Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လမ်းကြုံရင် ထင်လင်းဦးကို ပြောပေးပါ

$
0
0


***MNN က တော်တော့်ကို အောင်မြင်သွားပါတယ်***

ဆယ်စုနှစ် နှစ်ခု အတွင်းမှာ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နှိုင်းယှဉ်ဖော်ပြခံရတဲ့သူ မပေါ်ခဲ့ဘူး။

နှစ် ၂၀ ကျော်မှ လက်ရှိသမ္မတ ဦးသိန်းစိန် ပေါ်လာတယ်။ ပြောရရင်တော့ လက်ရှိ လွှတ်တော်နာယက ဦးရွှေမန်းတောင် နှိုင်းယှဉ်ခံရတဲ့အဆင့်မှာ မရှိဘူး။

ဒီ ပုဂ္ဂိုလ်ကြီး နှစ်ယောက်က ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ၊ လက်ရှိနိုင်ငံရဲ့ ခေါင်းဆောင်တွေဆိုတော့ နှစ်ယောက်သား နှိုင်းယှဉ်စရာ ဖြစ်ပြီး ထောက်ခံသူများတာ မဆန်းဘူး။

ခု ရက်ပိုင်းလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည် နှင့် နှိုင်းယှဉ်ရမည့်သူများ ပေါ်လာပြန်တယ်။ ပေါ်လာပြန်တယ် ဆိုတာက NLD ပါတီကိုယ်တိုင်က နှိုင်းယှဉ်လာတာပါ။ မြန်မာအမျိုးသားကွန်ရက်အဖွဲ့က မထင်မရှား အညတရ လူငယ်များပါ။ သိကြတဲ့အတိုင်း ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စားရိတ်ကိုယ်ခံပြီး ကိုယ့်သဘောဆန္ဒကို ဖော်ထုတ်တဲ့ ဟောပြောပွဲက အောင်မြင်သွားပြီလေ။
ဒီပွဲက ၅၉ (စ) ထောက်ခံပွဲ။ နှိုင်းယှဉ်စရာ ရှိတာက NLD က ဦးကိုနီတို့ ပြုလုပ်တဲ့ ၅၉ (စ) ကန့်ကွက်ပွဲ။

ဒါပေမယ့် အဖြေက ယှဉ်စရာမလိုပဲ သိသာလွန်းသွားတယ်။ အင်အားလည်း ကြည့်ဦးလေ။ MNN ကိုယ့်စားရိတ်ကိုယ်စား ၅၉ (စ) ထောက်ခံပွဲက အင်အား ကွင်းပြည့်ရှိစဉ်မှာ NLD ၅၉ (စ) ကန့်ကွက်ပွဲက မီဒီယာက သတင်းယူတဲ့သူနှင့် နေ့စားသမား ပေါင်းတာတောင် ခွေးလုံးပွဲ လူဝိုင်းကြည့်သလောက် မရှိဘူး။

MNN နှင့် NLD နှိုင်းယှဉ်ချက်၊ ၅၉ (စ) ထောက်ခံ နှင့် ကန့်ကွက် နှိုင်းယှဉ်ချက်မှာ ကုလားကိုနီတို့ရဲ့ NLD က ကန့်ကွက်ပွဲက MNN ရဲ့ ထောက်ခံပွဲကို လုံးဝ မယှဉ်နိုင်ကြောင်း ထင်ရှားနေပါတော့တယ်။

MNN ရဲ့ အောင်မြင်မှု အတိုင်းအတာက ထင်ထားတာထက် အများကြီး အောင်မြင်သွားပါပြီ။ ဘာ့ကြောင့်လဲဆိုရင် MNN မှ ဂုဏ်ဒြပ်၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ အာဏာ၊ ရာထူး လက်ကိုင်မရှိ၊ ထောက်ပံ့သူမရှိ၊ ကိုယ့်စားရိတ်ကိုယ်စား အညတရ MNN လူငယ်လေးတွေကို ကမ္ဘာကျော် နိုဗဲလ်ဆုရှင် လျှမ်းလျှမ်းတောက် ဒေါ်အောင်ဆန်းစုကြည် နှင့်တောင် နှိုင်းယှဉ်လာရလို့ပါ။

ပိုပြီး ဂုဏ်ယူမိတာက NLD တွေ ကိုယ်တိုင်က ဒီလို နှိုင်းယှဉ်လာလို့ပါ။

MNN လူငယ်တစ်စုကို လွန်စွာ ဂုဏ်ယူမိပါသည်။ MNN အနေနှင့် NLD ၏ ၅၉ (စ) ကန့်ကွက်ပွဲများ နှင့် ယှဉ်ထိုးနိုင်လောက်သည်အထိသာ မျှော်မှန်းထားပါသည်။ ယခုလို နိုဗဲလ်ဆုရှင်၏ မဲဆွယ်စည်းရုံးပွဲများနှင့် နှိုင်းယှဉ်ခံရ၍ လွန်စွာ ဂုဏ်ယူမိပါသည်။ လူ ၅၀ ခန့် အဖွဲ့အစည်းဦးဆောင်သူ အညတရများက လူ သိန်းချီ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်၊ နိုဗဲလ်ဆုရှင် နှင့် နှိုင်းယှဉ်ခံရ၍ လွန်စွာ ဂုဏ်ယူမိပါသည်။

နောက်ဆုံး ကောက်ချက်ချမိသည်က MNN ၏ ၅၉ (စ) ထောက်ခံပွဲသည် NLD မှ ကုလားကိုနီ၊ ထင်လင်းဦး စသူတို့၏ ၅၉ (စ) ကန့်ကွက်ပွဲထက် အစစအရာရာ သာလွန်ခဲ့လေပြီ။ MNN ၏ အရှိအဝါသည် နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် နှိုင်းယှဉ်ရလေပြီ။ ( မခံယူဝံ့ပါ။ သို့သော် NLD ကိုယ်တိုင်က နှိုင်းယှဉ်လာ၍ ဂုဏ်ယူစွာ လက်ခံရပါသည်။ :D)

လူပုဂ္ဂိုလ်ရေး အားနာမိသော်လည်း NLD မှ ထင်လင်းဦးအား ပြောစရာစကားတစ်ခုအား ရှိသည်။ လမ်းကြုံက စကားပါးလိုက်ကြပါကုန်။

///ထင်လင်ဦးသည် NLD ၌ ဒေါ်အောင်ဆန်းစုကြည်၏ ထမိန်ထုပ်ကိုင်၊ အတွင်းခံလျှော် အဆင့်လောက်သာ ရှိသည်။ ယခုအခါ MNN မှ ကိုသီရိမောင်၊ နောင်တော်လေးတို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် နှိုင်းယှဉ်ခံနေရသော အဆင့်ဖြစ်နေပြီဖြစ်သည်။ A=B; A>C then B>C ဟူသော ယူဆချက်အရ ဒေါ်အောင်ဆန်းစုကြည် = MNN; ထင်လင်းဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းခံလျှော် အဆင့်; သို့ဆိုလျှင် ထင်လင်းဦးသည် MNN မှ ကိုသီရိမောင်၊ နောင်တော်လေးတို့၏ ပုဆိုးအား လျှော်ပေးရသောအဆင့် (အားနာ၍ အတွင်းခံအစား ပုဆိုးဟု ပြင်လိုက်သည်) မျှသာ ရှိသည်။ ///

ထင်လင်းဦးအား ပြောဖြစ်အောင် ပြောလိုက်ကြပါ။ ကိုယ့်အဆင့်ကိုယ်သိပါ။ တူမှတု။....လို့။
From: Myo Min Thant

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>