မေးပါရစေ ဒီကနေ့အချိန် က အစိုးရ၊ လွှတ်တော် တို့ အားပြိုင်မှုချိန်ခွင်ကို တပ်မတော် က Power Balance ချိန်ခွင်လျာ တည့်မတ်ထားရတယ်လို့ပြောရမလို ဖြစ်နေပြန်တယ်။ ဒီမိုကရေစီမွေးကင်းစ အစိုးရသစ်သက်တမ်းတစ်ဆက်မှာ ဖော်ဆောင်မှုရလဒ်က မပြီးပြတ်သေးချိန် သက်တမ်းတစ်ဝက်ရောက်တဲ့ အချိန်မှာ နောင် သက်တမ်းအတွက်ဝင်မယ့်သမ္မတလော င်းတွေရဲ့ လတ်တလော အစိုးရ နဲ့တပ်မတော် ကို Powerတန်းညှိ လာတာတွေက မြန်မာ့ဒီမိုကရေစီ လမ်းကို တစ်ဖန်ပြန်နှောင့်နှေးစေပြန်တယ်။ မည်သို့ပင်ဆိုစေကာမှု တပ်မတော်ကာကွယ်ရေးဦးစီးချု ပ် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း သမ္မတ အတွက် ကျောထောက်နောက်ခံဖြစ်နေတာဟာ ယနေ့အချိန်အတွက် အကောင်းဆုံးလို့ဆိုရပေမယ်။
ပျက်သုဉ်းသွားတဲ့ ဖွဲ့စည်းပုံအခြေခံနှစ်ခုကို အားပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာ့နိုင်ငံရေးအတွက် လာရာကောင်းခဲ့ပေမယ့် အတိုက်အခံနိုင်ငံရေးသမားတွေ အတွက်တော့ လားရာမကောင်း အခက်ဖြစ်နေပြန် တယ်။
မြန်မာ့ နိုင်ငံရေးမှာ အခရာ ပါတီနှစ်ခုဖြစ်တဲ့USDP နဲ့ NLD ယခင် ပါတီခြင်းအားပြိုင်မှု ပွတ်တိုက်မှုတွေက လွှတ်တော်တွင်းမှာ လက်တွဲလာသယောင် ပုံဖော်လာပြီး လက်ရှိအစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချု ပ်တို့ရဲ့ နိုင်ငံရေးမဟာဗျူဟာ ပြောင်းလဲမှု Reform ကိုစောင့်ကြည့်နေကြပြန်တယ်။ အချို့သော လွှတ်တော်တွင်းမြန်မာ့နိုင်ငံရေးပုံဖော်မှုတွေက တစ်ဖက်က အစိုးရကို အကြပ်အတည်းဖြစ်စေသလို တစ်ချိန်တည်းမှာဘဲ အတိုက်အခံပါတီရဲ့ပုံဖော်လာမှုက ၂၀၀၈ ဖွဲ့စည်းပုံကို ပစ်မှတ်ထားပြီး ပြည်သူတွေလမ်းပေါ်ထွက်လာဖို့ ၈၈၈၈ တစ်ကျော့ပြန်ပုံသွင်းသလိုဖြ စ်လာပြန်တယ်။
ဟန်ချက်တည်ငြိမ်ရေးဆောင်ရွက်နေတဲ့ အစိုးရ ကို လက်ရှိ အငြင်းပွားနေသော ငြိမ်းစီလှည့်ဥပဒေ ပုဒ်မ ၁၈ ပြင်ဆင်ဖျက်သိမ်းရေး ကသွေးတိုးစမ်းသလိုဖြစ်လာပြန်တယ်။ တစ်ဖန် အတိုက်အခံပါတီရဲ့လေးပွင့်ဆိုင်တောင်ဆိုမှုဟာ နိုင်ငံရေးစမ်းသပ်မှုဖြစ်သလို လွှတ်တော်မှာ ပါဝင်နေတဲ့ ၂၅ရာခိုင်နှုန်းတပ်မတော်သားေ တွ ကို စည်းရုံးသို့မဟုတ် ဖယ်ထုတ်ဖို့အခက်တွေ့နေချိန် စမ်းသပ်ချက်လို့ပင်ဆိုနိုင် ပြန်တယ်။
အချုပ်အားဖြင့် ဆိုရသော် မည်သို့ပင် အစိုးရ တပ်မတော် လွှတ်တော် အတိုက်အခံပါတီကြား နိုင်ငံရေးကစားစေကာမှု သတိပြုရမှာ က ပုဒ်မ ၁၈ သာဖြစ်သိမ်းရင် ၊ ဖွဲ့စည်းပုံပါသမ္မတအရည်အချင်း ကန့်သတ်ချက် ၅၉(စ)သာမပြင်ခဲ့ရင် ပြည်သူတွေလမ်းပေါ်ထွက်လာခဲ့ရ င်လတ်တလော ယိုးဒယားဆန္ဒပြမှုတွေ ထက်ဆိုးလာနိုင်တဲ့ အပြောင်းအလဲကို ဘယ်သူရင်ဆိုင်တားဆီးမည်လဲ။ လွှတ်တော်လား........
အတိုက်အခံပါတီလား.......... .
တပ်မတော်က လက်ပိုက်ကြည့်နေနိုင်ပါ့မလား။
(ရေးသာသူ-BYN)
ပုံုံ -> ပြီးခဲ့တဲ့အပတ် ဗြိတိသျှသံရုံးက ကြီးမှူးပြီး နေပြည်တော်မှာလုပ်တဲ့ ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်ကြီး လှဌေးဝင်းကို လာရောက် နှုတ်ဆက်စဉ်။
From:ThwayThit Sarပျက်သုဉ်းသွားတဲ့ ဖွဲ့စည်းပုံအခြေခံနှစ်ခုကို
မြန်မာ့ နိုင်ငံရေးမှာ အခရာ ပါတီနှစ်ခုဖြစ်တဲ့USDP နဲ့ NLD ယခင် ပါတီခြင်းအားပြိုင်မှု ပွတ်တိုက်မှုတွေက လွှတ်တော်တွင်းမှာ လက်တွဲလာသယောင် ပုံဖော်လာပြီး လက်ရှိအစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချု
ဟန်ချက်တည်ငြိမ်ရေးဆောင်ရွက
အချုပ်အားဖြင့် ဆိုရသော် မည်သို့ပင် အစိုးရ တပ်မတော် လွှတ်တော် အတိုက်အခံပါတီကြား နိုင်ငံရေးကစားစေကာမှု သတိပြုရမှာ က ပုဒ်မ ၁၈ သာဖြစ်သိမ်းရင် ၊ ဖွဲ့စည်းပုံပါသမ္မတအရည်အချင်
အတိုက်အခံပါတီလား..........
တပ်မတော်က လက်ပိုက်ကြည့်နေနိုင်ပါ့မလာ
(ရေးသာသူ-BYN)
ပုံုံ -> ပြီးခဲ့တဲ့အပတ် ဗြိတိသျှသံရုံးက ကြီးမှူးပြီး နေပြည်တော်မှာလုပ်တဲ့ ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်ကြီး လှဌေးဝင်းကို လာရောက် နှုတ်ဆက်စဉ်။
www.mmdailystar.com