Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျေးရွာ အကြီး အကဲများ၏ အမိန့် ချမှုကြောင့် အုပ်စုဖွဲ့မုဒိမ်းကျင့် မှုတွင် ပါဝင်ခဲ့သူ ၁၃ဦးအား အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းဆီး

$
0
0
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ် ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီး တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ပါဝင်ခဲ့သည့်လူ ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အင်တာနက် သတင်းတစ်ပုဒ် ၏ ဖော်ပြ ချက် အရ သိရသည်။
အဆိုပါ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုသည် ဇန်နဝါရီ ၂ဝရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီး နေထိုင်သည့် ကျေးရွာမှ လူကြီးများက ယင်းကဲ့သို့ အုပ်စုဖွဲ့ မုဒိမ်း ကျင့်ရန် အမိန့် ချမှတ်၍ စေခိုင်း ခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

ဖြစ်စဉ်မှာ အနောက်ဘန်ဂေါလ် ပြည်နယ် ဘာ့ဘ်ဟမ်ခရိုင် အတွင်းရှိ ကျေးရွာတစ်ခုတွင် နေထိုင်လျက်ရှိသော အသက် ၂ဝနှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် သူမနှင့် မျိုးနွယ်စု မတူသည့် အခြားမျိုးနွယ်စုမှ အမျိုးသား တစ်ဦးနှင့် ချစ်ကြိုးသွယ်ခဲ့ပြီး အမျိုးသား ဖြစ်သူမှ သူမနေထိုင်ရာ ကျေးရွာသို့ လာရောက် တောင်းရမ်းစဉ် တွင် ရွာသားများက ၎င်းတို့က ကျေးရွာရှိ တရားရုံးသို့ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

တရားရုံးသို့ အရောက်တွင် ရွာလူကြီးက မျိုးနွယ်စု မတူသူကို ချစ်ကြိုက်မိခြင်း အတွက် ဒဏ်ငွေ အဖြစ် ရူပီး ၂၅ဝဝဝပေးအပ်ရန် တောင်းဆိုခဲ့ရာတွင် အမျိုးသားက ပေးသွင်း နိုင်ခဲ့ပြီး အမျိုးသမီး၏ မိသားစုက မပေးအပ်နိုင် ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ပေးသည့် အနေဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ရန် ရွာလူကြီးက အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအချိန်တွင် အဆိုပါ အမျိုးသမီးသည် ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ဘာ့ဘ်ဟမ်ခရိုင် ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ စီဆက်ဒ်ဟာကာ က ပြောကြား သည်။ အိန္ဒိယနိုင်ငံ၏ ကျေးရွာများ အတွင်းရှိ ဥပဒေဘောင် မဝင်သော ကျေးလက် ဆိုင်ရာ မိရိုးဖလာ တရားရုံး များသည် လက်မထပ်မီ မှားယွင်းမိသော စုံတွဲများကို ဂုဏ်သိက္ခာ အဖက်မ ဆယ်သည့် အနေဖြင့် သတ်ဖြတ်မှုများကို စေခိုင်းရန် ခွင့်ပြုထားသည်ဟု သိရသည်။

From: (အင်တာနက်)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>