Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လစ်ဘရယ် ဖောက်ပြန်ရေးသမား (သို့မဟုတ်) Myo Set

$
0
0

မပြောချင်လို့ ကြည့်နေတာ ကြာပြီ (၁)

ဒေါ်စု လော်ဘီလုပ်နေတာ ဘာမှကိစ္စမရှိပါဘူး။ အခုတော့ တဖြည်းဖြည်းနဲ့ ကိုရွှေလစ်ဘရယ် ဆိုတဲ့ တတ်ယောင်ကား မျိုးဆက် ဆိုတဲ့ အကောင့်က ဇာတိပြလာတဲ့အတွက် မနေသာတော့ဘဲ ၀င်ပြောရတာ ဖြစ်တယ်။

ဒေါ်စုကို လော်ဘီမကလို့ ဘော်လီပဲ မမ ပြောစရာ မရှိပါဘူး။ အခုတော့ ဘင်္ဂလီကိစ္စနဲ့ ဆက်စပ်ပြီး "1982 ဥပဒေဟာ လစ်ဘရယ်စံနှုန်းအရ ရက်စက်ရင့်သီးတဲ့ဥပဒေ ဖြစ်နေတော့ "ဆိုတဲ့စကား ထွက်လာတဲ့အတွက် ဒဲ့ပြောပါတယ်။

ဒေါ်စုဟာ ဘင်္ဂလီအရေးနဲ့ပတ်သက်ရင် ဘာကြောင့် လူနည်းစုကို ကာကွယ်ပေးချင်တာလဲ။ ဒါက ပထမဆုံး မေးရမယ့် မေးခွန်းပါ။ personal တွေ မပါကြေး ပြောရရင် ဒေါ်စုဟာ တိုင်းတပါးမှာ နေတာကြာလာပြီ ဖြစ်လို့ တိုင်းတပါးတန်ဖိုးတွေ စိမ့်ဝင်နေတယ်။ ဒေါ်စုမိတ်ဆွေ ဂျပန်အမျိုးသမီးရဲ့ ပြောကြားချက်အရ အာရှတန်ဖိုးနဲ့ မြန်မာယဉ်ကျေးမှုကို ဂျပန်ရောက်မှ နားလည်သဘောပေါက်လာခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အ၀ါ ဘာလဲ ဆိုတာကိုလည်း ဂျပန်ရောက်မှ သိလာခဲ့တာ။ အင်္ဂလန်မှာနေတဲ့အချိန်တစ်လျှောက်လုံး ဒေါ်စုဟာ အင်္ဂလန်နိုင်ငံ လူ့အဖွဲ့အစည်းမှာ စိမ်ဝင် ပျှော်ဝင်ဖို့ ကြိုးပမ်းခဲ့ရတာပဲ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အသဲအသန် လေးစားတဲ့ အဆိုတော်မကြီးတစ်ယောက်က ဒေါ်စုကို အမျိုးဂုဏ် ဇာတိဂုဏ်တွေ ထည့်ပေးခဲ့ပေမယ့် လက်မခံခဲ့ဘူး။

ပြည်ပမှာအနေကြာရင် ပြည်ပနိုင်ငံခြားသားကို ယူမိမှာပဲ ဆိုတဲ့စကားဟာ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တစ်ယောက်က ကိုယ်ဘာ ဆိုတာ သိတာပဲ။ သိလည်းသိရမှာပဲ။ ဒါဖြင့်ရင် အောင်ဆန်းဦး ဘာဖြစ်လို့ နိုင်ငံခြားသူ မယူတာလဲ။ ဒီကနေ့အထိ ဘာဖြစ်လို့ ဗိုလ်ချုပ်အမွေကိစ္စ အပြင်းအထန် ဖြစ်နေရတာလဲ။ ၈၈ တုန်းက အောင်ဆန်းဦးကို အရင်စင်တင်တာ မအောင်မြင်တဲ့အတွက် ဒေါ်စု စင်ပေါ်ရောက်လာတာ အမှန်တရားပါ။ ပြည်ပမှာ အနေကြာလို့ နိုင်ငံခြားသားကို ယူရတာ ဆိုတဲ့စကားက ခင်ဗျားပါးစပ်က ထွက်ရင် လက်ခံနိုင်တယ်။ ကျွန်တော့်ပါးစပ်က ထွက်ရင် လက်ခံနိုင်တယ်။ ဒီစာကို ဖတ်နေတဲ့ မြန်မာတွေ ပြောရင် လက်ခံနိုင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း သမီး ပြောတာကိုတော့ လက်မခံနိုင်ဘူး။

အခု အမေရိကန်မှာရော်ကနေတဲ့ အဲရစ်မြင့်ဆန်းအောင် ဘယ်လိုဖြစ်နေလဲ ခင်ဗျား စုံစမ်းကြည့်ပါဦး။ မျိုးရိုးဇာတိ ဆိုတာ အလကား မဟုတ်ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မျိုးဆက်တွေ ဒီလို ဖြစ်အောင် လုပ်ခဲ့တဲ့ သူဖြစ်တဲ့အတွက် မြန်မာမျိုးဆက်တွေ ဒီလိုဖြစ်လာနိုင်တယ် ဆိုတဲ့ အတိုက်အခံတွေရဲ့ ယူဆချက်က မမှန်ပေမယ့် မှားတယ် လို့ ပြောလို့ မရဘူး။ သံဃာတော်တွေက ဘင်္ဂလီတွေကို ပစ်မှတ်ထားပြီး မျိုးစောင့်ဥပဒေကို လုပ်တယ်။ သူတို့က ဒေါ်စုကို ပစ်မှတ်ထားတာ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်စုက ဒဲ့ကြီး ခံလိုက်ရသလို ဖြစ်သွားတယ်။ မျိုးစောင့် ဆိုကတည်းက သူ့ကို ဆော်သလို ဖြစ်နေတယ်။ ဒါနဲ့ပဲ သံဃာထုနဲ့ ဆက်ပြီး ဆန့်ကျင်ဘက် ဖြစ်လာတာပဲ။

သမိုင်းနဲ့ချီပြီး ပြောကြကြေးဆိုရင် ၈၂ ခုနှစ် နိုင်ငံသားဥပဒေ ရက်စက်ရင့်သီးတယ် လို့ ခင်ဗျားက ဘယ်စံနှုန်းနဲ့ ကြည့်ပြီး ပြောရတာလဲ။ လူဦးရေဘီလီယံနဲ့ ချီတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာရှ နိုင်ငံတွေအကြားမှာ ရှိတဲ့ ဒီနိုင်ငံဟာ အမြဲတမ်း ဆင်းရဲမနေဘူး။ နောင်လာမယ့် နှစ် ၅၀ မှာ ပြန်ပြီးချမ်းသာလာမယ်။

NLD တက်မှ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ တန်ဖိုးအရကို ပြန်ပြီးချမ်းသာလာမယ်။ ၈၂ ခုနှစ်ကို ပြန်ကြည့်ရင် ဆိုရှယ်လစ်စီးပွားရေးနဲ့ သွားနေတုန်း၊ ယက်ကန်ယက်ကန် ဖြစ်နေတုန်းကာလ။ ဒီကာလမှာ အိမ်နီးချင်းနိုင်ငံတွေ အနေအထားကို ပြန်တွက်ကြည့်။ တရုတ်တွေ ငတ်ပြတ်ပြီး ကမ္ဘာအနှံ့သွားကြတော့ မြန်မာနိုင်ငံကိုလည်း ရောက်လာခဲ့ကြတာပဲ။ ကုလားတွေ စစ်ဖြစ်ပြီး နိုင်ငံတွေကွဲ မြန်မာနိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ်။ ဒီကမှ အရှေ့-အနောက် ပါကစ္စတန် ပေါ်လာတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ ပေါ်လာတယ်။

စီးပွားရေးကောင်းလာရင် ပြည်ပသားတွေ စီးဝင်လာမယ်။ ဒီသင်ခန်းစာ ကမ္ဘာမှာ နေရာတိုင်းမှာ ရှိတယ်။ အာရှကျားတွေ စီးပွားရေးတက်လာတော့ နိုင်ငံသားကိစ္စ ဘယ်လိုထိန်းချုပ်သလဲ။ ဂျပန်မှာ မူဆလင်တွေ ကြီးထွားလာတာ ရှိသလား။ တောင်ကိုရီးယားမှာ မူဆလင်တွေ ကြီးထွားလာတာ ရှိသလား။ သြစတြေးလျမှာ မူဆလင်တွေ ကြီးထွားလာတာ ရှိသလား။ သူတို့ ဘာနဲ့ ထိန်းသလဲ။ ခင်ဗျား အသုံးအနှုံးအရ ရက်စက်ရင့်သီးတဲ့ နိုင်ငံသားဥပဒေနဲ့ ထိန်းတယ်။ ကာတယ်။ ပိတ်ထားတယ်။

ရက်စက်ရင့်သီးတယ် ဆိုတဲ့ ခင်ဗျားစကားက တော်တော်လေးကို အောက်တန်းကျပြီး နိုင်ငံချစ်စိတ် အမျိုးချစ်စိတ် မရှိတဲ့ စကား လို့ပဲ ကျွန်တော် ဒဲ့ပြောချင်တယ်။ ခင်ဗျား နိုင်ငံခြားသား ခံယူချင်ရင် စိတ်ကြိုက်ခံလိုက်။ အေး....ဒါပေမယ့် ဒီနိုင်ငံသားတွေကိုတော့ သစ္စာ မဖောက်နဲ့ လောက်ကောင် မလုပ်နဲ့။

ကမ္ဘာ့သမိုင်း ပြန်ကြည့်။ ခရူးဆိတ်စစ်ပွဲ အလကားပေါ်လာတာ မဟုတ်ဘူး။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း မူဝါဒ ကမ္ဘာတည်သရွေ့ ဒီပုံစံအတိုင်း သွားမယ်။ ဘာဖြစ်လို့လဲ။ ခင်ဗျား အသိခေါက်ခက် အ၀င် မနက်ရင် သိပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာမှာ strong အဖြစ်ဆုံးနိုင်ငံ၊ သီရိလင်္ကာနဲ့ မြန်မာဟာ ဒီဘာသာမှာ ထိပ်တန်းဦးဆောင်နိုင်ငံတွေပဲ။ ဒီနိုင်ငံ ၂ နိုင်ငံမှာ ဘာတွေ့ ဖြစ်နေသလဲ ဘာတွေ ဖြစ်ခဲ့သလဲ ပြန်ကြည့်ရင် ထူးခြားချက်တွေ ရှိတယ်။

ဒီစတေးတပ်ကို ဘာကြောင့် တင်ရသလဲ ဆိုရင် ခင်ဗျား နောက်မှာ လိုက်နေတဲ့ ပရိသတ်တွေ ရှိတယ်။ အဲဒီ ပရိသတ်တွေ စာမဖတ် ပေမသိနဲ့ ခင်ဗျား ပြောတာ အဟုတ် ထင်သွားမှာစိုးလို့ပဲ။

ဒေါ်စုက လစ်ဘရယ်စံနှုန်းနဲ့ အမျိုးသားရေးကို မကွဲမပြား လုပ်နေတာ လို့ ခင်ဗျားက သုံးသပ်ချင်ပုံရတယ်။ တစ်ကယ်တမ်းက လစ်ဘရယ်ပဲ ဖြစ်ဖြစ် ကွန်ဆာဗေးတစ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် တစ်ကယ်တမ်း အခြေခံရတာက ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ အကျိုးစီးပွားပဲ။ လူ့အခွင့်အရေး၊ လစ်ဘရယ်တန်ဖိုးတွေ အမေရိကန် ဦးဆောင်ပြီး ကမ္ဘာကို တင်ပို့ခဲ့တာပါ။ စစ်အေးအပြီး ဒီတန်ဖိုးတွေ မားကက်တင်း မလိုဘဲ ပြန့်နှံ့ဖြန့်ချိနိုင်ခဲ့တာ မဟာဗျူဟယာပဲ။ အဓိကအချက်က ကိုယ့်ပြည်သူတွေ ချမ်းသာဖို့ပဲ။ ဒါကို လစ်ဘရယ်နဲ့ ထောက်တယ်။ ကွန်မြူနစ်နဲ့ လက်ဝဲနိုင်ငံတွေ လစ်ဘရယ် လမ်းကို လျှောက်လာအောင် လစ်ဘရယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတယ် ဆိုတဲ့ သာဓကနဲ့ ဆွဲဆောင်ခဲ့တာ။

လူ့အခွင့်အရေး ဆိုတာကလည်း စစ်အေးတစ်လျှောက်လုံး ကွန်မြူနစ်၊ ဆိုရှယ်လစ် ဆိုတဲ့ လက်ဝဲ နိုင်ငံတွေကို ဖိအားပေးဖို့ မြှင့်တင်ခဲ့တာ။ အခု US ကိုယ်တိုင် ကိုယ်မွေးတဲ့မျောက် မနိုင်တော့ဘူး။ တာလီဘန်တွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့ US ၉-၁၁ နဲ့ ပက်ပင်းတွေ့ရတယ်။ အာဏာရှင်တွေ လက်ဝဲနိုင်ငံတွေကို ဖြိုခွဲဖို့ မြှင့်တင်ခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အစ္စလာမ်သူဌေးနိုင်ငံတွေ ထိန်းချုပ်သွားခဲ့ပြီ။ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုတာမှာ နိုင်ငံတကာ မူဆလင်အခွင့်အရေးတွေပဲ အစားထိုး နေရာယူလာနေပြီ။ ဒါက အန်ကယ်ဆမ် စခဲ့တဲ့ ဇာတ်လမ်း။ သူလဲ ပြန်မထိန်းနိုင်တော့ဘူး။

လစ်ဘရယ်အမေရိကန် ၉/၁၁ နဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေ ဘယ်လိုကခဲ့သလဲ။ UN ခွင့်ပြုချက် မယူဘဲ အီရတ်ကို ၀င်တိုက်တယ်။ နေတိုးမျက်နှာဖုံးနဲ့ အာဖဂန်ကို ၀င်ဆော်တယ်။ နေတိုးအမည်ခံပြီး လစ်ဗျားကို ၀င်ချတယ်။ လက်ရှိအီဂျစ် စစ်ပွဲ မပြီးသေးတာ အမေ၇ိကန်ရဲ့ ဗျူဟာပဲ။ လူတွေ သောက်သောက်လဲ သေတယ်။ မူဆလင် လူဦးရေထိန်းချုပ်ရေးက ဒီလိုသွားတယ်။

၉/၁၁ ပြီးတော့ us မှာရှိတဲ့ မူဆင်တွေ အာရပ်တွေ ဘယ်လိုဆွဲစေ့ခဲ့လဲ။ ဘယ်သူ တစ်ခွန်းပြောသလဲ။ အမြဲတမ်းစောင့်ကြည့်ခံလူသားတွေဟာ အဲဒီပုဂ္ဂိုလ်တွေပဲ။ ဥရောပနိုင်ငံတွေမှာ ခေါင်းမြီးခြုံခွင့် မပေးဘူး။ မြန်မာနိုင်ငံမှာ ရခိုင်အရေးပြီးတော့ တဖြည်းဖြည်းနဲ့ ခေါင်းမြီးခြုံတွေ များလာတယ်။ အခု ဆိုရင် သူတို့က ခေါင်းမြီးခြုံ မဟာဗျူဟာကို ချနေပြီ။ ဒါကို ဘယ်သူတွေ သတိထားမိသလဲ။ ဘယ်သူတွေ ထောက်ပြတာ ရှိသလဲ။

ဒေါ်စုအနေနဲ့ ရှင်းရှင်းလေးပဲ။ မြန်မာနိုင်ငံကို ခေါင်းဆောင်ပြီး အုပ်ချုပ်ချင်တာလား။ ကမ္ဘာမှာပတ်သွားပြီး လူ့အခွင့်အရေးတရားဟောမှာလား။ ပြတ်ပြတ်သားသား ရှိတယ်။ မြန်မာနိုင်ငံကို အုပ်ချုပ်မယ် ဆိုရင် ဒီနိုင်ငံ၊ ဒီပြည်သူအတွက်ဘဲ ကြည့်ရမယ်။ နိုင်ငံနဲ့ ပြည်သူအတွက် လုပ်တဲအခါမှာ တစ်ခါတစ်ခါ နိုင်ငံတကာစံနှုန်းတွေ မေ့ထားရမှာပဲ။ ကိုယ့်နိုင်ငံအတွက်ပဲ လုပ်ရမှာကိုး။

အေး ဒါပေမယ့် နိုင်ငံတကာစံနှုန်းနဲ့ ညီချင်ရင်တော့ ဒီနိုင်ငံအတွက် ဒီပြည်သူအတွက် ဆိုတဲ့ စကား ဘယ်တော့မှ မပြောပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ နိုင်ငံနဲ့ ပြည်သူအတွက် ဘယ်သူ ဘာပြောပြော လုပ်တယ်။ ဘယ်သူ ရှုတ်ချချ လုပ်တယ်။ ဒါ့ကြောင့် ပြည်သူက ချစ်တာ။

နိုင်ငံ့ခေါင်းဆောင်ဆိုတာ ကိုယ့်ပြည်သူကိုပဲ အာရုံစိုက်ရမယ်။ ကြည့်ရမယ်။ ပြည်သူကို ဦးစားမပေးနိုင်ရင်တော့ ခေါင်းဆောင်မလုပ်နဲ့။ အခု မြန်မာနိုင်ငံက ပြန်လညထူထောင်နေရတာ။ ရဲရင့် ပြတ်သားတဲ့ ခေါင်းဆောင် လိုတယ်။ ဒေါ်စုလို တွေဝေပြီး ဟိုလိုလို ဒီလိုလို အခုတမျိုး တော်ကြာတမျိုး လုပ်နေရင် တိုင်းပြည်က ဝေ့လည်ကြောင်ပတ်ဖြစ်သွားမယ်။

ပြီးခဲ့တဲ့ လူထုဟောပြောပွဲတွေမှာ ပြည်သူတွေကို ပြောခဲ့တာက ကျွန်တော် ကျွန်မ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုပါတယ် ဆိုတာပဲ ရေး၊ အောက်က လက်မှန်ထိုး အမည် လိပ်စာ ထည့်၊ ဒါဆိုရင် ရပြီ တဲ့။ ဒါ သူ ပြောခဲ့တာ။ အခု ၅၉(စ)မပြင်ဖို့ ပေးပို့တဲ့ ပြည်သူတစ်သိန်းကျော်စာတွေကိုတော့ ဘာမှတိတိကျကျ မရေးထားဘူး။ မခိုင်လုံဘူး ဆိုပြီး ဝေဖန်တယ်။ ဒါဒေါ်စုရဲ့ ရှေ့-နောက် မညီတာကို ပြတာ။ ထောက်ပြရရင် အများကြီး ရှိပါသေးတယ်။

ဘင်္ဂလီအရေးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မပြတ်သားနိုင်တဲ့ ခေါင်းဆောင် ဖြစ်နေတာကို မြင်နေရတာ ဖြစ်တဲ့အတွက် ဒီလို ခေါင်းဆောင်မျိုးကို တိုင်းပြည်နဲ့လူမျိုးက ပြန်စဉ်းစားနေတာ အဆန်းတော့ မဟုတ်ပါဘူး။

အချိန်ရရင် အချက်အလက် အသေးစိတ် ပြန်ပြီး ရေးချင်ပါသေးတယ်။

ခင်မင်စွာဖြင့်

From: ပလေတိုဒီမို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>