Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မေးချင်ပြောချင်လွန်းလို့ပါ

$
0
0
တနေ့တနေ့ဖေ့ဘုတ်ဖွင့်လိုက်ရင် နေ့တိုင်းမြင်နေရတဲ့ သမ္မတဖြစ်ရေး ..တခါလာဦးသိန်းစိန်.. တခါလာဒေါ်အောင်ဆန်းစုကြည်.. မေးပါရစေဦးရှင်.. ကျွန်မတို့မြန်မာနိုင်ငံမှာ အဲ့ဒီအိုကြီးအိုမ
နှစ်ယောက်ကလွဲရင် သန်မာဖျတ်လတ်ပြီး စီးပွားရေးအမြင်ရှိတဲ့ လူတော်တွေများမရှိတော့လို့လားရှင်.. ဒီသက်ကြားရွယ်အိုများ နားပါစေဦးတော့.. ဦးသိန်းစိန်လည်းသမ္မတဘ၀ကအငြိမ်းစားယူရင် မုန့်ဟင်းခါးဆိုင်လေးထွက်မယ်ဆိုတာ သမာအာဇီဝမို့ အားပေးလိုက်ကြပါ.. အန်တီစုလည်းဒီအရွယ်ဆိုတာ အနားယူသင့်ပါပြီ.. ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်ဆိုသလိုဘဲ ဒီအရွယ်ကြီးကိုသမ္မတခန့်ရင် သူကတိုင်းပြည်ကိုမကယ်ခင် တိုင်းပြည်ကသူ့ကျန်းမာရေးကို ကယ်နေရမယ်.. နိုင်ငံတကာသမ္မတတွေလို တက်ကြွတဲ့အရွယ် တိုင်းပြည်ကိုဂရုစိုက်မယ့်
သမ္မတမျိုးဘဲလိုချင်ပါတယ်.. လော်ဘီတွေလည်း သူများထိုင်ခုံလုဖို့ အဆဲခံပြောနေမယ့်အစား ကိုယ်တိုင်သမ္မတဖြစ်လောက်တဲ့ အရည်အချင်းရှိလားဆန်းစစ်.. ရှိရင်ဝင်ပြိုင်ကြပါ.. တိုင်းပြည်ကတိုးတက်ချင်တာပါ.. လူအိုရုံထောင်ချင်တာမဟုတ်ပါဘူး..
-
-
နောက်တခုအမျိုးစောင့်ဥပဒေကိစ္စ အရမ်းလူပြောများတယ်... ၀ိသာခါအစ ရှင်စောပုအဆုံးဆွဲထဲ့ကြတယ်.
. ရှေးပဝေသနီက မိန်းမတွေဆွဲမထဲ့နေပါနဲ့.. သူတို့အကြောင်းပြောချင်ရင် သူတို့ခောတ်မှာနေခဲ့.. ဒီခောတ်မှကိုယ့်လူမျိုးကို စောင့်ရှောက်ဖို့လိုတယ်.. ဘာသာခြားနဲ့လက်မထပ်ရဘူးလို့ အမျိုးစောင့်ဥပဒေက မတားထားပါဘူး.. ဘာသာခြားနဲ့လက်ထပါပြီး ရသင့်တဲ့အခွင့်အရေးတွေရအောင် ကာကွယ်ပေးတာပါ.. အဲ့ဒါကိုမှမလိုဘူးထင်တဲ့မမများလည်း လက်မခံလိုလျှင် ကိုယ့်လယ်နဲ့ကိုယ်လုပ်စားတာမို့ မိမိကြိုက်နှစ်သက်သူအားထွန်ယက်စိုက်ပျိုး စားသောက်ခိုင်းနိုင်ပါတယ်ရှင်... ဟုတ်ပ.. သူတို့အပေါက်လိုက်ပိတ်ပေးလို့ရတာကျလို့.. ၀ိသာခါက ကိုယ့်ဘာသာထဲဘာသာခြားကို ၀င်လာအောင်လုပ်နိုင်တာ.. သူတို့ကလုပ်နိုင်မှာကျလို့.. အမျိုးစောင့်ဥပဒေမကြိုက်သူများ လွတ်လပ်စွာလယ်ထွန်နိုင်ပါတယ်.. နောက်မှတော့မအော်နဲ့ပေါ့..
-
-
ပြီးတော့ကိုယ့်နိုင်ငံထဲက လူနည်းစုမွတ်ဆလင်များကို ညှာတာပါဆိုဘဲ.. အခုကျွန်မက မလေးရှားမှာရောက်နေပါတယ်.. ပြည်တွင်းနေတရုတ်များ..ကုလားများမလေးမှာ ရှိပါတယ်.. မလေးရှားဟာ မလေး..တရုတ်..ကုလား လူမျိုး(၃)စုနေတာပါ.. သူတို့အစ်နေ့ချိန်များဆို အေးဆေးလို့.. လာပါပြီ.. ဒေပါဝလီနေ့နီးရင်.. တရုတ်နှစ်သစိကူးနီးရင်.. အော်ပရာစီစပါပြီ.. ဟိုလူမျိုးတွေကောင်းကောင်းနှစ်မကူးရဘဲ အလုပ်သမားတွေမရှိလို့ ဒုက္ခရောက်ပြီ.. စီးပွားကျပြီ.. အဲ့လိုပညာရှိနည်းနဲ့ နှိပ်စက်တာ... သူ့နိုင်ငံထဲကလူနည်းစုတွေကို ညှာတာနေတာလေ.. မျိုးပွားမှုနှုန်းလေးတောင်ထိန်းချုပ်ထားသေး... သူ့နိုင်ငံသားတော့ များများမွေးခိုင်းပြီး ကလေးကိုတနှစ်တခါတောင်အစိုးရကကျောင်းစရိတ်ထောက်သေး..သူ့လူမျိုးကိုတနှစ်တခါ ထောက်ပံ့ကြေး
အစိုးရက ဖရီးပေးသေးတယ်.. ကိုယ့်နိုင်ငံမှာ အဲ့လိုပညာရှိနည်းလေးသုံးကြည့်စမ်းပါရော့..
-
-
တော်သေးပြီ..ပြောချင်တာတွေ အများကြီးဘဲ.. ဒီနေ့တော့ နည်းနည်းအဆဲခံရကောင်း ခံရနိုင်တယ်.. မတတ်နိုင်ဘူး.. ရှုထောင့်ပြောင်း မြင်ကြည့်စမ်းကြပါလို့


ဒေါ်ဟန်နီ

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>