Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မကြာခဏ မုဒိန်းကျင့်ခံရသည့် အိန္ဒိယ အမျိုးသမီးများအတွက် အသေးစား ပစ္စတိုသေနတ်များ ထုတ်လုပ်

$
0
0
ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင် တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို အုပ်စုဖွဲ့ အနိုင်အထက် ပြုကျင့်သည့် မှုခင်းများ ထူပြောလာသည့်နောက် အမျိုးသမီးများအတွက် ရည်ရွယ် ဒီဇိုင်းထုတ်ထားသည့် ပစ္စတို သေနတ်များကို စတင် ဖန်တီးလာခဲ့ပြီ ဖြစ်သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက ဒေလီမြို့တော်တွင် ဘတ်စ်ကား တစ်စင်းပေါ်၌ ကျောင်းသူလေး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် ကိစ္စသည် အိန္ဒိယ နိုင်ငံ၏ အမျိုးသမီးများဘဝ လုံခြုံရေးအတွက် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ထိုစဉ်က မိန်းကလေးသည် သူမရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ ယခုသီတင်းပတ် အတွင်းတွင်လည်း ဒိန်းမတ် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတစ်ဦး ဒေလီတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ကြုံခဲ့ရသေးသည်။ ထို့ကြောင့်လည်း အိန္ဒိယတွင် အမျိုးသမီးများ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် သေနတ်များကို ရောင်းချပေးသွားတော့မည်ဟု သိရသည်။

အစိုးရက ပိုင်ဆိုင်သည့် Indian Ordnancy စက်ရုံသည် Nirbheek အမည်ရှိ သေနတ်ကို ထုတ်လုပ်ခဲ့သည်။ ယင်းသည် စက်ရုံထုတ် သေနတ်များအနက် အသေးဆုံးဖြစ်ပြီး (၅၀၀)ဂရမ်သာ လေးသည်။ ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင် တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်။ "ပေါ့တယ်။ သေးတယ်။ (၆)ချက်လုံး လွယ်လွယ်ပစ်လို့ရတယ်။ ပြီးတော့ သေနတ်ရဲ့ တည်ဆောက်ပုံအရ ပေ(၅၀)လောက် အတွင်းက ပစ်မှတ်ကို တိတိကျကျ ထိနိုင်တယ်"ဟု စက်ရုံ အထွေထွေ မန်နေဂျာ အက်ဘ်ဒူလ် ဟာမိဒ်က ရှင်းပြခဲ့သည်။

သို့သော်လည်း အိန္ဒိယတွင် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားရန်မှာ ဈေးကြီးလွန်းလှသဖြင့် ယင်းသေနတ်များကို အမျိုးသမီးများ ဝယ်ယူကိုင်ဆောင်ခွင့် ရရေးမှာ ပြဿနာတစ်ရပ် ဖြစ်နေဆဲဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ အမျိုးသမီး အများစုကမူ ယင်းလုပ်ဆောင်မှုကို ကြိုဆိုကြသည်။ ကန်ပူအာမှ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည့် ပရာတစ်ဘ်ဟာ ဂူပတာက "ကျွန်မမှာ သေနတ်တစ်လက် ရှိနေတယ်ဆိုတာသိရင် ရန်လုပ်မယ့်လူက အနည်းဆုံးတော့ တွန့်ဆုတ်သွားမှာပဲ။ သေနတ်က ကျွန်မအတွက် အထောက်အကူ ပေးနိုင်တဲ့ သူငယ်ချင်းမျိုး၊ ပြီးတော့ ကျွန်မရဲ့ ခွန်အားတစ်ရပ်လည်း ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားသွားသည်။

From: Planet Myanmar Network

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>