Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမေစုအတွက် ရခိုင်သားတဦးရဲ့ ကဗျာ

$
0
0
ချစ်ခဲ့ပါတယ်အမေရယ်
အမေ့ကို မြင်မြင်ချင်း မျက်ရည်လည်းကျခဲ့ဖူးတယ်
အမေလက်ဝှေ့ယမ်းပြတဲ့အခါ
” ဟေး ” ခနဲအော်လိုက်တဲ့ လူတွေထဲ
သားလည်းပါခဲ့ဖူးတယ် . . .

အမေရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ
အမေရွေးကောက်ပွဲ မ၀င်သည်ဖြစ်စေ
အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင်
အမေဟာ ကျနော်တို့ရဲ့အမေ
တခါမှ မငြိုငြင်ခဲ့ဖူးအမေ . . .

အမေဟာ ဗမာတို့ရဲ့အမေမဟုတ်
အမေဟာ ကရင်တို့ရဲ့အမေမဟုတ်
အမေဟာ ကချင်တို့ရဲ့အမေမဟုတ်
အမေဟာ ကျနော်တို့ရခိုင်တွေရဲ့အမေမဟုတ်
ပြည်ထောင်စုတစ်ခုလုံးရဲ့အမေလို့
ဟောဒီရင်ထဲမှာ ဆူးစူးသလို
မှတ်ယူ နစ်ဝင်နေခဲ့တာပါ အမေ . . .

ကျောက်နီမော်က ရခိုင်သူလေးလည်း
အမေရဲ့ သမီးပါပဲ အမေ
သူဟာ လူမဆန်သူသုံးယောက်ရဲ့
အနိုင်ကျင့်စော်ကားခံရရုံသာမက
လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး
မသေခင် ဘယ်လောက်ညီးတွားခဲ့ရမယ်ဆိုတာ
ကြားယောင်ကြည့်ပေါ့ အမေ . . .

တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက်
ကျနော်တို့ လူမျိုးတွေထဲက စိတ်ဆတ်သူတွေသတ်မိတော့
အမေပြောတဲ့စကားကို ကြားယောင်ပြီး သိပ်ရှက်မိတယ် အမေ
အားကြီးသူဆိုတာ အားငယ်သူကို
စာနာသနားရတယ် ဆိုလား ဘာဆိုလား အမေ
ဟုတ်ပ ဟုတ်ပ . . . ကျနော် အကိုတွေ
မလိမ်မာ တခါမိုက် ရာဇ၀င်တောင်တွင်လိုက်သေးတယ် အမေ . . .

ဆူးလေမှာလည်း ရန်ကုန်က
မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ
အမေက လည်း မော်လ၀ီဆိုသူကြီးတွေကိုနှစ်သိမ့်
ပြဇတ်ကနေကြတဲ့အလား တညီတညွတ်
ကျနော်ဆို ပြည်ထောင်စုသားရခိုင်လူမျိုးဆိုတဲ့
ဂုဏ်တောင်ရှိလားမရှိလား မသိတော့
ကျနော်တို့ဟာ အဘိုးဗိုလ်ချုပ်ကိုယုံလို့
ပြည်ထောင်စုအလံအောက်ကို ခိုခဲ့ကြတာပါ အမေ
ကျနော်တို့ထက် သူတို့က ပိုအရေးကြီးနေသလား ???

အခု မောင်တောမြို့မှာ ကျနော်တို့ သားချင်းတွေ
မီးလောင်တိုက်သွင်းခံရ ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရ
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသမှာ
ဒီလိုလုပ်ခံရတာအမေ . . . ပြောပါဦးလေ
အားကြီးသူတွေ . . . အားနွဲ့သူတွေ . . .

အခုတော့နားလည်းသွားပြီအမေ
မော်လ၀ီတွေကို နှစ်သိမ့်ခဲ့သမျှ
ပြည်ထောင်စုသားရခိုင်တွေဘက်ကြတော့
လှည့်တောင် အကြည့်မခံရတဲ့ဘဝ
နာတယ် အမေ နာတယ်
ဟောဒီ ရင်ဘတ်က တဆစ်ဆစ်နာတယ် . . .

ဟိုးနှစ်ပေါင်းထောင်ချီဆီက
အမေတို့နဲ့တနွယ်ထည်းစီးဆင်းခဲ့တဲ့သွေးတွေကလည်း
နာတယ် အမေ နာတယ်
အခုတော့ ကျနော်တို့ရခိုင်တွေမှာ
အဘိုးဗိုလ်ချုပ်လည်း ကွယ်လွယ်သွားပြီ
အမေ ကိုလည်း မေ့လိုက်ပါပြီ
နေသာသလို နေပါအမေ
မနေသာတဲ့ သားတို့ ညီအကို နိုင်ငံသားတွေ
လေညာကဆင်းပြီး ၀င်ပါကြပါလိမ့်မယ် . . .

နေသာသလိုသာ နေလိုက်ပါတော့အမေ
ကျနော်တို့လည်း နာသာသလိုသာ နာလိုက်ပါတော့မယ် . . .

From: Mya Khing

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...