Quantcast
Viewing all articles
Browse latest Browse all 4837

ဒေါ်စုနဲ့အပေါင်းအပါ ခေါင်းပါတယ်ဆို ဖြေ..???

"အာရုံဦးမှာ ဖူးသည့်ကြာ"ဇတ်ကားကို သမိုင်းမှား ပါတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတဲ့ လူတွေက "The Lady"ဇတ်ကား က သမိုင်းအမှားတွေကိုတော့ ဘာကြောင့် မသိချင်ဟန်ဆောင်နေကြတာလဲ??

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြောင်းလဲနေပြီလို့ နိုင်ငံတကာက ချီးကျူး ပြောနေချိန်မှာ ဇာဂနာ နဲ့ တခြားအတိုက်အခံတွေက ဘာမှ မပြောင်းလဲသေးဘူးလို့ ဖင်ပိတ်ငြင်းနေတာ ဘာကြောင့်လဲ??

အခုလွှတ်၊ ချက်ချင်းလွှတ် အော်နေတဲ့ ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့လူတွေ လွှတ်လိုက်တော့ ဘာလုပ်နေကြလဲ??

အတိုက်အခံတို့ အလွန်အင်မတန် အားကိုး လှ တဲ့ ၈၈ မျိုးဆက် ဆိုတဲ့လူတွေကို ရှေ့ဘာဆက်လုပ်မလဲ မေးတိုင်း အဖြေတွေက ခိုင်ခိုင်မာမာ ထွက်မလာပဲ နောက်ကြောင်းတွေပဲ လျှောက်ပြောနေတာ ဘာကြောင့်လဲ??
မြန်မာနိုင်ငံအပေါ်မှာ စီးပွားပိတ်ဆို့တာ ရပ်ဆိုင်းဖို့ နိုင်ငံခြားသားတွေက ပြောဆိုထောက်ပြနေချိန်မှာ မြန်မာနိုင်ငံသား စစ်စစ် တွေက စီးပွားပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ မပြောတဲ့အပြင် စီးပွားပိတ်ဆို့တဲ့ နိုင်ငံတွေဖက်ကို ကာကွယ် ပြီးပြောနေကြတာ ဘာကြောင့်လဲ??


ဒေါ်အောင်ဆန်းစုကြည်ကို လူထုတစ်ရပ်လုံးက ထောက်ခံတယ်လို့ အော်နေကြပြီး ဘာကြောင့် ကန့်ကွက်တဲ့လူက ရှိနေရတလဲ?? လူထုတစ်ရပ်လုံးထောက်ခံတယ်ဆိုတာက ဝါဒ ဖြန့်တာ သက်သက်လား??

NLD က မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဒေါ်စုကို စောင့်ခဲ့တာလား။ ဒေါ်စု မရှိရင် မှတ်ပုံတောင် မတင်တတ်တော့ဘူးလား??


NLD ရုံး မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ အများကြီး ရှိနေတာ ဘာကြောင့်လဲ၊ ဗိုလ်ချုပ်နဲ့ NLD က ဘာဆိုင်လို့လဲ??
NLD စည်းရုံးရေး လုပ်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထုတ်သုံးရတာလဲ? ဗိုလ်ချုပ်အောင်ဆန်း မသေခင်က NLD ဆိုတာ ရှိခဲ့ဖူးသလား??



ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရင် ပြောပြီးသားတွေပဲ ထပ်ထပ်ပြောနေတာ ဘာကြောင့်လဲ
သူ တစ်ခါပြောရင် ပြည်သူတွေနားမဝင်လို့လား??

NLD က လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဇေယျာသော်နဲ့ ဖြူဖြူသင်းကို ပဲ သတင်းလုပ်နေတာ ဘာကြောင့်လဲ။ ဇေယျာသော်နဲ့ ဖြူဖြူသင်း က ဘယ်လို နိုင်ငံရေး အသိပညာ အရည်အချင်းတွေ ရှိလို့ ထောက်ခံခိုင်းနေကြတာလဲ??

ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ဒုတိယ ပင်လုံဆိုတာ ကြီးကရော အခု ဘယ်ချောင် ရောက်သွားပြီလဲ??


ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်ပဲ မြန်မာနိုင်ငံကြီးက နက်ရေကန်ထဲ ပစ်ချသလို ချက်ချင်းပြောင်းလဲ မလိုလို အော်နေကြသူတွေအနေနဲ့ အခု ဘာမှ မထူးတာကို ဘာကြောင့် မသိချင်ဟန်ဆောင်နေကြတာလဲ??

ပြည်ပက လူတွေကိုလည်း စည်းလုံးအောင်မပြောနိုင်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်းမလုပ်နိုင်၊ မောင်နှမချင်းတောင် ရန်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆု ရသွားရတာလဲ??

အနုပညာရှင်ချင်းအတူတူ NLD ကိုထောက်ခံတဲ့ အနုပညာရှင်ကိုတော့ စွယ်စုံရ အနုပညာရှင်လို့ ခေါ်ပြီး၊ မထောက်ခံတဲ့ သားစိုး ကိုတော့ နတ်ကတော် လို့ ဘာကြောင့်ခေါ်ရတာလဲ??

ဦးတေဇတို့၊ ဦးခင်ရွှေ တို့ရဲ့ ချမ်းသာမှုကို ပိုက်ဆံတွေ ဘယ်ကရလဲ မေးခွန်းထုတ်နေကြတဲ့သူတွေက ဒေါ်မာလာဝင်းက အကျီတစ်ထည်ကို ၁၂၅ သိန်းနဲ့ ဝယ်ချိန်မှာ ပိုက်ဆံတွေ ဘယ်ကရလဲ လို့ မမေးကြတာ ဘာကြောင့်လဲ??

နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည်က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???

အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ကြပြီး တဖက်မှာ တစ်နိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ သမ္မတတစ်ယောက်
ဖြစ်ချင်သူ ဖြစ်ပါလျှက် ဘာကြောင့်
ပြည်တွင်က ဒုက္ခရောက်နေတဲ့
ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို
စိတ်ဝင်တစားမရှိပဲ ပြည်ပနိုင်ငံတွေကို
အမြဲလိုလိုထွက်နေတာ ဘာကြောင့်လဲ??


အွန်လိုင်း၊ ဘလော့နဲ့ facebook တွေပေါ်မှာ
မေမေစု၊ မေမေစုဆိုပြီး
တအားချစ်ပြနေကြသူတွေ၊ အကျယ်ချုပ်ကျတုန်းက ကိုယ်ချင်းစာသနားနေကြသူတွေက
ခု လို လွတ်လပ်သွားချိန်မှာ ကိုယ်တိုင်
သွားမတွေ့ကြပဲ အင်တာနက်ပေါ်ကပဲ
ဓာတ်ပုံကြည့် စုတောင်းပေးနေကြတာ ဘာကြောင့်ပါလဲ???

စာတစ်ကြောင်း ၄င်း ဆယ်ခါပါဆိုသလို
လိုရင်ကိုရောက်ကို မရောက်နိုင်ဘူး..
ခင်ဗျာ တို့စကားတွေက အပ်ကြောင်းထပ်နေတဲ့
ဓာတ်ပြားဟောင်ကြီးကို ဖွင့်နေရသလို့ပဲ
ရှေ့ကိုမရောက်တော့ဘူး...!!


By...လေးစားရသူ
From:သိုးဆောင် လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>