Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လွှတ်တော်ခေတ်ကြီးထဲမှာ ငတုံးတွေအတွက် NLD မှာ ဘယ်နေရာ ရှိပါ့မလဲ

$
0
0
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD ပါတီအတွင်း ဥပဒေ ရေးရာ ကိစ္စရပ်များ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေးခဲ့ပြီး အသစ်အဟောင်းပြဿနာဖြင့် တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း ရုံးချုပ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

မကြာသေးမီက အမေရိကန်နိုင်ငံသို့ NLD ပါတီ ဥပဒေအကြံပေးအဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့သော ဦးကိုနီနှင့် မကျေမနပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးကိုနီသည် ဥပဒေပညာရှင်တစ်ဦး ဖြစ်သော်လည်း NLD ၏ ထိပ်ပိုင်းနေရာကို ပေးသင့် မပေးသင့် ၀ိဝါဒ ကွဲပြားလျက်ရှိပြီး NLD ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ်လာချိန်ကတည်းက CEC ဆုံးဖြတ်ချက်ဖြင့် ရပ်တည်ခဲ့သော ရပ်တည်ချက်သာ ဖြစ်ကြောင်း၊ ဦးကိုနီကြောင့် ပြင်ဆင်ရေးရပ်တည်ချက် ပေါ်ပေါက်လာခြင်း မဟုတ်ကြောင်း၊ NLD အပေါ် ဘာသာရေးနှင့်ဆက်စပ်သော တိုက်ခိုက်ဝေဖန်မှုများ မြင့်တက် နေချိန်တွင် ထိပ်ပိုင်း နေရာ ပေးခဲ့ခြင်းမှာ ကျန်ပါတီဝင်များအကြား စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း ရုံးချုပ်တာဝန်ခံတစ်ဦးက ပြောဆိုသည်။

NLD ပါတီဝင် လွှတ်တော်အမတ်များ ပါဝင်သော နေပြည်တော်အုပ်စုနှင့် နှစ်ရှည်လများ လှုပ်ရှားခဲ့ကြသူများ ပါဝင်သော ရန်ကုန်အုပ်စု ဟူ၍ အုပ်စုကြီးနှစ်စုကွဲပြားနေချိန်တွင် ဦးကိုနီကိစ္စ မှာ ထပ်မံပေါ်ပေါက်လာသော အက်ကြောင်းတစ်ခု ဖြစ်နေသည်။

"ဦးဥာဏ်ဝင်း ဆိုရင် တော်တော်လေးကို စိတ်ဓါတ်ကျနေတယ်။ ဒေါ်စု အကျယ်ချုပ်သက်တမ်းတစ်လျှောက်လုံး ဦးဥာဏ်ဝင်းပဲ စစ်အစိုးရနဲ့ တွေ့ဆုံ ပြီး ဖြေရှင်းလာခဲ့တာပါ။ အရင်ကတည်းက NLD ရဲ့ ပြင်ဆင်ရေးမူက ရှိပြီးသားပါ။ ဦးကိုနီစကားပေါက်တယ် ဆိုတဲ့အသံ နေပြည်တော်က ထွက်လာတာ သိပ်မကြာသေးဘူး။ ခါတော်မီ မိုးကျရွှေကိုယ်ပေါ့ဗျာ။ ဒေါ်စု ချင်းပြည်နယ်ကအပြန်မှာ ဒီကိစ္စ ပြောတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်သွားတယ် လို့တော့ သိရတယ်။ ဒါက ပါတီဥက္ကဌရဲ့ ဆုံးဖြတ်ချက်၊ လက်မခံနိုင်ရင် ပါတီက ထွက်လည်း ထွက်။ ဦးကိုနီကတော့ ပါတီဥက္ကဌကိုယ်တိုင် မေတ္တာရပ်ခံပြီး ပြင်ဆင်ရေးဟောပြောတွေမှာ လူထုကို ပညာပေးစည်းရုံးဖို့ ခေါ်ထားတာ။ နေရာလည်း မြင့်မြင့်မားမား ပေးထားတယ်လေ"ဟု NLD လူငယ်အဖွဲ့မှ EC တစ်ဦးက ပြောဆိုသည်။

"ပြောရရင်တော့ဗျာ....ဦးကိုနီလောက် ကွန်စတီကျူးရှင်းအကြောင်း ဘယ်သူ သိတာ ရှိသလဲ ..တဲ့။ ဦးကိုနီကိုတော့ ပါတီက ထုတ်မပစ်နိုင်ဘူး။ နောင်မှာလည်း အားကိုးရဦးမှာ။ ဦးကိုနီက ဥပဒေရေးရာနဲ့ ပတ်သက်လို့ NLD ကို ဦးဆောင်မယ့်လူ ဆိုပြီးတော့ ပြောတယ်။ နေပြည်တော်အဖွဲ့ ပေါ့ဗျ။ သူတို့လည်း ဦးကိုနီလောက် မသိဘူး တဲ့။ အဘဦးဝင်းတင်ကတော့ ဒေါ်စု မမှားပါဘူး။ ဒေါ်စု မှားတယ် လို့ ဘယ်တော့မှ မပြောရဘူး ဆိုပြီး ကျွန်တော်တို့ကို ပိတ်ထားတယ်။ ဦးဝင်းတင်ပြောတာက ဒေါ်စုကို ယုံတယ်။ သူ လွဲတာလေးပဲ ရှိမယ်။ မမှားဘူး ဆိုပြီးတော့ ဒီစကားကို မှတ်ထားဖို့၊ မှတ်သားဖို့ ပြောတယ်"ဟု နောက်ထပ် NLD လူငယ်တစ်ဦးက ဖြည့်စွက် ပြောကြားသည်။

NLD လူငယ်များအနေဖြင့် အသိစိတ်ဓါတ်ရှိရှိဖြင့် ဗေဒါသင်တန်းကျောင်းများ၊ အမေ့အိမ်သင်တန်းကျောင်းများကို မြို့အနှံ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ ပြည်သူများအကြား ဦးကိုနီကို နေရာပေးမှုနှင့်ပတ်သက်၍ မကျေမနပ် ပြောကြားချက်များ ကြားသိနေရကြောင်း၊ ထိုအကြောင်းကို NLD လူကြီးများကို တင်ပြရာတွင်လည်း ဦးကိုနီကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ပါတီအပေါ် ပြည်သူလူထု ထောက်ခံမှု မကျဆင်းရေးအတွက် ပြောရခြင်းဖြစ်ကြောင်း ၄င်းတို့နှစ်ဦးက ဆက်လက် ပြောဆိုသည်။

ဒေါ်စုနိုင်ငံတကာပတ်၍ သွားလာနေချိန်တွင် တစ်ချိန်က ထောင်ကျခံကာ အနစ်နာခံခဲ့ကြသူများမှာ လျစ်လျူရှုခြင်း ခံနေရသည် ဟု ခံစားနေကြရသည်။ နော်အုန်းလှ ဦးဆောင်သော အစုအဖွဲ့မှာ NLD ပါတီအတွင်း ချောင်ထိုးခံခဲ့ရပြီးနောက် နှုတ်ထွက်သွားခဲ့ကြရသည်မှာ ထင်ရှားသည့် ဥပမာ ဖြစ်ကြောင်း သိရှိရသည်။

"ကျန်တာတွေကိုတော့ စိတ်ထဲမှာ မရှိပါဘူး။ ဒါပေမယ့် ဦးကိုနီကို ပါတီမှာ နေရာပေးနေတာတွေကို လူထူက မကျေနပ်ဘူး၊ ကျွန်တော်တို့လည်း မကျေနပ်ဘူး လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ ဒီတော့ မကျေနပ်ရင် မကျေနပ်တဲ့သူတွေ ပါတီကနေ အချိန်မရွေး ထွက်သွားနိုင်တယ်၊ ဦးကိုနီကိုတော့ ထုတ်မှာ မဟုတ်ဘူး လို့ပြောတာကို ရင်နာတာပါ။ ကျွန်တော်တို့က မိုက်ရူးရဲတွေ၊ ဦးနှောက်မရှိတဲ့ လူမိုက်တွေလေ။ ဟုတ်တယ် မလား။ ဒီလွှတ်တော်ခေတ်ကြီးထဲမှာ ငတုံးတွေအတွက် NLD မှာ ဘယ်နေရာ ရှိပါ့မလဲ"ဟု (ကာယကံရှင်၏ ဆန္ဒအရ) အမည်ထုတ်ဖော်ပြောကြားလိုခြင်း မရှိသော NLD ပါတီ လူငယ် ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

P-1009
From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ဆီးချိုဖြစ်​တာ နှစ်၂၀ ရှိပြီဖြစ်​တဲ့ အ​မေ​...


ကရဝေး စိုက်ပျိုးနည်း


လူရွှင်တော် ဇာဂနာ ပြောကြားသော "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်"...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>