Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆိုချီအိုလံပစ်ကို ကြိုဆိုလိုက်သည့် အီရီနာရှက်ခ်

$
0
0




ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့
ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စီစဉ်မှု ညံ့ဖျင်းမှုများအတွက် စွပ်စွဲမှုများ ထွက်ပေါ်နေသည့်တိုင် အီရီနာရှက်ခ် အနေဖြင့်မူ ဆိုချီဆောင်းရာသီ အိုလံပစ်အတွက် အပြည့်အဝ ကျေနပ်ဂုဏ်ယူနေသည်။ ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် အီရီနာအနေဖြင့် ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဗလာကျင်းလျှက် ရှိစေကာ ဆိုချီ(၂၀၁၄)ဆိုသော စာတမ်းပါ လက်အိတ်လေး နှစ်ခုဖြင့် ရင်သားများကို ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ဆိုချီအိုလံပစ်အတွက် သူမဝယ်ယူထားသည့် လက်မှတ်ကိုလည်း ဓာတ်ပုံရိုက်ကာ အီရီနာက Instagramတွင် လွှင့်တင်ခဲ့သေးသည်။

အသက်(၂၈)နှစ်ရှိ အီရီနာသည် လတ်တလောတွင် ရုရှားသို့ ခေတ္တပြန်ရောက်နေပြီး ချစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒို၏ မွေးနေ့တွင် အတူရှိမနေခဲ့ချေ။ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်တွင် ကစားနေသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်လ်ဒိုသည် ဗုဒ္ဓဟူးနေ့က အသက်(၂၉)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်သည့် ရော်နယ်လ်ဒိုအတွက် ယခုနှစ် မွေးနေ့ပွဲတွင် ချစ်သူနှင့် ကင်းကွာနေသလို အနီကတ် ပြစ်ဒဏ်ကြောင့် (၃)ပွဲအပယ်ခံထားရပြန်သောကြောင့် ပျော်စရာ အကောင်းဆုံး ဖြစ်ခဲ့ဟန် မရှိကြောင်း သတင်းများက ဖော်ပြသွားသည်။  

From: Planet Myanmar Network

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>