Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး

$
0
0
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။

"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိ တယ် ပြစ်မှုကျူးလွန် တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါ လိမ့်မယ်"

လောလောဆယ် ဒုချီးရာတန်ရွာခံတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ရှာဖွေရာမှာ ဂေါ်ဒူသာရချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရဲတပ်ကြပ်ကြီး ရဲ့ ယူနီဖောင်းတန်ဆာအချို့ကို သဲလွန်စအဖြစ် ရှာဖွေသိမ်းဆည်းရမိပေမယ့် လက်နက်နဲ့ အတူ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ ဒီကနေ့အချိန်အထိ ရှာဖွေမတွေ့ရှိ ရသေးကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညက် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရကာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ လွဲချော်နေသလို မွတ်စလင်တွေ အများအပြား အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက မနေ့ကရက်စွဲနဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်တဲ့ကိစ္စဟာလည်း သတင်းအခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

From: RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>