Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်တွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် သတင်းမမှန်ဟု အစိုးရထုတ်ပြန်

$
0
0
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းကို နိုင်ငံခြား သတင်းဌာနအချို့က ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) အမျိုးသမီးများနှင့် ကလေးငယ်များ ဆယ်နှင့်ချီ သတ်ဖြတ်သည်ဟု ဖော်ပြကြပြီး ယင်းသတင်းမှာ လုံးဝမှန်ကန်မှု မရှိကြောင်း ဇန်နဝါရီလ ၁၇ ရက်ည ၇ နာရီ သတင်း အစီအစဉ်တွင် နိုင်ငံပိုင် ရုပ်သံမီဒီယာများက ထုတ်လွှင့်ခဲ့သည်။

မောင်တောတွင် ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) အမျိုးသမီးများနှင့် ကလေးများ ဓားဖြင့် အခုတ်ခံရပြီး သေဆုံးမှု အရေအတွက်မှာ ကွဲလွဲနေပြီး အချို့သတင်းရပ်ကွက်များက သေဆုံးသူငါးဦးမှ ၁၀ ဦး အတွင်းသာ ပြောဆိုကြကာ မောင်တောမြို့နယ် ဒေသခံတစ်ဦးကမှု သေဆုံးသူ ၄၀ ခန့်ရှိ ကြောင်း၊ သေဆုံးသူအချို့မှာ ဓားဒဏ်ရာ များဖြင့် သေဆုံးခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ၊ ရိုက်သတ်ခံရခြင်း တို့ မတွေ့ရသဖြင့် ရခိုင်ဗုဒ္ဓဘာသာတို့၏ လက်ချက်သာ ဖြစ်နိုင်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့လက်ချက် မဖြစ်နိုင်ဟု အေပီသတင်းဌာနတွင် ဖော်ပြကြောင်း ယင်းကြေညာချက် တွင် ဖော်ပြသည်။

အလားတူ ဧရာဝတီ သတင်းဌာနတွင် ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် ရခိုင် ရွာသားများက အဆိုပါရွာအတွင်း အိမ်များစွာကို လုယက်ခဲ့ပြီး အမျိုးသားများမှာ ထွက်ပြေးကြသဖြင့် အမျိုးသမီးများနှင့် ကလေးများ အသတ်ခံရကာ အမျိုးသမီးအချို့ အဓမ္မပြုကျင့် ခံရကြောင်း၊ သေဆုံးသူ တိတိကျကျ မသိနိုင်သော်လည်း ရရှိသော သတင်းများအရ သေဆုံးသူ ၁၀ ဦးမှ ၆၀ အတွင်း ဖြစ်နိုင်ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုး မဟုတ်ဘဲ ဓားဒဏ်ရာဖြင့် သေဆုံးသည်ဟု ဖော်ပြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက်များသည် မှားယွင်းနေသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် သတင်း ထုတ်ပြန်သော်လည်း ဖြစ်စဉ် အမှန်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယအိမ်မှူးနှစ်ဦး ပါဝင်သည့် အဆိုပါ လုံခြုံရေးအဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီများက တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးနေပြီး ရှာဖွေ မတွေ့ရှိသေးကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောဆိုထားသည်။

အဆိုပါ သတင်းကို ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) လူ့အခွင့်အရေး အဖွဲ့အစည်း၏ အစီရင်ခံစာ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် စသည့် သတင်းရင်းမြစ်များ၏ ပြောဆိုချက်များကို ရယူကာ ရေးသားခြင်း ဖြစ်ပြီး ဧရာဝတီအနေဖြင့် မှားယွင်းခြင်း မဟုတ်ကြောင်း ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးက ပြောကြားသည်။
“ဒီလိုမျိုး ကိစ္စတွေမှာ အစိုးရက အရမ်းတာဝန်ရှိတယ်။ သတင်းတွေ မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်ရင် မီဒီယာတွေရော ပြည်သူတွေရော ဘာမှ ဝေဝါးနိုင်စရာ မရှိဘူးပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ပူးတွဲ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဒုချီးရားတန်း၌ ဖြစ်ပွားခဲ့သည့် ကိစ္စတွင် လူများသတ်ဖြတ် ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အပြင် ပျောက်ဆုံးနေသူများ ရှိနေကာ ပြည်သူ ၁၀၀ ကျော်၏ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရသဖြင့် အလွန်စိတ်ထိခိုက်ရကြောင်း ထုတ်ပြန်ခဲ့သော်လည်း မည်သည့် နေရာမှ သတင်းအချက်အလက် ရရှိသည် သို့မဟုတ် မည်သည့် သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်ဟု ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>