Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္တီလာအရေးအခင်းကိစ္စများအား Hate Speech ဖြစ်အောင်ရေးသားနေသော ငမိုက်သား

$
0
0
 ဆရာဆယ်ဆိုတာ ကျူရှင်ဆရာလိုလို ဘာလိုလို တတ်ယောင်ကားလုပ်  ကိုယ့်တပည့်တွေကိုကိုပြန်ပြီးအောင်သွယ်လုပ်  ပြီးတော့  ကုလား နဲ့ ပေါင်းပြီး မိတ္တီလာအရေးအ ခင်းကိစ္စတွေကို  Hate Speech  ပြန်ရေးနေတာတွေ့ရတော့ စိတ်ထဲက စိတ်မကောင်းဖြစ်မိတယ်ဗျာ။


ဆရာ ဆယ် ဒီနေ့ ရေးတဲ့ .. မြန်မာကောင်လေးတစ်ယောက်က ကုလားတွေကို
ဘယ်လိုသတ်ပါတယ်ဆိုပြီး ပြောတဲ့ ပိုစ့်ကို ဖတ်ပြီး ..

ကျွန်တော် တော်တော်လေး ကြောက်သွားတယ်..

အဲဒီ အခြင်းအရာတွေ မှန်လားမမှန်လား ဆိုတာ ဦးနှောက်ရှိတဲ့သူတိုင်း
ဝေဖန်ဆန်းစစ်နိုင်မှာပါ .. ဒါပေမယ့် ဟုတ်သည်ရှိ မဟုတ်သည်ရှိ
တစ်ယောက်ယောက်က မင်းတို့ မြန်မာကို ဘယ်ကုလားက ဘယ်လိုသတ်တာကွလို့
မြိန်ရည်ရှက်ရည် ပြောနေရင်တော့ .. မှန်တာမမှန်တာ နောက်ထား
လောလောဆယ်တော့ ဒေါသတွေ အချောင်းချောင်းထွက် ..လက်စားချေချင်စိတ်တွေ
တဖွားဖွား ဖြစ်လာမှာ မဆန်းပါဘူး

ကျွန်တော်ပြောချင်တာ .. လက်ဘက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ လူတစ်ယောက်ပြောတဲ့စကားကို
ဘာသက်သေအထောက်အထားမှ မပြနိုင်ပဲ .. လူမျိုးခြားတွေကို ဖတ်စေပြီး
သွေးဆူစေတဲ့ လုပ်ရပ်က မှန်သလား မှားသလား ..

တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိလားမရှိလား..
ခင်ဗျား သိပ်ခင်မင်တဲ့ လူမျိုးခြား မိတ်ဆွေတွေအတွက် .. အပြုသဘောဆောင်မယ့်
ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးအတွက် အကျိုးရှိစေမယ့် စကားတွေလား ဆိုတာ

ကျူရှင်ဆရာတစ်ယောက်အနေနဲ့ ... တွေးတောဆင်ခြင်ပြီးမှ ရေးသင့်ပါတယ်

ပဋိပက တစ်ခု ဖြစ်ကြပြီဆိုရင် ..သူသတ် ကိုယ်သတ်..
ဘယ်သူမှလဲ တားမရ .. နှစ်ဖက်လုံး အထိနာကြမှာပါပဲ ..
ဒါပေမယ့် ခင်ဗျား ရေးသလောက် ဖြစ်ပျက်သွားရအောင် ..

၁ .. မြန်မာလူမျိုးတွေက ငယ်စဉ်ကတည်းက ဗုဒဘာသာရဲ့ ငြိမ်းချမ်းမှုတရားအောက်မှာ
ကံငါးပါးကို လုံအောင်ထိန်းသိမ်းတတ်ကြပါတယ်
ထပ်ပြီးပြောရရင် ... အဲဒီ ကံငါးပါးမှာမှ .. တခြားသော လေးပါးကို ကျူးလွန်ချင်ကျူးလွန်ရဲမယ်
သူ့ အသတ်သတ်ခြင်းကံတစ်ပါးကိုတော့ .. ကျူးလွန်ဖို့ အင်မတန်ကို ၀န်လေးတတ်တယ်
ကျူးလွန်ခဲ့ရင်တောင် ... ခင်ဗျားရေးထားသလို လူ့အသတ်ကို ပုရွတ်ဆိတ်သလို သတ်ရဲရအောင်
လူမိုက်တွေလဲ မဟုတ်ကြပါဘူး

၂.. တစ်ကယ်သာ အဲလို ဖြစ်ကြည့်ပါ... မြို့ခံ လူမျိုးခြားခေါင်းဆောင်တွေက
ဘာမှ မပြောပဲ နေနေမှာတဲ့လား .အဲလောက် လူအများကြီး ရက်ရက်စက်စက် အသတ်ခံရမယ်ဆိုရင်ပေါ့လေ.. မဟုတ်တာကိုတောင် ဟုတ်သလိုလို လိမ်စဉ်တွေနဲ့
ကဘာကို ညာနေကြတဲ့ .. သူတွေက .. ဒါမျိုးဆိုလိုကတော့ အင်းးးး ဘာပြောကောင်းမလဲပေါ့နော်
တွေးကြည့်တာပါ... သူတို့မှာ ဒါကို ဖွင့်ဟ ပြောဖို့ ကြောက်နေစရာအကြောင်းလဲ ရှိမှမရှိပဲ
(ဒီအချိန်ထိ ဘာသတင်း ဘာဓါတ်ပုံမှ တက်မလာပဲ ...ခုကျမှ ဘာမဟုတ်တဲ့ လူငယ်တစ်ယောက်က
ပြောတဲ့စကားကို အဟုတ်ကြီး မှတ်ရင်တော့ တော်တော်လေးကို လွဲနေတယ်လို ယူဆမိတယ်)

၃.. မကောင်းမှုလုပ်ပြီးတဲ့သူ ဘယ်သူမဆို ..ဘာလူမျိုး ဘယ်ဘာသာပဲ ဖြစ်ဖြစ်
ကိုယ် မကောင်းမှုလုပ်ခဲ့တဲ့အကြောင်းကို တစ်စိမ်းတစ်ရံတစ်ယောကို ဖွင့်ဟပြောပြဖို့ သိပ်ခက်တယ် .. လူတိုင်းက ကိုယ့်ကို အကောင်းပဲ မြင်ချင်ကြတာ လူ့သဘာဝပဲ

ဘယ်ခေတ်ဘယ်အခါမှာမှ ... လူသတ်ထားတဲ့သူက သူလူသတ်လာပါတယ်ဆိုတဲ့အကြောင်းကို
ဘယ်တော့မှ ထုတ်မပြောဘူး .... ထောင်ထွက်တွေ လူမိုက်အလုပ်လုပ်စားသူတွေသာ
လုပ်ငန်းအရ တခြားလူက ကိုယ့်ကို ကြောက်စေချင်လို့ ခြောက်လုံးဟန့်လုံး
ငါဘယ်လို လူသတ်လာတာပါလို့ ပြောရင်တော့ တစ်မျိုးးပေါ့ ..

ခု ခင်ဗျားနဲ့ လက်ဘက်ရည်ဆိုင်မှာ တွေ့တဲ့ လူငယ်က ထောင်ထွက်လား လူမိုက်လား
ရိုးရိုးလူလား .. ကျွန်တော့်အမြင်တော့ တစ်ကယ်သာ ပြောခဲ့မယ်ဆိုရင်
ဦးနှောက်မကောင်းတဲ့ သူတစ်ယောက်လား များ.. တွေးမိတယ်
(အဲတော့လဲ အရူးပြောတာ အရူးယုံသလို ဖြစ်သွားမယ်ထင်တယ်)

၎.. စာရေးတဲ့သူဆိုတာ .. ကိုယ့်စိတ်ကူးထဲက အကြောင်းအရာကို
တစ်ကယ်ဖြစ်သယောင်ယောင်.. လက်တွေ့ကြုံခဲ့ရသလိုလို ရေးတတ်ကြတယ်
ဒါကတော့ စာရေးသူတွေရဲ့ .. အကျင့်ပါပဲ ...
ကျွန်တော်လဲ တစ်ချို့ အကြောင်းအရာတွေမှာ အပြင်မှာ တစ်ကယ်မဆုံဖူးသူတစ်ယောက်ကို
ဇတ်ကောင်ထားပြီး ကိုယ်ပြောချင်တာကို ကိုယ်ပေးချင်တဲ့ မတ်ဆေ့ကို စာဖတ်သူတွေရအောင်
ရေးတတ်တယ်..

အဲလိုများ ..ဆရာဆယ်တစ်ယောက် ... စိတ်ကူးနဲ့ လက်ဘက်ရည်ဆိုင်ကလူငယ်တစ်ယောက်ကို
ဖန်တီးပြီး .. ချရေးထားတာရော မဖြစ်နိုင်ဘူးလား

...

ကဲပါဗျာ ..စာလည်းရှည်ပြီ

ဒီစာကို ရေးရတာ ..ခင်ဗျားမိတ်ဆွေတွေရော .. ဖတ်မိတဲ့ သူအားလုံး
ဆင်ခြင်သုံးသပ် ယုံနိုင်အောင် ကျွန်တော့်အမြင်ကို ရေးပြတာပါ

ခင်ဗျား စာကို ဖတ်ပြီး တော်တော် ကြောက်သွားတယ်ဗျာ
စာထဲက အကြောင်းအရာတွေကြောင့် မဟုတ်ပါဘူး..
ဒ်ီလို စာကို ရေးပြီး သွေးဆူစေတဲ့ ခင်ဗျားလုပ်ရပ် တစ်ခုကိုပါ

လက်ရှိ အစိုးရအနေနဲ့ ... မြန်မာပြည်မှာ လူမျိုးခြား ပဋိပက တွေ ငြိမ်းစေချင်ရင်
ခင်ဗျားလို လူမျိုးကိုလဲ ... ဖမ်းဆီး အရေးယူဖို့ လိုအပ်မယ်လို့ မြင်လာမိတယ်

ဆရာဆယ် ခင်ဗျား သိပ်ကြောက်စရာကောင်းပါလားဗျာ
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>