Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု နှင့် တရုတ်-မြန်မာဆက်ဆံရေး

$
0
0
တရုတ်အစိုးရရဲ့ လက်ရှိပထမဦးစားပေးက စီးပွာရေးအရစူပါပါဝါဖြစ်ဖို့ပါပဲ။ တရုပ်ပြည်နံပါတ်တစ်အချမ်း သာဆုံးနိုင်ငံဖြစ်ဖို့ပါပဲ။တရုပ်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်းအဲဒီရည်ရွယ်ချက်ကကောင်းကောင်းကြီးလွှမ်းမိုး
ထားတာဖြစ်ပါတယ်။အချမ်းသာဆုံး
နိုင်ငံဖြစ်ဖို့ မီးကုန်ယမ်းကုန်ကြိုးပမ်းအားထုတ်နေတဲ့
အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးရေစီးကြောင်းအပြောင်းအလဲ
အရှိန်အဟုန် ပိုမြန်ဆန်လာတဲ့ အချိန်မှာ စီးပွားဖြစ်ဖို့အဓိက ဆိုတဲ့
တရုတ်မူဝါဒနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာက မြန်မာနိုင်ငံမှာ
တရုတ်ရင်းနှီးမြှုပ်နှံမှုသိသိသာသာလျော့နည်းကျဆင်းသွားခြင်းဖြစ်ပါတယ်။တရုတ်ဟာ မြန်မာနိုင်ငံနဲ့
နယ်နိမိတ်ရှည်လျားစွာထိစပ်နေတဲ့ အိမ်နီးချင်းလည်းဖြစ် မြန်မာနိုင်ငံရဲ့ ကြွယ်ဝချမ်းသာလှတဲ့
သယံဇာတများရဲ့ ပမာဏအတိုင်းအတာကို ကောင်းကောင်း
သိရှိထားတာလည်းဖြစ်တဲ့အပြင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအရှိန်မြင့်လာနေတဲ့ တစ်ကမ္ဘာလုံးအတွက်
မဟာဗျူဟာမြောက်အရေးပါလှတဲ့ နိုင်ငံဖြစ်လာနေခြင်းဆိုတဲ့အချက်အပေါ် ပေါ့ပေါ့ဆဆ
သဘောထားရဲမှာလည်းမဟုတ်လေတော့ အခုလို ရင်းနှီး
မြှုပ်နှံမှုတွေ လျော့ကျလာခြင်းဟာရင်းနှီးမြှုပ်နှံမှုနောက်ထပ်များများစားစားထပ်လုပ်ဖို့
ဆန္ဒမရှိတော့ဘူး၊မြန်မာနိုင်ငံကနေ စီးပွားရေးအရ တဖြည်းဖြည်းဆုတ်ခွာဖို့ဖြစ်တယ်လို့ယူဆရင်တော့
တက်တက်စင် လွဲချော်တော့မှာဖြစ်ပါတယ်။



သံခင်းတမန်ခင်းအရ ရွှေလမ်းငွေလမ်းတွေ အပြိုင်အဆိုင်ဖောက်ဖို့ကြိုးစားပြီး
မြန်မာနိုင်ငံနဲ့ မိတ်ဖွဲ့ထားဖို့ကြိုးစားနေတဲ့နိုင်ငံတွေများပြားလာတဲ့
အချိန်ကျမှ ဆက်ဆံမယ့်သူနည်းနေတဲ့နှစ်တွေများစွာတောက်လျှောက်
မိတ်ဆွေရင်းချာပမာဆက်ဆံလာခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက
ဆက်ဆံရေး လျှော့ချဖို့ဆိုတာလည်းဖြစ်တန်ရာအခြေတော်တော်နည်းတဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအရ
ဒီမိုကရေစီကိုတက်လှမ်းဖို့ကြိုးစားနေပြီး အလားအလာကောင်းလွန်းတဲ့
အနောက်ဘက်က အင်အားကြီးဒီမိုကရေစီနိုင်ငံများနဲ့လည်းတစ်စတစ်စ နီးကပ်လာနေတဲ့
နိုင်ငံငယ်လေးကို လက်လွှတ်လိုက်ဖို့ဆိုတာက အင်အားကြီးနိုင်ငံလည်းဖြစ်
အနောက်နိုင်ငံများနဲ့ နိုင်ငံရေးအရ ပြည်လည်မှုမရှိလှတဲ့
ဆန့်ကျင်ဘက်နိုင်ငံရေးစနစ်ကျင့်သုံးနေတဲ့နိုင်ငံအနေနဲ့ ဘယ်လိုမှ
ရွေးချယ်လို့မရတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဒီတော့တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေး အေးစက်စက်ဖြစ်လာနေပြီလို့
ယူဆမယ့်အစား ဒီမိုကရေစီနိုင်ငံဖြစ်လာတော့မယ်
အိမ်နီးချင်းနဲ့ အကောင်းဆုံးဘယ်လိုဆက်ဆံဖို့သင့်တယ်ဆိုတာကို
ပြန်လည်သုံးသပ်စဉ်းစားနေတယ်ဆိုတဲ့အချက်ကသာ အမှန်တရားနဲ့
ပိုမိုနီးစပ်မှုရှိနိုင်မယ်ဖြစ်ပါတယ်။စီးပွားရေးအရအသာစီးယူပြီးဆက်ဆံလာခဲ့တဲ့အကျိုးအမြတ်များစွာသယ့်ယူသွားခဲ့တဲ့
တရုတ်ဟာ ပေါင်းမယ့်သင်းမယ့်သူနည်းလှတဲ့အာဏာရှင်နိုင်ငံငယ်လေးလိုသဘောထားပြီး
အသာစီးယူဆက်ဆံဖို့ဘယ်လိုမှမဖြစ်နိုင်တော့တာကိုသိရှိသဘောပေါက်တဲ့အလျောက် ချဉ်းကပ်ပုံအသစ်နဲ့ပြန်လည်စတင်ဖို့
မဟာဗျူဟာသစ်တစ်ရပ် ရေးဆွဲနေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

တရုတ်အစိုးရက မကြာခင်က မြန်မာ့ အတိုက်အခံခေါင်းဆောင် ကို
ဘေဂျင်းကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ခြင်းက အခုပြောခဲ့တဲ့အချက်တွေကို
ထင်ထင်ရှားရှားသက်သေပြနေပါတယ်။အနောက်နိုင်ငံများ အထူးသဖြင့်
တရုတ်နဲ့ပြိုင်ဖက်ဖြစ်တဲ့ အမေရိကားဟာ ဒေါ်စု နောက်မှာ ရပ်တည်နေတယ်ဆိုတာ
တရုတ်ကလည်းကောင်းကောင်းကြီး နားလည်ထားတဲ့အလျောက် ၂၁၀၅
ရွေးကောက်ပွဲနောက်ပိုင်းမြန်မာနိုင်ငံအခြေအနေကို ကြိုတင်တွက်ဆပြီး
လုပ်သင့်လုပ်ထိုက်တာမှန်သမျှကြိုတင်လုပ်ဆောင်ထားဖို့
လှမ်းနေတဲ့ခြေလှမ်းတွေထဲကတစ်ခုအနေနဲ့ဒေါ်စုကို
အခုလိုဖိတ်ကြားလိုက်ခြင်းပါ။

အတိုက်အခံခေါင်းဆောင်ဟာ လူထုအပေါ်မှာရော
နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာပါ သြဇာအရှိန်အဝါကြီးမားတာဖြစ်ပြီး ၂၀၁၅
အလွန်မှာတရုတ်အနေနဲ့ အရင်အချိန်များလို့ တပ်နဲ့ပဲဆက်ဆံနေလို့မရတော့ဘူးဆိုတာ
သိရှိပုံရပါတယ်။ ဒေါ်စုဟာ ၂၀၁၅ အလွန်မှာ လွှတ်တော်များမှာရော
အစိုးရအဖွဲ့အပေါ်မှာပါ သြဇာလွှမ်းမိုးမှု ကြီးမားလာတော့မယ်ဆိုတာကို
တွက်ဆမိတဲ့အလျောက် တရုတ်တို့ဟာ အမေရိကား၊ဥရောပတို့နဲ့အပြိုင်
အတိုက်အခံခေါင်းဆောင်နဲ့ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့မဖြစ်မနေဦးတည်လုပ်ဆောင်ရတော့မယ်ဖြစ်ပါတယ်။သမ္မတရာထူးအတွက်အခွင့်အလမ်းမရရှိခဲ့
ရင်တောင်မှ လွှတ်တော်မှာ ပါဝါရယူနိုင်မှာဖြစ်ပြီး NLD ပါတီ
ကဖွဲ့တဲ့အစိုးရလည်းပေါ်ပေါက်လာနိုင်ခြေရှိတာကြောင့် တရုတ်တို့က
တပ်နဲ့ဆက်ဆံရေးကိုအရင်မူဝါဒအတိုင်းဆက်လက်ထားရှိပေမယ့်
အတိုက်အခံခေါင်းဆောင်နဲ့လည်းကောင်းမွန်တဲ့
ဆက်ဆံရေးလမ်းကြောင်းဖွင့်ထားမယ့်သဘောမျိုးပါ။

အနောက်နိုင်ငံများအနေနဲ့ အတိုက်အခံနဲ့ နီးနီကပ်ကပ်ဆက်ဆံလာခဲ့ရာက ၂၀၁၀
ရွေးကောက်ပွဲနောက်ပိုင်းတပ်နဲ့ အာဏာရပါတီတို့ကိုပါ ထိတွေ့ဆက်ဆံလာ
ခြင်းကို တရုတ်တို့အနေနဲ့လည်း အမှုမဲ့အမှတ်မဲ့ နေခဲ့တာမဟုတ်ဘူးဆိုတာ
ထင်ရှားလာပါတယ်။အင်အားရှိတဲ့နိုင်ငံရေးပါတီများအားလုံးနဲ့ဆက်ဆံရေးထူထောင်ထားခြင်းက
မြန်မာ့တပ်မတော်အနေနဲ့နိုင်ငံရေးကနေ
ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းအချိန်ကျရင် အဆင်ပြေပြေဆက်
အလုပ်လုပ်နိုင်ဖို့ အာမခံချက် ကောင်းကောင်းရရှိနိုင်တယ်ဆိုတာ
အနောက်နိုင်ငံများလိုပဲ တရုတ်အစိုးရအနေနဲ့လည်းတွက်ဆမိပုံရပါတယ်။

လက်ပံတောင်းတောင်ကိစ္စတုန်းက အစိုးရဘက်ကနေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း
ရပ်တည်ဆောင်ရွက်ပေးခဲ့ အတိုက်အခံခေါင်းဆောင်ဟာ အခုထက်ပိုပြီး ပါဝါကို
ချုပ်ကိုင်ခွင့်ရရှိလာတဲ့အချိန်ရောက်လာခဲ့ရင်လည်း တရုတ်တို့အနေနဲ့ စီးပွားရေးအရ
အားကိုးအားထားဖြစ်လာနိုင်တယ်လို့လည်း ယူဆထားတာပါ။ ဥပမာအားဖြင့်
လက်ရှိသမ္မတကသူ့လက်ထက်မှာ ဆိုင်းငံ့ထားခဲ့တဲ့ ဖြစ်ဆုံစီမံကိန်းလိုကိစ္စမျိုးကိုလည်း
အတိုက်အခံ ခေါင်းဆောင် အနေနဲ့ လက်ပံတောင်းတောင်ကိစ္စလိုပဲ
တရုတ်တို့အကျိုးစီးပွားကို ပြန်ကြည့်ပေးမယ်
လို့ မှတ်ယူထားပုံရပါတယ်။ လက်ပံတောင်းတောင်ကိစ္စနဲ့ မြစ်ဆုံကိစ္စ
ခြားနားချက်က အလွန်ကြီးမားတယ်ဆိုတဲ့အချက်ကိုတော့တရုတ်တို့ ပေါ့ပေါ့ဆဆ
တွက်ဆထားပုံရပါတယ်။

ဒီတော့ဒေါ်စုအနေနဲ့တရုတ်အစိုးရနဲ့ဆက်ဆံတဲ့နေရာမှာ
လိုတာထက်ပိုပြီးသတိထားရမယ်ဆိုတဲ့ အနေအထားကို
မှန်းဆကြည့်လို့ရပါတယ်။အိမ်နီးချင်းကိုရွှေ့ပစ်လို့မရဘူးဆိုတဲ့
တည့်မတ်တဲ့ သဘောထားအယူအဆကို ကိုင်တွယ်ပြီး အရင်အစိုးရလက်ထက်က
ကတိကဝတ်တွေကိုလည်းတတ်စွမ်းသမျှ အလေးထားတဲ့ အတိုက်အခံခေါင်းဆောင်ဟာ
ပါဝါရှိလာတဲ့အချိန်မှာ မြစ်ဆိံလို အတိမ်းအစောင်းမခံတဲ့ကိစ္စမျိုးမှာတော့
အကျပ်အတည်းနဲ့ရင်ဆိုင်ရဖို့ရှိတာကြောင့်တရုတ် မြန်မာဆက်ဆံရေးမူဝါဒကို
အကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။
အိမ်နီးချင်းဖြစ်ရုံကလွဲလို့ စီးပွားရေးအရ အသာစီးရယူလိုတဲ့
သဘောထားသာလွှမ်းမိုးနေတဲ့တရုတ်နဲ့ဆက်ဆံရေးကို စီးပွားရေးအရ မျှချေရှိအောင်
တော်တော်ကြီးသတိထားဆက်ဆံကြရမှာပါ။
နိုင်ငံရေးအရလည်းမြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းလာတဲ့ခါ တရုတ်ဟာ
အကျိုးစီးပွားအရ မလွဲသာမရှောင်သာဆက်ဆံရမှာဖြစ်ပေမယ့်
ကွန်မြူနစ်စနစ်အောက်မှာနေနေရတဲ့
တရုတ်လူမျိုးများက နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အားထုတ်လာကြဖို့
မြန်မာနိုင်ငံကနမူနာဖြစ်လာမယ့်အရေးကိုတော့ နိုင်ငံရေးအရ
နှစ်မြို့လိုလားဖို့မရှိဘူးဆိုတာ ထည့်တွက်ထားသင့်ပါတယ်။ ဒီတော့
အတိုက်အခံကိုဆက်ဆံဖို့အားထုတ်တဲ့တရုတ်အစိုးရဟာ
လက်ရှိအစိုးရနဲ့တပ် ကို ပိုပြီးအားပြုလိုတယ်ဆိုတာ သေချာနေပြီး
ဒေါ်စုကိုဆက်ဆံဖို့ကြိုးစားခြင်းက ပြောင်းလဲကောင်း
ပြောင်းလဲလာနိုင်တဲ့အခြေအနေသစ်အတွက် အရံအတားအဖြစ်
လှမ်းတဲ့ခြေလှမ်းမျှသာဖြစ်တယ်ဆိုတာ တွက်ထားကြရပါမယ်။ ရွှေ့ပစ်လို့မရတဲ့
အိမ်နီးချင်းဖြစ်တာနဲ့အညီ အကောင်းဆုံး နည်းလမ်းနဲ့
ကူးလူးဆက်ဆံကြရမှာပဲဖြစ်တယ်လို့ပြောနိုင်ပေမယ့်
အရင် အတိတ်အချိန်များက လိုပဲ အသာပေးဆက်ဆံဖို့မဖြစ်နိုင်ပါဘူး
တရုတ်အစိုးရအနေနဲ့လည်းအတိုက်အခံတို့ပါဝါ ပိုရှိလာတဲ့အချိန်ရောက်ခဲ့ရင်
အသာစီးယူဆက်ဆံရေးမူကို ပြင်ဆင်ပြီးအနောက်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဂျပန်
ကိုးရီးယားဆိုတဲ့အရှေ့ဖျားနိုင်ငံများ နဲ့ယှဉ်ပြီး
စီးပွားရေးကိုရသလောက်လုပ်နိုင်ဖို့ပဲ အခွင့်အရေးရှိနိုင်တော့မယ်ဆိုတာ
တွက်ဆထားပြီးဖြစ်နေလောက်ပါပြီ။စီးပွားရေးအရ စူပါ ပါဝါမှန်းထားတဲ့ နိုင်ငံအနေနဲ့ မက်မောစရာတွေများလှတဲ့
မြန်မာ့စီးပွားရေးအခြေအနေသစ်ကို ဘယ်တော့မှ လက်လွတ်ခံမယ်မဟုတ်ပါဘူး။
အမေရိကားက သူတို့ရဲ့အဓိကပြိုင်ဖက်ဖြစ်နေရုံသာမကဘဲ အခုဆိုရင် အရေးပါပြီး အလွန်ကြီးမားတဲ့
သီလဝါနဲ့ ထားဝယ်ကဲ့သို့သော စီမံကိန်းကြီးတွေမှာ
တရုတ်နဲ့သိပ်အဆင်ပြေပြေမရှိလှတော့တဲ့ ဂျပန်နိုင်ငံက
အဓိကနေရာကနေပါဝင်လာတော့မယ့် အနေအထားပါ။ နောက်ပြီး ဂျပန်ကလည်း
စီးပွားရေးအရ ထိပ်တန်းနာမည်ကောင်းရှိတဲ့နိုင်ငံဖြစ်တာနဲ့အညီ
မြန်မာနိုင်ငံ အနာဂါတ်စီးပွားရေးအတွက်တရုတ်က သိပ်အရေးပါလှတဲ့နေရာမှာရှိမနေတော့ဘဲတရုတ်တို့ကသာ
မြန်မာနိုင်ငံနဲ့လုပ်တဲ့စီးပွားရေးကို ရသလောက်ကြိုးစားလုပ်ယူရမယ့်အနေအထားကို ပြောင်းသွားပြီဖြစ်ပါတယ်။
ဆိုလိုတာက တရုတ်မြန်မာဆက်ဆံရေးကောင်းဖို့ကို မြန်မာတွေက ပူစရာမလိုတော့ဘဲ
တရုတ်ကွန်မြူနစ်ပါတီကသာ တစ်စ တစ် စ ပူပန်လာနေရပြီဖြစ်ပါတယ်။

လူထု ထောက်ခံမှုနဲ့ရရှိလာမယ့်ပါဝါသည်လည်းကောင်း ၊ ကမ္ဘာတလွှားက
နိုင်ငံများနဲ့ ပိုမိုနီးကပ်လာနေတဲ့ကောင်းမွန်သောဆက်ဆံရေးများသည်လည်းကောင်း
တရုတ်နဲ့ဆက်ဆံမှုပြုရတော့မယ့်ဒေါ်စုအနေနဲ့ အင်အားအဖြစ်ကိုင်စွဲထားလို့ရမယ့် အနေအထားများဖြစ်ပြီး
တရုတ်တို့နဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်တဲ့ အချိန်မှာ အရင် စစ်အစိုးရလို
အောက်ကျနောက်ကျအနေအထားမရှိတော့တဲ့ အချက်က
မြန်မာလူထုတိုးတက်သာယာဝပြောရေးအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်နေပါတယ်။
ဥပမာအားဖြင့် နစ်ဆန်လို တိုယိုတာလိုကားတွေကို မြန်မာနိုင်ငံမှာ
ထုတ်လုပ်ပြီးတရုတ်ကို ရောင်းချလို့ရနိုင်တဲ့၊ ဥရောပထုတ် အဆင့်မြင့်
လူ့အသုံးအဆောင်ကောင်းကောင်းတွေကို
တိုးပွားလာနေတဲ့တရုတ်လူလတ်တန်းစားတွေဆီ မြန်မာနိုင်ငံကနေ
ရောင်းချနိုင်တဲ့ အနေအထားမျိုးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
တရုတ်က အလည်အပတ် ဖိတ်ကြားဖို့ကြိုးစားနေတဲ့
အတိုက်အခံခေါင်းဆောင်ဒေါ်စုအပါအဝင်မြန်မာခေါင်းဆောင်များက
ပါးနပ်လိမ်မာကြမယ်ဆိုရင်ခေတ်စနစ်ဟောင်းတုန်းက အနိုင်အထက်ပြုခံရသမျှ အနာဂါတ်မှာ
တရုတ်တို့ထံမှ ရသင့်ရထိုက်တဲ့အကျိုးအမြတ်များ ကိုတရားနည်းလမ်းကျကျ
ပြည့်ပြည့်ဝဝ ပြန်လည်ရယူနိုင်ရုံမကဘဲတရုတ်တို့နဲ့ အနာဂါတ်ဆက်ဆံရေးမှာ
မြန်မာတွေအသာရနိုင်မယ့်အခြေအနေသစ်တစ်ခုကို ရောက်ရှိလာနေပြီဖြစ်တယ်လို့
ယူဆမိပါကြောင်း။ ။

From:Pite Tin

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>