Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာသူငယ်ချင်းများ ရှာဖွေသူ ကုမ္ပဏီလီမိတက် မှတစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေနိုင်

$
0
0
အလုပ်အကိုင် မအားလပ်၍ ချစ်သူရည်းစား၊ အိမ်ထောင်ဖက် ရှာဖွေရန် အချိန်မရသည့် လူပျိုကြီးများအတွက် ကုမ္ပဏီမှတစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေနိုင်ပြီဟု မြန်မာသူငယ်ချင်းများ ရှာဖွေသူ ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၄င်းက “ကိုယ့်ဘဝရဲ့ လက်တွဲဖော်ဟာ ကိုယ့်ဘဝလောက် အရေးကြီးပါတယ်။ ကိုယ့်ဘဝရဲ့ လက်တွဲဖော်မှာ ရှိသင့်တဲ့ အချက်အလက်တွေကို ကုမ္ပဏီက တိုက်ဆိုင်ပြီးတော့မှ စိတ်ကြိုက် ရွေးချယ်စေချင်တာပါ” ဟု ပြောကြားခဲ့သည်။

 နိုင်ငံတကာ၌ ယင်းကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်း ခေတ်စားလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံ၌ ယခုလုပ်ငန်းသည် ပထမဦးဆုံး လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ သည်။ မြန်မာသူငယ်ချင်းများ ရှာဖွေသူကုမ္ပဏီအား ၂၀၁၃ စက်တင်ဘာမှ စတင်၍ တည်ထောင်ခဲ့ပြီး ဒီဇင်ဘာလထဲ၌ စုံတွဲတစ်တွဲအား ဘဝလက်တွဲဖော်အဖြစ် အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ လာရောက် လျှောက်ထားသူများထဲတွင် လူတန်းစား အလွှာစုံ အလုပ်အကိုင်မျိုးစုံမှ လာရောက် လျှောက်ထားမှု ရှိသည်ဟု ဆိုသည်။ “သင်္ဘောသား၊ ဆရာဝန်၊ အင်ဂျင်နီယာကစပြီး အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမျိုးစုံ လျှောက် ထားကြပါတယ်” ဟု ပြောကြားခဲ့သည်။ လျှောက်ထားသူများအနက် အမျိုးသားများသည် အသက် ၃၀ နှစ် ဝန်းကျင်မှ အသက် ၅၀ အထိ လာရောက် လျှောက်ထားမှု များပြားခဲ့ပြီး အမျိုးသမီးများသည် အသက် ၂၇ နှစ် ဝန်းကျင်မှ အသက် ၄၀ ခန့်အထိ လျှောက်ထားကြ သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့စရိုက်အရ လျှောက်ထားလိုသူသည် မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်အပြင် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ကိုယ်ရေးအချက်အလက် ပြည့်စုံမှသာ လက်ခံသည်ဟု ဆိုသည်။ လျှောက်ထားသူသည် မိမိနှင့် အိမ်ထောင်ဖက် ဖြစ်မည့်သူတစ်ဦး၏ ရှိသင့်သည့် အရည်အချင်းအား ရေးသားပေးရမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အချက်အလက် တိုက်ဆိုင်ပါက ကုမ္ပဏီမှ ကြိုတင်အသိပေးမည်ဟု သိရသည်။ “ကိုယ်မျှော်မှန်းတဲ့ ဘဝလက်တွဲဖော် တွေ့ပြီဆို ကုမ္ပဏီက လှမ်းခေါ်ပါတယ်။ အကဲခတ်ချင်တယ်ဆိုရင် ကုမ္ပဏီတာဝန်ရှိသူတွေက တွေ့တယ်၊ သဘောတူညီမှုရမှ နှစ်ဖက်မိဘတွေရှေ့မှာ မင်္ဂလာကိစ္စ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ လျှောက်ထားလိုသူများ၌ အိမ်ထောင်မရှိသူသာမက၊ အိမ်ထောင်ကွာရှင်းဖူးသူ၊ အိမ်ထောင်ဖက် ဆုံးပါးသွားသူ များလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ မိမိ၏ အိမ်ထောင်ဖက်၌ ရှိသင့်သည့် အရည်အချင်း ရေးသားဖြည့်သွင်းရာတွင် မိမိလက်ခံနိုင်မည့် မိသားစုအရေအတွက်မှစ၍ အရပ်ပေ မည်မျှရှိရမည်၊ အသက်အရွယ် မည်မျှမှစ၍ မည်သည့်အရွယ်အထိ၊ ပညာအရည်အချင်း စသည်တို့ကို ရေးသွင်းရမည်ဟု ဆိုသည်။ 

ဝန်ဆောင်ခအတွက် အိမ်ထောင်ဖက်နှင့် အကြိုတွေ့ဆုံရန် ကျပ် ၅၀၀၀၀ ပဏာမယူအပြီး နှစ်ဦးနှစ်ဖက် သဘောကျ နှစ်ခြိုက်သူများနှင့် တွေ့ဆုံလျှင် မင်္ဂလာဆောင်သည်အထိ အိမ်ထောင်ဖက်၏ အရည်အချင်းပေါ် မူတည်ကာ ကျပ် ၃ သိန်းမှ ၃ သိန်းကျော်အထိ ယူသည်ဟု ဆိုသည်။ “ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်က ဆရာဝန်မဆိုရင် အခက်အခဲရှိနိုင်တဲ့အတွက် ဝန်ဆောင်ခ ပိုယူတာပါ။ အဲဒီပတ်ဝန်းကျင် ထက် အများကြီး ပိုမကုန်ကျပါဘူး” ဟု ပြောကြားခဲ့သည်။ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်အား မပေါက်ကြားစေရန်အတွက် ကုမ္ပဏီက တာဝန်ယူသည်ဟု ဆိုသည်။ လက်ရှိ လျှောက်ထားသူများထဲတွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီး၊ အမျိုးသားများ မရှိသလောက် နည်းပါးပြီး အသက် ၂၅ နှစ်ဝန်းကျင် ရှိသူများမှ စတင်လျှောက်ထားကြသည်ဟု ပြောပြခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>