စစ်ဖိနပ်အောက် နောက်တခါ အရောက်မခံနိုင်ဘူး.....
စစ်ဆော် နံချင်သေးလားဆိုတဲ့  ၈၈ ခေါင်းဆောင်ကိုမင်းကိုနိုင်ပြောတဲ့  စကားကို ကြားမိတော့ 
ဝတ်လျှက်သား ရေစိုနေတဲ့  စစ်ဖိနပ်ကို ကြည့်မိတယ်........။
ဟုတ်ပါရဲ့ ။ပေါက်ပြဲနေတဲ့  စစ်ဖိနပ်က ၆ လတကြိမ် မလဲပေးသေးတော့  ရွဲစောင်းနေယုံကလွဲရင် အိမ်ရှင်မ ဖားထေးပေးထားတဲ့  ချုပ်ရိုးအတိုင်းသား၊ပါးလုလု ခုံအောက်ခံလေးက ခပ်စောင်းစောင်း။ဝတ်လာတာ နှစ် (၃၀)ပြည့်တော့ မှာဆိုတော့  ကျနော်လည်းတကယ်ဆို စစ်ဆော်နံသင့်ပြီ။
ဘုရားစူး အခုမိတ္ထီလာလို မီးလောင်ကြောင်လက်ခမောင်းခက်ဆိုသလို ၈၈ မှာ ခိုးမူ့တွေပွေလီနေတာ ကျနော်မပြောဘူး............
ဘုရားစူး ကိုဘုန်းမော်က လက်ဖက်ရည်မှာ စကားများတာကနေ သူရဲကောင်းဖြစ်တာ ကျနော် မပြောဘူး............
ဘုရားစူး ဘယ်ပိုက်ဆံ ဘယ်ဝင်ငွေတွေနဲ့  ထိုင်စားနေလဲဆိုတာ ကျနော် မပြောဘူး...................
ဘုရားစူး ၈၈ တုန်းက သတင်းပေးဟုတ်တယ်ဆိုရင် ခေါင်းတွေဖြတ်တာ ကျနော်မပြောဘူး.......
ဘုရားစူး ၈၈ တုန်းက ကျောင်းသားငယ်ငယ်လေးတွေ လက်တီးလက်မောင်းတန်းခဲ့ တာက နိုင်ငံရေး နားလည်လို့ လားလို့  ကျနော်မပြောဘူး.......
ဘုရားစူး ၈၈ တုန်းက ပေကြောင်ပေကြောင် ဆန္ဒပြပြီး ထောင်ထွက်လာကာမှ သူရဲကောင်းဖြစ်နေတာ ကျနော်မပြောဘူး..........
ဘုရားစူး နိုင်ငံရပ်ခြားမှာ အင်္ဂလိပ်စာ ဖတ်တာ အထာမကျတာ ကျနော်မပြောဘူး....................
တချို့က ၀တ်ချင်လို့  ၀တ်တာ။
တချို့ က ငယ်ငယ်ကတည်းက အိမ်မက် မက်ခဲ့ ကျတာ။
တချို့က ဒီစစ်ဖိနပ်စီးခွင့်ရဖို့ က မျှော်လင့်ချက်တွေထားပြီး ကြိုးစားခဲ့ ကြတာ.....။
နှစ်(၂၀) ထောင်ကျတာ ကို လွမ်းတယ်ပြောရင်လုပ်သက် (၃၀) စစ်ဖိနပ်စီးပြီး သက်(၆၀)ပင်စင်ယူပြီး နားသွားတဲ့  စစ်မူ့ထမ်းတွေ ရီလိမ့်မယ် ကိုမင်းကိုနိုင်။
လော်စပီကာတလုံးနဲ့ -)မိုက်ကိုင်ပြီး ငြိမ်းချမ်းရေး စကားပြောတိုင်း လူသတ် မီးရှို့ ပစ္စည်းခိုး တာတွေပျောက် မသွားဘူး......... -)လူမျိုးရေး မုန်းတီး အစွန်းရောက် ၀ါဒတွေ ပျောက်မသွားဘူး.............
ရန်ဖြစ်နေတဲ့  ကလေး နှစ်ယောက်ကို ရန်မဖြစ်ရဘူး လိမ်လိမ်မာမာနေဆို ရင် ကျနော်လက်ခံ တယ်.....။ ရန်ဖြစ်ရင် မုန့် မကျွေးတော့ ဘူး ဆိုတဲ့  အကြောက်တရားပြ အုပ်ချုပ်နေတဲ့  ပုံက
သူဖာသာ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေပြီး တီဗွီဖန်သားပြင်ပေါ်က ပျောက်ကွယ်သားတဲ့  တပ်မတော် တစ်ခုလုံးကို ခေါင်းဆောင်ဆိုတဲ့  နာမည် နဲ့  မတန်စွာ ဝေဖန်စောင်းပြောလွန်းတယ်.....
ဟုတ်ပါရဲ့...ခင်ဗျား တို့  မြို့ကြီးပြာကြီးတွေ မီးလာဖို့  ဒီ စစ်ဆော်နံနေတဲ့  စစ်ဖိနပ်စီး စစ်သားတွေ ကာကွယ်ပေးနေရတာ........
ခင်ဗျားတို့  ပြောတဲ့  နိုင်ငံရေးစကားဝိုင်းပေါ်က ငြိမ်းချမ်းရေးဆိုတဲ့  ဝေါဟာရတခုကို ဒီစစ်ဆော်နံနေတဲ့  စစ်ဖိနပ်စီး စစ်သားတွေက ပိုတောင်းတတာ..................
ခင်ဗျားတို့  စီးစီးနေတဲ့  မီးရထားလမ်းပိုင်းတွေ မိုင်းခွဲမခံရအောင် အမြဲတမ်း နေ့ကင်း ညကင်း စောင့်ပေးနေ တဲ့  ဒီစစ်ဆော်နံ နေတဲ့ စစ်ဖိနပ်စီး စစ်သားတွေ ပို နားနားနေနေ နေချင်တာ....
ခင်ဗျားတို့  ပြောတဲ့  တရားဥပဒေ စိုးမိုးရေး ဆိုတာတွေ၊ငြိမ်ဝပ်ပိပြားရေးဆိုတာ တွေ က မီး ခိုးကြွက်လျှောက် ထတိုင်း လူဆိုးထိန်းလိုလို အမုန်း ခံရောက်ရောက်လာနေရတဲ့  ဒီစစ်ဆော်နံနေတဲ့  စစ်ဖိနပ်စီး စစ်သားတွေ က ခင်ဗျားတို့  လို့ ဟိုစပ် စပ်ဒီစပ်စပ် မပါပဲ အေးအေးဆေးဆေးပိုနေချင်တာ........
အုပ်ချုပ်ရေး ပိုင်းမှာ စစ်တက္ကသိုလ်ကျောင်းဆင်းတွေကပဲအုပ်ချုပ်တက်လား ဆိုတဲ့  ငါးစိမ်းသည် မ ရန်ဖြစ်သလို ခေါင်းဆောင်တန်မဲ့  တာဝန်ယူမူ့ကင်းမဲ့ စွာပြောတာ......
ခင်ဗျာ နိုင်ငံရေးမှာပဲ နုတ်သီးကောင်း လျှာပါးလုပ်လို့ ရမယ်....
အပြင်မှာလာမလုပ်နဲ့ ရုပ်ကို က ဆွာရက် ပင်နယ်တီ စည်းမှာ ပင်နယ်တီတောင်းသလို မျက်နှာနဲ့ .....
ခင်ဗျားကိုမကြည့်ချင်လို့ 
လီဗာပူလ်းပွဲဆို ပွဲကောင်းဖြစ်ရင်တောင် မကြည့်ချင်တော့ ဘူး....
ရှင်းလား မရှင်းရင် ဘောလုံးပွဲကြည့်...
နိုင်ငံရေး ကြိုက်သလောက်လုပ်...
စစ်တပ်လာ ဆွဲဆွဲမထည့်နဲ့ ။
www.mmdailystar.com