Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Eleven Media မှ တာဝန်ယူမှုမရှိဘဲ ခြိမ်းခြောက်ပြောဆိုသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး၏ ရင်ဖွင့်သည့်စာ Facebook ပေါ်မှာ ပြန့်နှံ့နေ

$
0
0

ကျွန်မသည် Eleven Journal ၏ခြိမ်းခြောက်ခြင်းကို ခံနေရပါသည် ။ ကူညီပြီး ဖြေရှင်းပေးကြပါ။ တခြား မီဒီယာ လောကသားများ သိစေရန် ကူညီပေးကြပါ။
ဖြစ်စဉ်က ဒီလိုပါ...
ကျွန်မသည် Eleven Journal ၏ အားကစား ဂျာနယ်မှာ ကြော်ငြာထည့်ရန် ဖုန်းဆက်လိုက်ပါသည်။ ဂျာနယ်တိုက်မှတာဝန်ခံဆိုသူမှဖုန်းကိုင်၍ သူတို့ဂျာနယ်တွင်ကြော်ငြာချင်လျင် စာစီထားသော စာရွက်ပေး ယုံဖြင့် မရပါ CD ပေးရပါမည် သူတို့ပြန်လည်၍ စာမစီနိုင်ပါ တဲ့ ..အားလုံးပြီးလျှင် လာယူပါမည်ဟု ပြောပါသည် ။ ထို့ နောက်အားလုံးပီးတဲ့တနေ့ ကျွန်မမှ လာယူနိုင်ပီဆိုကြောင်း အကြောင်းကြား လိုက်ပါ သည် ။ ထို့နောက်ဝန်ထမ်း၂ဦးရောက်လာပါသည်။ ထိုနောက်ကျွန်မကိုသူတို့မှ အားကစားဂျာနယ်တွင် ၂ခုရှိကြောင်း ပြောပြ၍ ကျွန်မမှ သောကြာနေ့တွင် ထွက်သော အားကစားဂျာနယ်တွင် ကြော်ငြာမည် ဖြစ်ကြောင်း ပိုက်ဆံမှာလည်း ၈၅၅၀၀ ကျပ်ဖြစ်ကြောင်းပြောပြလိုက်ပါသည် ။ နှစ်ဦးသဘောတူပြီး သူတို့ ဘက်မှ ဂျာနယ်ထွက် လျင် ဂျာနယ်နှင့်တကွပိုက်ဆံလာယူမည်ဟုပြောပါသည်။

ဂျာနယ်ထွက်တဲ့နေမှာ ဖုန်းဆက်ပါတယ် အမ ဂျာနယ်ထွက်သွားပြီနော်တဲ့ size က အရင်ပြောထားတဲ့size အတိုင်းပဲနော်တဲ့ ကျွန်မလည်း ဟုတ်ပါတယ်လို့ပြောလိုက်ပါတယ် ။ ၁ ပတ်လောက်ကြာတော့ သူတို့ရောက်လာကြပါတယ် ။ ကြော်ငြာ ၂စောင်ဖိုးပေးရမယ်လို့ပြောပါတယ် ။ ကျွန်မလည်း ဘာလို့လဲ ကျွန်မကြော်ငြာတာ သောကြာနေ့ မှာထွက်တဲ့ ဂျာနယ်လေ ဆိုတော့ သူတို့က အမကိုသောကြာနေ့မှာထွက်သွားတော့ အင်္ဂါနေ့မှာ ကြော်ငြာ အုန်းမလားလို့ မေးတော့ အမပဲ ဟုတ်ကဲ့လို့ပြောလို့ ထည့်လိုက်တာပါတဲ့ ..ဒါနဲ့ကျွန်မလည်း မဟုတ်ဘူး ကျွန်မပြောတာက သောကြာနေ့ဂျာနယ်မှာထည့်လိုက်တာ ကိုဖုန်းဆက်ပေးတာမှတ်လို့ ဟုတ်ကဲ့လို့ ပြောလိုက်တာပါလို့ပြောတော့ မဟုတ်ဘူးအမပဲပြောပြီးတော့ ဘာညာနဲ့ ကျွန်မတို့မန်နေဂျာလည်း ကြားတယ် ဘာညာနဲ့ အတင်းပဲပိုက်ဆံပေးရမယ်လို့ပြောတယ် ..ကျွန်မလည်း ၂စောင်ကြော်ငြာချင်မှတော့ အစကတည်းကပြောမှာပေါ့့လို့ ဖုန်းဆက်တော့မှပြောပါ့မလားလို့ ပြောတာပေါ့ သူတို့ကအမတို့က အရင်က လည်း၂ခုကြော်ငြာတော့အခုလည်းကြော်ငြာမှာပဲလို့ ထင်လို့ပါတဲ့ .. သူတို့သဘောနဲ့သူတို့လုပ်ပီးမှ ဖုန်းဆက်ပီးပြောယုံနဲ့ ကျွန်မက ဘယ်လိုသိမှာလဲ .. သူတို့အလုပ်ကိုကျွန်မတို့ က ဘယ်လိုနား လည်မှာ လည်း ကျွန်မတို့လည်း ဖုန်းနဲ့ လူပေါင်းများစွာနဲ့ ပြောဆိုနေရတာပဲ..ဖုန်းထဲမှာ ဆိုတာ လူတိုင်းနားလည်မှု့ လွဲနိုင်တာပဲလေ ...အဲဒီတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ့်ဘာသာ သေသေချာချာလုပ်ပေါ့ အလုပ်လုပ်နေတာ လေ ကလေးကစားနေတာမှမဟုတ်တာ .. အဲဒီတော့ သူတို့အပြစ်ကို ကျွန်မအပြစ် လွဲချတယ် .. ဒါဆိုလည်းကျွန်မက ကျွန်မဆရာနဲ့တွေ့ပီးပြောကြည့်ပေါ့ဆိုပြီးချိန်းပေးလိုက်တယ် ..ဘယ်နေ့ ဘယ်ရက်လာပေါ့ဆိုပြီး ..ဒါပေမယ့် ကိုယ်ချိန်းတဲ့နေ့ကိုသူတို့မလာပဲ သူတို့လာချင်တဲ့နေ့ကို သူတို့ လာတယ် .. ဒါနဲ့ ဆရာနဲ့ မတွေ့ဖြစ်ဘူး .. ၁၄.၁.၂၀၁၄ ရက်နေ့မှာ ရောက်ချလာတယ် .. ကျွန်မမရှိတဲ့ အချိန်မှာရောက်လာပြီး ကျွန်မကပဲမှားသလို ကျွန်မအလုပ်ရှင်ကိုပြောတယ် ပြီးတော့ ဒီပိုက်ဆံမပေးရင် ကျွန်မ သင်တန်းနဲ့ ကျွန်မကို ဂုဏ်သိက္ခာ ကျအောင်သူတို့ဂျာနယ်က လုပ်ပြစ်မယ်လို့ပြောသွားတယ် .. ဒါနဲ့ ကျွန်မလည်း သူတို့ ဂျာနယ်တိုက်ကို ဖုန်းဆက်လိုက်တော့ ရုံးဆင်းချိန်ဖြစ်နေလို့ တာဝန်ယူတဲ့သူ မရှိပါဘူး လို့ပြောတယ် .. ဒါဆိုအခုကိုင်တာဘယ်သူလဲဆိုတော့ သတင်းထောက်ပါတဲ့ ဒါဆို သက်ဆိုင်တဲ့ သူရဲ့ ဌာနရဲ့ ဖုန်းနံပါတ်ကို ပေးပါဆိုတော့ သူမသိဘူးတဲ့ .. သူတို့ ELEVEN ရဲ့ ဝန်ထမ်းတွေဟာကိုယ် လုပ်တဲ့ အလုပ်ကို တာဝန်မယူနိုင်ဘူးဆိုတာ သိသာနေတယ် .. ကိုယ့်အလုပ်ရဲ့ ဖုန်းနံပါတ်တောင်မသိ ဘူးတဲ့ ...
စဉ်းစားပေးကြပါအုန်း.
.(၁)
အလုပ်သဘောအရစဉ်းစားကြည့်မယ် ဆိုလျင် အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် Invoice မှာ တစ်ဝက် ချေပြီး အပြန်အလှန်သဘောတူရပါတယ် သူတို့က အဲဒီလို စည်းမျဉ်းစည်းကမ်းမသိတဲ့ မန်နေဂျာတွေ အရည်အသွေးမမှီတဲ့ ဝန်ထမ်းတွေကို ခန့်ထားတော့ ဆက်သွယ်ပြီးအလုပ်လုပ်ရတဲ့သူတို့ကို လူလည် ကျပါသည်။
၂) ကျွန်မဖုန်းဆက်ပီး အကျိုးအကြောင်းပြောပြသောအခါ မန်နေဂျာဖြစ်သူ မစန္ဒာအောင်မှကျွန်မအား ကြော်ငြားဖိုးငွေအား မပေးလျှင် ကျွန်မ သင်တ န်းကျောင်း EPS- TOPIK နှင့် ကျွန်မအား ဂုဏ်သိက္ခာ ကျဆင်းအောင် သူတို့ ဂျာနယ်မှ ချောင်ပိတ်ပြီးလုပ်ပြစ်မည်ဟု ရိုင်းဆိုင်းစွာခြိမ်းခြောက်ပြောဆို၍ ဖုန်းချ သွားပါသည်။ ၃) သူတို့၏ ကြော်ငြာခ ၈၅၅၀၀ ကျပ်အား ကျွန်မမလျော်နိုင်စရာအကြောင်းမရှိပါ ။
သို့သော်လည်း ဒီလို မတရားသဖြင့် အတင်းအဓ္ဓမ ကြော်ငြာဖိုးများအား လုပ်စားနေသည်ကို မခံမရပ်နိုင် ၍ facebook မှတဆင့် အများ ပြည်သူများသိအောင် အသိပေးရခြင်းဖြစ်ပါသည် ။ ကျွန်မတို့ EPS-TOPIK
ကျောင်းသည် တရားဝင်ကြေးမှုံသတင်းစာများ မြို့တော်သတင်းစာများ တခြားသောပညာရေးလမ်းညွန် စာအုပ်များ စာစောင်များတွင် အသိအမှတ်ပြု ကြော်ငြာထားပြီးဖြစ်ပါသည်။ တခြားသော လုပ်ငန်းရှင်များ၏ ဝန်ထမ်းများသည် အလုပ်တာဝန်များအားသိခြင်း Customer များအား အလုပ်အကြောင်းသေချာစွာ နားလည်အောင် ရှင်းပြနိုင်ခြင်း တို့ကြောင့် အဆင်ပြေသော်လည်း Eleven ဂျာနယ်မှဝန်ထမ်းများသည် ဂျာနယ်အောင်မြင် လာသည်နှင့်အမျှ မောက်မာလာခြင်း မတရား ခြိမ်းခြောက်ခြင်းများရှိလာပါ၍ သတိပြုဆင်ခြင် ဖတ်ရှု့ကြပါ .. ဤ Eleven ဂျာနယ်အားလည်း အလုပ်သဘောအရ မည်သို့မှ နားမလည် နိုင်တော့ပါ။ မလှိမ့်တဘက်ခံနေရပါသည်။ သို့ပါသောကြောင့် တခြားသော မီဒီယာ လောကသားများ သိစေရန်နှင့် အကူအညီများပေးနိုင်ရန် တောင်းခံအပ်ပါသည်။
အသေးစိတ် သိရှိလိုပါက ဆက်သွယ်မေးမြန်း နိုင်ပါသည်။
EPS-TOPIK
အမှတ် (၃၀) ပထမထပ် ဦးထွန်းလင်းခြံလမ်း လည်းတန်း ရန်ကုန်မြို့
From: EPS-TOPIK

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>