Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မီးလောင်ရာလေပင့်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့

$
0
0
ဖေဖော်ဝါရီလ ၂ရက်နေ့က ကုန်သည်ကြီးများဟော်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ Kenneth Rotက မြန်မာအစိုးရဟာ မီဒီယာဖိနှိပ်မှုတွေ ပြုလုပ်ဆဲဖြစ်ကြောင်းပြောခဲ့သဗျ။

အဲဒီထဲမှာ ပြီးခဲ့တဲ့အပတ်က ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခုလိုလက်လွှတ်စံပယ် ပြောခဲ့တယ်ဗျ။
ဂျာနယ်လစ်တွေအနေနဲ့ ပြည်သူတွေသိသင့်တဲ့အကြောင်းအရာကို ရေးသားဖော်ပြတဲ့အတွက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူတာ၊နိုင်ငံတော်သစ္စာဖောက်မှုအဖြစ်သတ်မှတ်တာတွေဟာ မဖြစ်သင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကိုယ်လုပ်သင့်တာကို လုပ်နေကြတာပဲ။ကိုယ့်ရဲ့ ခံစားချက်တွေ၊အမြင်တွေကို ဖော်ပြသူတွေအနေနဲ့ ရာဇ၀တ်ဥပဒေနဲ့ အရေးယူတာမျိုးမဖြစ်သင့်ပါဘူး။ တရားမ ဥပဒေနဲ့ပဲ အရေးယူသင့်တယ်တဲ့ဗျ။

ဒီဂျာနယ်မှာ ဘယ်လိုသတင်းတွေ ယူခဲ့ပြီး ၊ဘယ်လိုသတင်းတွေတင်ခဲ့တယ်၊ ဘယ်သူတွေရဲ့စကားကို ဘယ်လိုကိုးကားခဲ့ပြီး ဘယ်လောက်ခိုင်မာမှုရှိခဲ့တယ်၊နိုင်ငံအပေါ် ဘယ်လိုရိုက်ခတ်နိုင်ပြီး ဘယ်အထိ အန္တရာယ်ကြီးတယ်ဆိုတာ ထည့်မတွက်ဘဲနဲ့ နိုင်ငံကြီးသားမပီသစွာ ထင်ရာမြင်ရာစွတ်ပြောလိုက်တာ အဆင့်မရှိတာပဲဗျ။

ဒီလူဘယ်နိုင်ငံသားလဲ မသိပေမယ့် ဘယ်နိုင်ငံမှာမဆို မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေကိုတော့တိတိကျကျ လေးစားလိုက်နာရမှာ ဘယ်နိုင်ငံသားမဆိုပါ။ဒါကို တစ်ဘက်ပိတ်နားနဲ့ ဆင်ခြင်မဲ့စွာ ဘက်လိုက်ပြောတာတော့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလိုပါပဲဗျာ။

ကျုပ်ပြောမယ်။အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ၀ိကလိကိုပေးပို့ခဲ့တဲ့ စနိုဒန်ကို ဒီတိုင်းလွှတ်ထားလား။အူရားဖားလျားနဲ့ အသဲအသန်ခဲမှန်ပြီး လိုက်တောင်းနေတုန်းမဟုတ်လား။
ဘင်လာဒင်သုတ်သင်မှုမှာ ပါဝင်ခဲ့တဲ့ နေဗီဆီးလ်တစ်ယောက်ရဲ့ ရေးသားထုတ်ဝေမှုကိုရော ဒီတိုင်းလျစ်လျုရှုထားသလား။ဒါသဘောလောက်ပဲပြေတာတာ။

ပင်တဂွန်စစ်ဌာနချုပ်နဲ့ စမ်းသပ်ဧရိယာ၁၀မိုင်ပတ်လည်ကို ၀င်ရင်ဘယ်လို၅မိုင်အတွင်းဝင်လာရင် ဘယ်ညာဆိုတာတွေကရောဗျ။

မြန်မာပြည်သူတွေကို ခပ်အအ၊ခပ်နုံနုံတွေမှတ်နေတာလား။

ကျုပ်တို့ မြန်မာပြည်မှာမှ သတင်းသမားက ဥပဒေအထက်ရောက်ရမှာလား။

သတင်းသမားဆိုတိုင်း တံခါးမရှိ၊ဓားမရှိ သွားချင်ရာသွား၊လုပ်ချင်ရာလုပ်၊ရေးချင်ရာရေး တင်ချင်ရာတင် တရားစီရင်ခွင့်မရှိတော့ဘူးလား။

သူတို့တင်တဲ့ သတင်းအဆင့်ကရော ဘယ်လောက်မှန်ကန်တိကျမှုရှိသလဲ။

နျူကလီးယာ၊ဓာတုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာသိတရားဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုမှာ ဒီလိုစက်ရုံတွေရှိနေတယ်လို့ မဟုတ်တမ်းတရားသတင်းရယူပြီး မမှန်မကန်သတင်းပေးဖော်ပြတာ ကို ကျုပ်တို့အစိုးရက မျက်နှာလွှဲခဲပစ်နေရမှာလား။

ခင်ဗျားဇရှိရင် မြောက်ကိုရီးယားနဲ့တရုတ်၂နိုင်ငံထဲက တစ်နိုင်ငံလောက်ပဲသွားပြီး အဲဒီစကားမျိုး ပြောကြည့်။အရိုးဆွေးအောင် ထောင်ထဲမအောင်းရရင် ကျုပ်လည်လာဖြတ်။
ကုန်ကုန်ပြောရရင် အမေရိကန်(ဒါမှမဟုတ်) အစ္စရေးမှာ ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီစကားမျိုးပြောရင်တောင် ဟိုက ခင်ဗျားကိုဇိကိုင်ပြီး မောင်းထုတ်ကြမှာ.။

စောက်ရှက်မရှိ အနောက်ဘက်ငါးပိဆိုတာတာ ခင်ဗျားလိုလူမျိုးကိုပြောမှန်း ခုမှပဲကျောင်းမှန်းကန်မှန်း သိတော့တယ်။

From: Aung Zay

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>