Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လျှင် NLD မှာ သမ္မတလုပ်နိုင်မည့်လူ မရှိဟုဆို

$
0
0


 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) အားမ ပြင်ဆင် နိုင်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင် ပါက NLD ပါတီတွင် သမ္မတ ဖြစ်နိုင် ခြေရှိသူအား စီစဉ်ထားခြင်း မရှိကြောင်း အဆိုပါ ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက The Messenger ဂျာနယ် သို့ ပြောသည်။

““အဲဒီလို တော့ စီစဉ် ထားတာ မျိုးတော့ မရှိသေးပါဘူး။ အခုထိ ဗဟို အလုပ်အမှု ဆောင် အနေမျိုးနဲ့ စဉ်းစား ထားတာမျိုး မရှိသေးပါဘူး””ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

NLD ပါတီ အနေမျိုးဖြင့်၅၉ (စ) အားပြင်ဆင်ရန် ကြိုးစားခြင်း သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် မျှော်လင့်ခြင်း မဟုတ်ကြောင်း၊ တိုင်းပြည် အတွက် မဖြစ်သင့် သော ပြဋ္ဌာန်းချက် ကြီးအား အခြေခံ ဥပဒေ တွင်ထည့်သွင်း ထားခြင်း သည် ရှက်စရာ ကောင်းကြောင်း၊ အစိုးရ အနေ ဖြင့်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ပြောဆို ထားခြင်း မျိုးမရှိ သေးကြောင်း ၊ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ လုပ်ဆောင်ချက် အားလည်း ဝေဖန်ရန် စောသေး ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောကြား သည်။ ၅၉ (စ) ပြင်ဆင်ရန် ဆန္ဒပြ တောင်းဆို မှုများရှိသကဲ့သို့ ပြင်ဆင်လျှင် ကန့်ကွက် မည်ဟု ပြောဆို ထားသူများ လည်းရှိနေသည်။

““မြန်မာပြည် က အခုမှ ပါတီတွေ ထောင်ပြီးတော့ လုပ်ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဆိုသူတစ် ယောက် ထဲကို မူတည်ပြီး တော့ ဒီ ပါတီ ဖွဲ့ထားတာလေ။ ကျွန်တော် တို့ ကြံ့ခိုင်ရေး ပါတီကြတော့ အုပ်ချုပ်ရေး ပိုင်း အတွေ့ အကြုံတွေ အများကြီး ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆို သူလက်တွေ့ အုပ်ချုပ်ရေး မလုပ်ဖူး ဘူး။ စာတွေ့ ပဲရှိမယ်။ ဒီအတွေ့ အကြုံမရှိတဲ့ အတွက် နောက် မျိုးဆက်သစ်ကို ဘယ်လို မွေးရမယ် ဆိုတာ သူ မသိသေးဘူး၊ ကြံ့ခိုင်ရေး မှာကြ တော့ ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးရွှေမန်း တို့အများကြီး ရှိတယ်။ ပါတီတွေ ဟာ ဘယ်သူပြီး ဘယ်သူ တက်မယ်ဆိုတာ ကြိုတင်ပြင်ဆင် ထားတာ အကောင်း ဆုံးပဲ””ဟု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က The Messenger ဂျာနယ် သို့ ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ အကြံပြု တင်ပြစာ များ တွင် ၅၉ (စ) ပြင်ဆင်ရန် အကြံ ပြုချက် များလည်း ပါဝင်ကြောင်း အဆိုပါ ကော်မတီ အဖွဲ့ဝင် သူရ ဦးအောင်ကို ကပြောကြား ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည်သမ္မတ ဖြစ်လိုသည် ဟု တရား ၀င်ပြောကြား ထားသော် လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) အရ သမ္မတ မဖြစ်နိုင် ကြောင်း သိရ သည်။ ၅၉ (စ)အား မပြင်ဆင်လို သော သူများ လည်း ရှိနေရာဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ပါက NLD ပါတီ တွင် သမ္မတ ရာထူးနှင့် သင့်လျော်မည့် သူမျိုးကို စီစဉ်ထား သင့်ကြောင်း နိုင်ငံရေး သမားတချို့ ကဝေဖန် လျက်ရှိသည်။ လာမည့် ရွေးကောက်ပွဲ တွင် NLD ပါတီအနိုင် ရနိုင်ကြောင်း မြန်မာ့ နိုင်ငံရေး လေ့ လာသူ အချို့က ခန့်မှန်းလျက် ရှိသည်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>