ အိမ်ထောင်မှ ထွန်းကားသော သားတစ်ဦးဖြစ်ကြောင်းလည်း ကြေညာချက် တွင် ထည့်သွင်း ဖော်ပြ ထား သည်။
အဆိုပါ မြေ သည် ဦးထွန်းကြိုင် သက်ရှိ ထင်ရှားရှိနေစဉ်ကပင် အမှတ် (၉၇) (B) အဆောက် အအုံ နှင့် မြေတို့ကို တရားဝင် အ မည်ပေါက် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ရောင်းချ လှူဒါန်းရန်လည်း ဆောင် ရွက် ခွင့် မရှိ ကြောင်း၊ မှတ်ပုံတင် အရောင်း အ၀ယ် စာချုပ် ဖြင့် ၀ယ်ယူ မှသာ တရားဝင် ပိုင်ရှင် ဖြစ်မည် ဖြစ် ကြောင်း နှင့် ကန့်ကွက်သူ ဦးကျော်ဝင်း ထွန်းက အမည်ပေါက် ပိုင်ရှင် များထံက ကိုယ် စားလှယ် လွှဲစာ ယူ၍ အဆောက်အအုံဖြစ်လာ ရန် ငွေကြေးစိုက်ထုတ် အကုန်အကျခံ ဆောက် လုပ်ခဲ့ သည့် အပေါ် လက်ရှိ အသုံးပြု နေ သူ များ အနေဖြင့် သိဟန် မတူဘဲ ဒေါ်ခင်နု ဆောက် လုပ်ထား သော အဆောက်အအုံဟုထင်မှတ် မှား နေ ကြောင်း လည်း နိုင်ငံပိုင်သတင်းစာပါ ရှင်းလင်းချက်တွင်ရေးသားဖော်ပြထားသည်။
NLD ပါတီရုံးစိုက်ရာ နေရာ သည် ပါတီ စတင် ထူထောင် ကတည်း က စတင် အခြေချ သော နေရာ ဖြစ်ပြီး မြေကွက်နှင့် အဆောက် အဦးကို ဒေါ်ခင်နု တို့မှ လှူဒါန်း ထားခြင်း ဖြစ် ကာ ယခုအခါ ရုံးသစ် ဆောက် လုပ် ရေး အ တွက် ပြည်သူလူထုထံမှ အလှူခံ နေချိန် လည်း ဖြစ်သည်။ CEC ရဲ့ ဆုံးဖြတ် ချက် နဲ့ ရုံးသစ် ဆောက် ဖို့ လုပ်တာဆိုတော့ အခုဖြစ်တဲ့ကိစ္စ လည်း CEC ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ် မှာပါ။ ကျန်တာတော့ ဘာမှမသိသေးဘူး”” ဟု NLD ဗဟိုပြန်ကြားရေးမှ ဦးထင်လင်းဦး က ပြောသည်။
www.mmdailystar.com