Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

White Card ကိုင်သူတွေကို မဲပေးခွင့်မပြုဖို့ ဆန္ဒပြ

$
0
0
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ ထောင်နဲ့ ချီတဲ့ ဒေသခံတွေက ဒီနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီလို မဲပေးခွင့်မပြုဖို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ UN အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ဒေသ တွင်းကနေ ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေကို လည်း တောင်းဆိုကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့ ရခိုင်လူမှုကွန်ရက်က ကိုထွန်းထွန်းက RFA ကို ပြောပါတယ်။

“၁၉၈၂ ဥပဒေကို ကျနော်တို့ တောင်းဆိုတာက ကြာပြီ ဘာမှအကောင်အထည် မဖော်ပေးသေး ဘူး၊ ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေကို လွှတ်တော် ကနေ အမြန်ဆုံး အကောင်အထည်ဖော်ပေး ဖို့၊ နောက် white card နဲ့ အရွေးခံတာတွေရှိတယ်၊ နိုင်ငံသားမှ မဲပေးခွင့်ရရမှာ အခုဟာက နိုင်ငံသား မဟုတ်တဲ့သူက မဲပေးခွင့်ရနေတယ်၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်နေတယ်၊ အဲဒါဆို မြန်မာနိုင်ငံ ဟာ ဘယ်လိုဖြစ်သွားမလဲ၊ နောက်ဆိုရင် နိုင်ငံသားမဟုတ်တဲ့သူတွေ သမ္မတတို့ လွှတ်တော်ဥက္ကဌ တို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့၊ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့နဲ့ သီတင်းတစ်ပတ်အတွင်း  ရခိုင်ပြည်နယ်ကနေ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ထွက်ခွာပေးဖို့ စတဲ့အချက်တွေကိုလည်း   တောင်းဆိုခဲ့ကြ ပါတယ်။အလားတူ တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေနဲ့ ဘူးသီးတောင်မြို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


TTA Oreo Gapp Installer


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>