Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသည့် ၂၀ ဦးကို ရွေးချယ်၍ ဂျပန်နိုင်ငံသို့ စေလွှတ်မည်

$
0
0
၂၀၁၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်သူများအနက်မှ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအလိုက် အမှတ်အများဆုံးရရှိသည့် ထူးချွန်ကျောင်း သား၊   ကျောင်း သူ တစ်ဦးစီဖြင့် ၁၅ ဦး၊ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ရရှိသည့် ထူးချွန်သူ ၅ ဦး၊ စုစုပေါင်း ၂၀ ဦးကို ရွေးချယ်၍ ဂျပန်နိုင်ငံသို့ သီတင်းတစ် ပတ်ကြာ လေ့လာရေးခရီးစဉ် စရိတ်ငြိမ်း စေလွှတ်မည်ဟု သိရသည်။ 

ထိုသို့ စေလွှတ်ခြင်းကို မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ-ဂျပန်အသင်းက ရွေးချယ်စေလွှတ်ရန် စီစဉ်ခြင်းဖြစ် သည်။ ရွေးချယ်ရာ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာချိန်၌ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အမှတ်စာရင်းများ ညှိနှိုင်းရယူပြီး ထူချွန်ကျောင်းသား၊ ကျောင်းသူ ပဏမအဆင့် စာရင်းဝင်သူများအား ထုတ်ပြန်အသိပေး ဆက်သွယ်သွားမည်ဖြစ်ပြီး လိုအပ်ပါက လူတွေ့စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ အခြေအနေ အကြောင်းအကြောင်းကြောင့် မလိုက်ဖြစ်ပါက ဒုတိယအမှတ်အများဆုံး ရရှိသူများကို ရွေးချယ်စေလွှတ်ရန် စီစဉ်ထားသည်ဟု သိရပြီး အတည်ပြု ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ၏ အမည်စာရင်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>