Quantcast
Viewing all articles
Browse latest Browse all 4837

ပုဆိုးချွတ်ခံရသည်ကို ရှက်သဖြင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသတ်သေ

မင်္ဂလာဒုံမြို့နယ်တွင် ခုနစ်တန်း ကျောင်းသား တစ်ဦး စာသင်ကျောင်းတွင် အချင်းချင်း ပုဆိုးချွတ်စနောက် ခံရသဖြင့် အရှက်ရကာ နေအိမ်တွင် မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံရဲစခန်း တာဝန်ရှိသူများသည် စမ်းဝကြီးရပ်ကွက်၊ ဇေယျာသီရိလမ်း၊ အမှတ် (၁၆) နေ အိမ်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ညနေ ၄ နာရီခွဲအချိန် သတင်းအရ သွားရောက်စစ်ဆေး ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ် အထက (၅)တွင် တက်ရောက်ပညာသင်ကြားနေသည့် ခုနစ် တန်းကျောင်းသား မောင်အောင်ဇင်ဦး (၁၃)နှစ် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းသည် နေအိမ်အပေါ်ထပ် ၈ ပေခန့်အမြင့်ရှိ ထုပ်တန်းတွင် (၁၄) ပေအရှည် ရှိ ချည်ကြိုးအဖြူအား နှစ်ခေါက်ခေါက်လျက်နှစ်စတွဲ တစ်ဖက်ချည်ထားပြီး ကျန်နှစ်တွဲတစ်ဖက်တွင် ကွင်းချောပုံသဏ္ဍာန်ပြု လုပ်၍ လည်ပင်းစွပ်လျက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ဆေးရာ သေဆုံးသူသည် ကျောင်းတွင် ကျောင်းသားအချင်းချင်း နောက်ပြောင်ရာမှ ပုဆိုး ချွတ်ခံရသည့်အတွက် အရှက်ရကာ စိတ်ထိခိုက်ပြီး ဆွဲကြိုးချသေဆုံးခြင်း ဖြစ်သည်ဟု ကနဦးအနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေဆုံးသူအလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ထားပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် မင်္ဂလာဒုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၄ဖြင့် အမှုစစ် ဒု-ရဲမှူးဝင်မြင့် (စခန်းမှူး)က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။


From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>