Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ် ရှမ်းတိုင်းရင်းသားများအကြား ဝေဖန်မှုများ မြင့်တက်နေ

$
0
0
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ရှမ်းပြည်နယ် NLD ၏ စီမံဆောင်ရွက်မှုများအပေါ် ဒေသခံရှမ်းလူမျိုးများက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

စိုင်းဆိုင်လင်း အမည်ရှိ ရှမ်းလူငယ်တစ်ဦးက "ကျွန်တော် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ လေးစားထောက်ခံ ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ရှမ်းလူငယ် တစ်ယော်ကအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် NLD ကြိုဆိုရေးအဖွဲ့က မသိတာလား၊ သတိမထားမိတာလား။ ကျွန်တော်တို့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။

တစ်ကယ်တော့ ဒါမျိုးကိစ္စ လုံးဝ မဖြစ်သင့်ပါဘူး။ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ ရှမ်းအမျိုးသားအလံ၊ ပြည်နယ်အလံကိုတော့ သိသင့်ပါတယ်။ အခုပဲ ကြည့် ကျွန်တော်တို့ ရှမ်းအလံ ဇောက်ထိုး ဖြစ်နေတယ်။ ပြီးတော့ ရှမ်းအလံက အောက်ရောက်နေပြီး NLD အလံကို ထိပ်တင်ထားတယ်။ ဒီမြင်ကွင်းကို မြင်ရတာ ကျွန်တော့်အနေနဲ့ ခံပြင်းမိပါတယ်။ ဒေါသလည်း ထွက်မိတယ်။ တိုင်းရင်းသားတွေ တန်းတူရေး ဘာရေး လျှောက်ပြောနေတာ။ ဒီအတိုင်းဆို NLD လည်း ဘာထူးလဲ။ အလံဆိုတာ အရေးကြီးပါတယ်။ ရှမ်းလူမျိုးတွေအတွက် ရှမ်းအလံက အထွဋ်အမြတ်ပဲ"ဟု ပြောဆိုသည်။

ဤကိစ္စတွင် တောင်ကြီး NLD စီစဉ်သူများတွင် တာဝန်ရှိကြောင်း၊ မိမိတို့ ရှမ်းလူငယ်များအနေဖြင့် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုရော ဆန့်ကျင်ကြသူများ မဟုတ်ကြောင်း၊ သို့သော် ရှမ်းပြည်နယ် လာရောက်ရာတွင် ရှမ်းသင်္ကေတကို လေးစားဖို့ လိုကြောင်း၊ ရှမ်းပြည်နယ် ရှိ NLD ပါတီဝင်များအနေဖြင့် ရှမ်းလူမျိုး မဟုတ်သော်လည်း ရှမ်းဓလေ့ ထုံးစံတို့ကို သိရှိထားရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်တွင် အတိတ် နိမိတ်ကောက် နတ်ပသသော အလေ့အထများ ယခုအချိန်အထိ ရှိနေဆဲ ဖြစ်ကြောင်း၊ ယခု အမှားသည် ခွင့်လွှတ်နိုင်စရာကောင်းသော အမှား မဟုတ်ကြောင်း စိုင်းခမ်းလင်း အမည်ရှိ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောဆိုသည်။

"ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အားနာစရာ ထောက်ထားစရာလည်း မလိုဘူး။ ရှမ်းပြည်မှာနေပြီး ရှမ်းအလံ မသိလို့ပါဆိုရင်တော့ ဗြောင်လိမ်တာပဲဗျ။ နောက် ဘာဖြစ်လို့ ရှမ်းအလံကို နာမ်နှိမ်ထားတာလဲ။ ဘာရည်ရွယ်ချက်လဲ။ မပြောလဲ သိပြီးသားပဲ။ ရှမ်းတွေက ရိုးပါတယ်။ ဒါပေမယ့် မ အဘူးဗျ"ဟု အမည်ထုတ်ဖော်ပြောကြားလိုခြင်း မရှိသည့် ရှမ်းလူမျိုးတစ်ဦးက ပြင်းပြင်းထန်ထန် ပြောကြားသည်။

တောင်ကြီး NLD မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း အချိန်မီ ဖြေကြားလာခြင်း မရှိသဖြင့် ယင်းတို့၏ သဘောထားကို ဖော်ပြနိုင်ခြင်း မရှိပေ။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်ခရီးစဉ်သည် NLD ပါတီဝင်များက ငွေကြေးကောက်ခံမှုများ ပြုလုပ်ခဲ့ရာ၌ မီဒီယာအမည်ခံ၍ ကောက်ခံခဲ့ခြင်းကြောင့် နာမည်ပျက်စရာများ ကြုံတွေ့ခဲ့ရ ပြီးနောက် ယခုတစ်ဖန် ရှမ်းပြည်နယ်အလံကို မလေးမစား ပြုမှုများကြောင့် ဒေသခံရှမ်းတိုင်းရင်းသားများအကြား ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ကြုံတွေ့နေရသည်။ 

From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ