Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၂ ခုနှစ် ဥပဒေနှင့် ၅၉(စ)ပြင်ဆင်ရန် ရေးသားဖော်ပြနေသော ဂျာနယ်များ သမိုင်းကို လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော်ဟောကြား

$
0
0



ပြည်သူများအကြားတွင် ၀ိဝါဒကွဲပြားလျက်ရှိသော ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး အား မည်သို့ သဘောထားရမည်ကို သံဃာများက ဟောကြားလျက် ရှိရာ မကြာသေးခင်ကပင် ဓမ္မဒူတဆရာတော် အရှင် ပညာဝရ၏ ရှင်းလင်း ပြတ်သားသော ဟောကြားချက် ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။
အရှင် ပညာဝရသည် ချမ်းသာလေးမျိုးတရားတော်ကို ဟောကြားရာတွင် ဗုဒ္ဓ ဘာသာဝင် ပြည်သူလူထု အသိအမြင်ကျယ်ပြန့်စေရန် ရှင်းလင်းပြောကြားခဲ့ ခြင်း ဖြစ်ကြောင်း၊ သတင်းဂျာနယ်များတွင် ရေးသား ဖော်ပြထားသည့် ရေးသားဖော်ပြချက်များ မှားယွင်းနေကြောင်း၊ ယင်းအမှားများကို အမှန်ထင်ကာ နိုင်ငံအတွက် ကြီးမား လှသော အမှားများ ဖြစ်ပေါ်လာခြင်း မရှိစေရန် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဆရာတော် ဟောသွားတာ အရမ်းရှင်းတယ်။ နားလည်လွယ်တယ်။ အစက ဂျာနယ်တွေ ဖတ်ပြီး သူတို့ရေးတာ ဟုတ်နိုးနိုးထင်နေတာ အခုမှပဲ ရှင်းသွားတယ်။ တော်တော်ကို ကြောက်စရာကောင်းတယ်ဗျ"ဟု တရားနာ ပရိသတ်ပြည်သူတစ်ဦးက ပြောဆိုသည်။

ဆရာတော်ကြီးက ဗိုလ်ချုပ်အောင်ဆန်းတို့ ဆောင်ရွက်ခဲ့သည့် အကြောင်းရင်းများ၊ OIC နှင့် ဆက်စပ်နေမှုများ၊ သမ္မတ ဖြစ်မည့်သူ ပြည့်စုံရမည့် အရည်အချင်းများ စသည်တို့ကို ပြည်သူများ နားလည်စေရန် စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့ကြောင်း၊ သူများက ပြင်မယ် ပြောတိုင်း ယောရောင် မလိုက်မိစေရန် အရေးကြီးကြောင်း၊ ၅၉(စ)ကို ထည့်သွင်းရေးဆွဲခြင်းသည် ဒေါ်အောင်ဆန်း စုကြည် သမ္မတ မဖြစ်စေရန် ဖြစ်သည် ဟု ပြောကြားနေခြင်းများသည် သမိုင်းကို လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း၊ ၅၉(စ)သည် လုံးဝ မပြင်သင့် ကြောင်း ဟောကြားခဲ့သည်။

၅၉(စ)ရေးဆွဲထားရခြင်းမှာ နိုင်ငံခြားသြဇာခံနိုင်ငံဖြစ်သွားမည် စိုး၍ ဖြစ်ကြောင်း၊ အမျိုးသမီးက သမ္မတလုပ်လျှင် ၄င်း၏ ခင်ပွန်းမှာ နိုင်ငံခြားသားဖြစ်မည်ဆိုလျှင် နိုင်ငံခြား၏ ကျေးဇူးခံသစ္စာခံ ဖြစ်ပြီးတော့ သူများလက်အောက်ခံ ဖြစ်မှန်းမသိ ဖြစ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ မဖြစ်စေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၄၇ အခြေခံ ဥပဒေတွင် ပါလီမန်အမတ်ကိုသာ ကန့်သတ်ထားခြင်း ဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေတွင် သမ္မတကို ကန့်သတ်ထားခြင်း ဖြစ်သည် ဟု ပြောကြသည်များ ရှိကြောင်း၊ ထိုစဉ်က ပါလီမန်အမတ်ဖြစ်သူများကိုသာ သမ္မတ ပြန်လည် ရွေးချယ်ခြင်း ဖြစ်၍ သမ္မတကို ကန့်သတ်ခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း၊ ယနေ့ ဂျာနယ်များ ရေးသားဖော်ပြနေကြသည်မှာ သမိုင်းကို လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း ဆရာတော်က ဟောကြားခဲ့သည်။

ရည်ညွှန်း-မျိုးစောင့်သူ

အရှင်ပညာဝရ၏ ဟောကြားချက် ဗီဒီယို ဖိုင်ကိုဒီမှာ  ကြည့်ရှု နာယူနိုင်ပါသည်
From:မျိုးစောင့်သူ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>