Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နောက်ကျောမှာ အမြီးပေါက်လာတဲ့လူကို ဟိန္ဒူမျောက်နတ်ဘုရား ဟာနုမန် ပြန်လည်ဝင်စားသူအဖြစ် ၀ိုင်းကိုးကွယ်ကြ

$
0
0
နောက်ကျောမှာ ၁၄.၅ လက်မရှိတဲ့ အမြီးပေါက်လာတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ကို နတ်ဘုရားအဖြစ် ကိုးကွယ်နေကြကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်၊ အလီပါဒူရား ဒေသက အသက် ၃၅ နှစ်အရွယ် ချန်ဒရီ ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဟိန္ဒို မျောက်နတ်ဘုရား ဟာနုမန်ဝင်စားတယ်ဆိုပြီး နာမည်ကြီးလျက်ရှိပါတယ်။

ချန်ဒရီဟာ သစ်ပင်တွေကိုလည်း မျောက်တစ်ကောင်လို တက်ဆင်းနိုင်တဲ့အတွက် ဟာနုမန်ဝင်စားတယ်ဆိုတဲ့ အချက်ကို ပိုမိုယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ချန်ဒရီကို ကိုးကွယ်သူအများအပြားဟာ မိုင်ပေါင်းများစွာကနေ ချန်ဒရီ ဆီ အရောက်လာကြပြီး သူ့ ရဲ့ အိမ်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ချန်ဒရီရဲ့ အမြှီးနဲ့ ထိတွေ့ ကောင်းချီးပေးမှုကို ခံယူချင်ကြတဲ့အတွက် အခုလို မိုင်ပေါင်းများစွာကနေ အပင်ပန်းခံလာရောက်ရတာပါလို့  သိရှိရပါတယ်။

“ ကျုပ်ဟာ ဟာနုမန် ပဲ ။ ကျုပ်အမြှီးကြောင့် ကျုပ်ကို လူတွေအကုန်လေးစားရတယ်။ ဒီအမြှီးက ကျုပ်အတွက် အနှောင့်အယှက်မဖြစ်ဘူး။ ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ” လို့ မစ္စတာ ချန်ဒရီက ပြောကြားပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ ချန်ဒရီ ရဲ့ အမြှီးဟာ ရှားပါးတဲ့ မွေးရာပါမျိုးရိုးဗီဇချို့ ယွင်းမှု တစ်ခုကြောင့်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားပစ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ဒရီကတော့ သူ့ အမြှီးကို ဖယ်ရှားမယ့် အကြံကို အပြင်းအထန်ငြင်းဆန်နေပါတယ်။

“ကျုပ်ငယ်ငယ်တုန်းက အမေက အမြှီးကို တစ်ခါ ဖြတ်ပစ်ဖူးတယ်။ သိပ်မကြာလိုက်ဘူး။ ကျုပ်အပြင်းအထန် ဖျားတော့တာပဲ။ သေမလိုတောင်ဖြစ်ခဲ့တယ်လို့ ကျုပ်အမေပြောဖူးတယ်” လို့ ချန်ဒရီက ပြောကြားခဲ့ပါတယ်။

“ ဒါကြောင့် ကျုပ်အမြှီးကို ဒီအတိုင်းထားသင့်တယ်လို့ အားလုံး ဆုံးဖြတ်လိုက်တယ်။ ကျုပ် အမြီးဟာ ကြီးကျယ်မြင့်မြတ်တဲ့အတွက် အခုလို ဖျားနာခဲ့ရတာလို့ ကျုပ်မိသားစုက ထင်တယ်လေ”

ချန်ဒရီရဲ့ ဦးလေးဖြစ်သူ ရမ် က “ အသက်ကြီးလာတာနဲ့ သူ့ အမြီးက ထပ် ရှည်လာတာပဲ။ ဒါဟာ ဘုရားက ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုပဲဆိုတာ ကျွန်တော်တို့ ရိပ်မိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။

Ref: mirror
From: Trend Myanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...