Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သန်း၆၀သောမြေဇာပင်တွေကိုသနားပါ

$
0
0
ဘယ်မှာလဲဟဲ့ပတ်မကြီး


ဂျာနယ်မှာ ဒီသတင်းကို ကျတော်ဖတ်မိတာ မနေ့ကတည်းပါ...
မရေးဘူးလို့စဉ်းစားထားမိပေမဲ့ ရေးလိုက်ပါတော့မယ်.....

ကျတော်တို့နိုင်ငံမှာ ၂၀၁၄နောင်းပိုင်းနဲ့ ၂၀၁၅နှစ်အစပိုင်းတို့ဟာ အထူးတလည်စောင့်ကြည့်ရမဲ့ အချိန်အခါဖြစ်ပါတယ်.....
အဲ့ကာလတွေမှာ ဒေါ်စုအနေနဲ့ အကြံကုန်ဂဠုန်ဆားချက် လုပ်မဲ့ပုံရှိပါတယ်....

Constitution မပြင်ရင် ရွေးကောက်ပွဲ သပိတ်မှောက်မယ်လို့ သူပြောလိုက်ချင်းဟာ....

၁။ သူ့ကိုယ်သူယုံကြည်မှုလွန်ကဲနေတယ်

၂။ သူဟာ လူထုကို ၈၈ ကလို အသုံးချပြီး နိုင်ငံကမောက်ကမ ဖြစ်အောင်လုပ်လာနိုင်တယ်

၃။ သူမှာတိကျရေရာတဲ့ Constitution ကိုပြင်မဲ့မူမရှိသေးဘူး ဒါကြောင့်လည်း သူ့စည်းရုံးရေးသာဆင်းနေတာ ခြေဥမှာဘာကိုပြင်ချင်တာလည်းဆိုတာကို ပြည်သူကို မချပြရသေးဘူး

၎။ အကယ်၍ အစိုးရက ၄ပွင့်ဆိုင်တွေ့ဆုံမှု အပြင် သူလိုချင်တဲ့ Constitutuion မူကိုမလုပ်ပေးရင် သူပိုင်တဲ့ USနဲ့အနောက်အုပ်စုတွေကို တဖန် ပိတ်ဆို့မှုတွေလုပ်ဖို့တိုက်တွန်းနိုင်တယ်

၅။ ၅၉ စ လုံးဟာ သူ့ကိုဦးတည်ရေးဆွဲထားတာ မဟုတ်သလို နိုင်ငံရဲ့ရေရှည် အကျိုးစီးပွား အတွက်ရေးထားတာကို သူသိရဲ့သားနဲ့ ကိုယ့်အာဏာ တစ်ခုတည်းအတွက်သူ ဂရုမစိုက်ဘူး

၆။ နောက်NLDမှာ Capacity Building မလုပ်နိုင်သေးပါဘူး
ဒေါ်စန္ဒာမင်းလိုအလုပ် လုပ်နေတဲ့သူတွေကိုတော့မြင်တယ်
ဒါပေမဲ့ အသက်၇၀နီးပါး ပါတီဥက္ကဌဟာ သူ့နေရာ ဆက်ခံနိုင်မဲ့ အရည်အချင်းရှိသူကိုအခုထိ မရွေးချယ်ရသေးသလို.....
NLDမှာ ဒေါ်စု လိုအရည်အချင်းရှိသူကိုမတွေ့မိသေးဘူး.....

၇။ ဒေါ်စုမှာ ၂၀၁၅ရွေးကောက်ပွဲအတွက် Plan B မရှိသေးဘူး
၅၉ စ လုံးအရ သူသမ္မတမဖြစ်နိုင်တာသေချာတယ်
ဒါပေမဲ့ ၂၀၁၅မှာ မဲဆန္ဒနယ် အများစုကို NLDအနိုင်ရခဲ့ရင် NLDအမတ်တွေဟာ အစိုးရဖွဲ့မယ်..... ဒေါ်စုသမ္မတ လုပ်ခွင့်မရှိရင် သမ္မတလုပ်မဲ့သူ နောက်တစ်ယောက် အဲ့အတွက် ဒေါ်စု မပြင်ရသေးဘူး
ဒါကိုကြည့်ချင်းအားဖြင့် ဒေါ်စုဟာ သူ့ပါတီဝင်တွေကြားမှာတောင်သူ့အတ္တကိုရှေ့တန်းတင်ပါတယ်

၈။ သူ့စကား တခွန်းကြောင့် အခု ပြည်သူတော်တော်များများဟာ ၈၈ကလိုပြန်ဖြစ်မှာကို အရမ်းစိုးရိမ်နေတယ်
ပြည်သူအားလုံးနီးပါးဟာ နိုင်ငံရေးတည်ငြိမ်တာကိုလိုလားပါတယ်...
အရေး အခင်းဖြစ်မှာ ပွဲဆူမှာကို မလိုလားပါဘူး
ပြည်သူလူထုခေါင်းဆောင်လို့ ခံယူထားသူ ဒေါ်စုအနေနဲ့ကိုယ့် အတ္တကိုရှေ့တန်းတင်တာ မကောင်းပါဘူး ပြည်သူမျက်နှာထောက်ထားသင့်ပါတယ်။

-----------------------------------

ကျတော်တို့နိုင်ငံဟာ လက်နှစ်ဖက်ကြားရောက်နေပါတယ်…………

တစ်ဖတ်က လက်ရှိအစိုးရနဲ့ အတိုက်အခံပါတီကြားပါ

နှစ်ဖတ်လုံးဟာ နိုင်ငံကိုတိုးတက်စေချင်တဲ့စေတနာရှိပါတယ်.......

တစ်ဖတ်နဲ့တစ်ဖတ် မတူတာတွေဘေးဖယ်ပြီး တူတာတွေရွေးလုပ်မယ်ဆို တော်တော်ခရီးပေါက်မှာပါ.....

လက်ခုပ်ဟာ နှစ်ဖတ်တီးမှာအသံမြည်မှာ ဖြစ်သလို အစိုးရနဲ့ အတိုက်အခံကြား Check&Balance ရှိမှ လိုရာပန်းတိုင်ကို ရောက်မှာပါ.........

၁၈ကြိမ်လောက် Back Fireနဲ့အသားကျနေတဲ့ ထိုင်းလိုနိုင်ငံမျိုးတောင်နောက်ဆုံး အတိုက်အခံတွေ အစိုးရကို ဆန္ဒပြပွဲမှာ လူတွေသေတယ် ထိခိုက်ဒဏ်ရာတွေရတယ် စီးပွားရေးတွေ ထိုးကျတယ်.......

Back Fireနဲ့ ခဏ ခဏ အသားမကျတဲ့ နိုင်ငံမှာ (မြန်မာ) ၈၈ကလို ပြန်သာဖြစ်ရင်တော့.......

ကျတော်တို့နိုင်ငံနောက်ထက် အနှစ်၄၀လောက် စုံးစုံးမြုပ်သွားနိုင်ပါတယ
၈၈ထက်လူတွေသေတဲ့အရည်အတွက်မလျော့နိုင်ပါဘူး
ပျက်ဆီး ဆုံးရှုံးမှုတွေ ၈၈လိုဖြစ်လာနိုင်သလို.....
ကြားကနေ ငထွားခါးနာမဲ့ စစ်တပ်ဟာ ပြည်သူနဲ့ပိုပြီး ဝေးကွာသွားနိုင်ပါတယ်.......

အမှန်ဆို ဒေါ်စုလုပ်သင့်တာဟာ သူပြောပြောနေတဲ့ "အမျိုးသားရင်ကြားစေ့ရေး"ပါ
ဒါပေမဲ့ သူလုပ်နေတာတွေက သူပြောခဲ့တာတွေနဲ့ ကွဲနေပါတယ်......

ကျတော်တို့ပြည်သူတွေက ဘယ်အစိုးရပဲတက်တက် အေးအေးချမ်းချမ်းနဲ့နေချင်ပါတယ်။
အစိုးတစ်ခုတက်ဖို့အရေး သွေးထွက်သံယို ဆူဆူပူပူနဲ့ဖြစ်နေရင် ကြားထဲက မြေဇာပင်တွေလည်း အထောင်းခံနေရပါတယ်.....

ဒေါ်စုကို ပြောချင်တာကို ကိုယ့်အတ္တနဲ့ ပြည်သူကို ယှဉ်ထိုးကြည့်ပါ.....

သန်း၆၀သော မြေဇာပင်တွေကိုသနားပါ

From:Original

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>