ကျွန်တော် ကိုကျော်မြင့်ပါ။ ယခုဆေးရုံတက်ရောက်နေရတဲ့ သမီးလေးလှကေသွယ်ခိုင်ရဲ. ဖခင်ပါ။ ကျွန်တော်.ဇနီးဆုံးပါးသွာံးပြီးနောက် ကျွန်တော်ရယ် သမီးကြီး လှကေသွယ်ခိုင်ရယ်၊ သားလေး ကျော်ကျော်ထွန်းရယ် မိသားစု(၃)ယောက် ရိုးသားအေးချမ်းစွာ ဘ၀ကိုရုန်းကန်ခဲ့ကြပါတယ်။ ကျွန်တော်ပညာမတတ်ခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော့် သမီးနဲ.သားကို ပညာတတ်ကြီးတွေဖြစ်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားပါတယ်။ ကျွန်တော် ကွမ်းယာဗန်းလေး လည်ပင်းဆွဲပြီး ရန်ကုန်မြို.လည် ကျောက်တံတား မြို.နယ်တွင်းမှာလိုက်ရောင်းပါတယ်။
သမီးနဲ.သားကို ကျွန်တော်ဈေးရောင်းတဲ့ အနားနီးတဲ့ ကျောက်တံတားအထက မှ ကျောင်းထားပါတယ်။ အခု သမီးကြီး လှကသွေယ်ခိုင်က (၁၀)တန်း၊ သား ကျော်ကျော်ထွန်းက (၇)တန်းပါ။ နေ.စဉ်ကတော့ မနက်ဆိုရင် သားအဖ(၃)ယောက် အိမ်ကထွက်လာပြီး သူတို.က ကျောင်းတက်ပါတယ်။ သမီးကြီးကနေ.ခင်းကျောင်းပြီးရင် ကျူရှင် ဆက်တက်ပါတယ်။ ညနေ သားကျောင်းကဆင်းရင် သမီးကိုလည်း ကျူရှင်ကြိုပြီး သားအဖ(၃)ယောက် အိမ်ပြန်ကြတော့ဗျာ။
ကျွန်တော်တို. ဒဂုံဆိပ်ကမ်းမြို.နယ်၊ ယုဇနအိမ်ရာ၊ စီ(၁၀)လမ်းမှာ အိမ်ခန်းဌားနေကြပါတယ်။ အခုတော့ သမီးကြီးက ဝေဒနာတွေဖြစ်တော့ ကျွန်တော်လည်း ကျွန်တော့်ကွမ်းယာ ဗန်းလေး (၁) သိန်းနဲ.ရောင်းပြီး ဆေးကုတာပေါ့ဗျာ။ လောလောဆယ်တော့ အလုပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်သမီးလေး ခံစားနေရတဲ့ဝေဒနာ ပျောက်ကင်းဖို.က အဓိကပါဗျာ။ ရိုးရိုးသားသားနဲ. အလုပ်ဆိုတာ ကြိုးစားပြန်ရှာရင် ရပါတယ်။
ကျွန်တော် သမီးလေးပြန်ကောင်းသွားရင် ရရာအလုပ်ရှာလုပ်မှာပေါ့။ သမီးလေးက ဆရာဝန်မကြီးသိပ်ဖြစ်ချင်တာ ဒါကြောင့်သူက စာအရမ်းကြိုးစားပြီး အခုလို ဦးနှောက်တွေ ဘာတွေထိခိုက်ကုန်တာလား မသိပါဘူးဗျာ။ဘာပဲဖြစ်ဖြစ် ကျွန်တော် အသက်ရှင်နေသရွေ. ကျွန်တော့်သမီးနဲ.သားကို ပညာတတ်ဖြစ်အောင် ရှာဖွေပြုစုသွားမှာပါပဲ။
အခုလို လာရောက်လှူဒါန်းကြသူတွေကိုလည်း အတိုင်းမသိအောင် ကျေးဇူးတင် ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို.လည်း ဆုတောင်းပေးပါတယ်။ သမီးလေးကို အခုလို သားသမီးချင်းကိုယ်ချင်းစာနာပြီး ကူညီကြသူတွေကို ကျွန်တော် လက်အုပ်ချီမိုး ကန်တော့လိုက်ပါတယ်ဗျာ။
( ကိုကျော်မြင့် ) မလှကေသွယ် ၏ ဖခင်။

www.mmdailystar.com