Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစိုးရနှင့် တပ်မတော် သဘောမတူပါက လူထုအင်အားဖြင့် အခြေခံဥပဒေ ပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

$
0
0
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးတွင် အစိုးရနှင့် တပ်မတော်က သဘောမတူပါက လူထုအင်အားဖြင့် ပြင်ဆင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ရှိရင် တချို့တွေက ကျွန်မကို မေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာ ရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မ လူထုအင်အားနဲ့ ပြင်မယ်။ ကျွန်မ လူထုအားကို အားကိုးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူလူထုပေါ်တွင် မူတည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အာဏာသည် ပြည်သူ့ လက်ထဲတွင်သာ ရှိကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရန် တပ်မတော်နှင့် အစိုးရက သဘောမတူပါက လူထုအင်အား အသုံးပြုပြီး ပြင်ဆင်မည်ဟု ပြောဆိုသော်လည်း လူထုအင်အားကို မည်သို့ အသုံး ပြုမည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်အချက်ကို မပြင်ရင် တရားဥပဒေ စိုးမိုးရေး ထိခိုက်နိုင်တယ်၊ ဘယ်အချက်ကိုဖြင့် အပြီးပြတ် ပြင်သင့်တယ်ဆိုတာမျိုး တိတိကျကျ ပြောဖို့ လိုတယ်။ သူအရင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ သမ္မတတို့၊ လွှတ်တော် ဥက္ကဋ္ဌတို့ ချဉ်းကပ်ပြီး ပြောပုံရတယ်။ အခု မအောင်မြင်တော့ လူထုကို ချဉ်းကပ်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မှတ်ချက်ပြုသည်။

ယင်းကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုအင်အား သုံးမည် ဟု ပြောဆိုချက်သည် ပြည်သူလူထုကို လှုံ့ဆော်သကဲ့သို ဖြစ်နေပြီး ရှိရင်းစွဲ နိုင်ငံရေး တည်ငြိမ်မှု လှုပ်ခတ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“၅၉ (စ) ကို မပြင်နိုင်ရင်တောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီ ခေါင်းဆောင်တို့၊ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတို့နဲ့ ဒီမိုကရေစီ အုတ်မြစ်တွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေကောင်းတွေ ရှိတယ်။ အဲဒါကို လုပ်မယ့်အစား လူထုကို လှုံ့ဆော်ပြီး မတည်ငြိမ်အောင် လုပ်သလို ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ပြင်ဆင်နိုင်ရန် လုပ်ငန်းများ စတင်လျက်ရှိကြောင်း၊ ယင်းသို့ အချိန်မျိုးတွင် ဒေါ်အောင်ဆန်းစုကြည်က လူထု အင်အားဖြင့် အခြေခံဥပဒေ ပြင်မည်ဟု ပြောဆိုခြင်းသည် ခြိမ်းခြောက်ရာ ရောက်ကြောင်း ဦးရဲထွန်းက ထောက်ပြသည်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်းကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်ချက် ၁၅ ချက်ကို လွှတ်တော်သို့ ပေးပို့ထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို တပ်မတော်က ကန့်ကွက်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝေလင်းက ပြောကြားသည်။

“ဖွဲ့စည်းပုံ ပြင်ချင်တာက လူထု အာဘော်ပဲ။ တိုင်းရင်းသားတွေက ဇယား ၁၊ ၂ နဲ့ ၅ ကို ပြင်ချင်တယ်။ အချို့က ၅၉ (စ) ကိုပြင်ချင်တယ်။ အချို့က ကာလုံကို ပြင်ချင်တယ်။ ဘယ်ဟာပြင်မယ် ဆိုတာကတော့ Stakeholders အကုန်ညှိလုပ်ဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်၊ အစိုးရ၊ လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်ပေါင်း ၁၈၆ ချက်ကို လွှတ်တော်သို့ ပေးပို့ထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရန် အဟန့်အတား ဖြစ်နေသော ပုဒ်မ ၅၉(စ) အပါအဝင် အခြေခံဥပဒေ ပြင်ဆင်ချက် ၇၃ ချက်ကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ထားသည်။

From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>