Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မစိုးရိမ်တိုက် ဆရာတော်ကြီး၏ အရိုးပြာမှ ရောက်ခြည်တော်ထွက်

$
0
0


မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ တိုက်အုပ်မဟာနာယက၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောသာရာဘိဝံသ မထေရမြတ်ကြီး၏ အရိုးပြာမှ ရောင်ခြည်တော် ထွက်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ တပည့်သံဃာတော်များထံမှ သိရှိရသည်။

မစိုးရိမ်တိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းမှ တပည့်သံဃာတော် အပါး ၁၅၀၀ ကျော်နှင့် တပည့် ဒကာ/မများက အေးရိပ်ငြိမ်သုဿာန်သို့ စည်ကားသိုက်မြိုက်စွာ လိုက်ပါ ပို့ဆောင်ခဲ့ကြပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်တွင် အရိုးပြာများကို ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်ခဲ့ကြတာလည်း ဖြစ်ပါသည်။

အဆိုပါ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မီးပြာကျသည့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်အချိန်ထိ တပည့်သံဃာတော်များက စောက်ရှောက်ခဲ့ကြရာမှ မနက် ၄ နာရီခန့်အချိန် အရိုးပြာများကို အရိုးအိုးထဲသို့ ထည့်သိမ်းရန်ပြုလုပ်စဉ် အခုလို ရောင်ခြည် ထွက်ပေါ်ခဲ့တာကို ထူးထူးခြားခြား တွေ့မြင်ခဲ့ရတယ်လို့ သံဃာတစ်ပါးက မိန့်ကြားသည်။

မဏိစလ နာရေးကူညီမှုအသင်းမှ စေတနာရှင်တစ်ဦးကလည်း ၄င်းတို့ ကူညီပြုလုပ်ပေးခဲ့သည့် သက်တမ်းတစ်လျှောက် အခုလို ထူးခြားမှုမျိုးကို တခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့လည်း ပြောဆိုပါတယ်။

မစိုးရိမ်းဆရာတော်ကြီးသည် ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊ ရိုးရိုးအေးအေး၊ မှန်မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်း စသည့်အချက်များနှင့် မစိုးရိမ်သံဃာတော်များအတွင်း ထင်ရှား လေးစားရသည့် ဆရာတော်ကြီးဖြစ်တယ်လို့လည်း သိရှိရသည်။


From: ဦးကော လေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ဆေးစွမ်းအလွန်ထက်သော ကန်းဇော်ဆီ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်