
ဆန္ဒပြရာတွင် နိုင်ငံတကာက ပြည်တွင်း အရေးကို ဝင်မစွက်ဖက်ရန်အပြင် ၁၉၈၂ နိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ White Card ကိုင်ဆောင် သူများကို မဲပေးခွင့် မပြုရန်၊ NGO၊ INGO များမှ အကူအညီပေးရာတွင် မျှမျှတတ အကူအညီပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေး၍ လုံခြုံရေးပေးရန် အချက်များကို တောင်းဆိုခဲ့ကြောင်း ၎င်းကဆိုသည်။
“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး ဆိုတာကို နိုင်ငံတကာ ရိုဟင်ဂျာရှိအောင် လုပ်နေတယ်။ မြန်မာနိုင်ငံမှာ တရားဝင် ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်သလို ဖြစ်နေတယ်” ဟု ဦးခင်ဇော်ဝင်းက ပြောဆိုသည်။
တစ်နာရီကျော်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည့် ယင်းဆန္ဒပြပွဲတွင် မြို့ခံ ဒေသခံ ၂၁၀၀ ခန့်နှင့် သံဃာတော် ၁၈၀ ကျော် ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများသည် အကူအညီ ပေးရာတွင် ဘင်္ဂါလီများကို တစ်ဖက်သတ် ကူညီခြင်း၊ ရခိုင်တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ ပဋိပက္ခများတွင် သတင်းမှားများကို ထုတ်ပြန်သဖြင့် ယင်းသို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများတွင် တရားမျှတမှုရှိ မရှိ အပေါ်မှုတည်ကာ ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သဖြင့် အဆိုပါ အဖွဲ့အစည်းများ အနေနှင့် ပြည်သူလူထု သဘောထားကို လေးစားလိုက်ရန်နာ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစိုးရအနေနဲ့ ကြားဝင် ဖြေရှင်းပေးလို့ မရဘူး။ ဒါက ပြည်သူ့သဘောထား ဖြစ်နေလို့ပါ” ဟု ၎င်းကဆိုသည်။
စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးမြို့ များတွင်လည်း အလားတူ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
www.mmdailystar.com