Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အငြိမ်းစားဆရာမတစ်ဦး သမ္မတနှင့် ငါးမိနစ် တွေ့ခွင့်ပြုရန် တောင်းဆိုခြင်းအား ခွင့်ပြု

$
0
0



သမ္မတဦးသိန်းစိန်ထံ အသနားခံစာပေးလို၍ သမ္မတနှင့် ငါးမိနစ်ခန့် တွေ့ဆုံခွင့်ရရေး အော်ဟစ်တောင်း ဆိုသူ အငြိမ်းစား ကျောင်းဆရာမကြီးကို အရေးယူခြင်း၊ အော်ငေါက်ခြင်းမပြုရန် သမ္မတက မြို့နယ်တာ ၀န်ရှိသူတချို့ကို မကွေးခရီးစဉ်အတွင်း ဇန်န၀ါရီ ၁၆ ရက်က ညွှန်ကြားခဲ့သည်။

“သူ့ကို ရုံးမှာခေါ်တွေ့လိုက်ပါ။ ပြဿနာရှိရင် အဖြေကလည်းရှိမှာပဲ။ မှန်မှန်ကန်ကန်နဲ့ဖြစ်အောင် ဥပဒေ နဲ့ညီညွတ်အောင် လုပ်ပေးလိုက်ကြပါ။ တရားစွဲတာတို့၊ အမှုဖွင့်တာတို့၊ ဟောက်တာတို့ ဟန်းတာတို့ မ လုပ်ပါနဲ့။ ပြဿနာဆိုတာ ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ဥပဒေနဲ့အညီ လုပ်”ဟု သမ္မတက မကွေးမြို့နယ်မှ အစိုးရ၀န်ထမ်းတစ်ဦးကို ပြောကြားသည်။

မကွေးမြို့ အလယ်ရပ်ကွက်မှ အသက် ၆၀ ခန့်ရှိ ကျောင်းဆရာမဟောင်း ဒေါ်လှမြင့်က မကွေးမြို့တော် ခန်းမတွင် ကျင်းပသာ သမ၀ါယမချေးငွေပေးအပ်ပွဲအပြီး သမ္မတဦးသိန်းစိန် ပြန်အထွက်တွင် မြို့တော် ခန်းမရှေ့၌ အော်ဟစ်ငိုယိုကာ အသနားခံစာပေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“သမ္မတကြီး ငါးမိနစ်လောက်တွေ့ခွင့်ပြုပါ။ ပညာရေးဝန်ထမ်း အငြိမ်းစားပါရှင့်။ သမ္မတကြီး သနားပါရှင့်။ နေစရာမရှိအောင် အနိုင်ကျင့်ခံရပါတယ်ရှင့်။ အိမ်ကြီးကိုဖျက်ပြီးတော့ အိမ်ဝိုင်းကြီးကို အနိုင်ကျင့်ပြီးသိမ်း သွားလို့ပါရှင့်။ ဦးဘုန်းမော်ရွှေ (၀န်ကြီးချုပ်)က လျစ်လျူရှုထားပါတယ်”
ဟု ဒေါ်လှမြင့်က မြို့တော်ခန်းမ ရှေ့တွင် ငိုယိုကာ အော်ဟစ် တောင်းဆိုခဲ့သည်။

၎င်းက မိမိနေအိမ်အား မတရားသဖြင့် သိမ်းဆည်းခံခဲ့ရသည်ကို မကွေးတိုင်းဝန်ကြီးချုပ်က လျစ်လျူရှု ထားသည်ဟုဆိုကာ သမ္မတကို တွေ့ခွင့်တောင်းခဲ့ခြင်းဖြစ်သော်လည်း တွေ့ခွင့်မရရှိခဲ့ပေ။

အဆိုပါ သိမ်းဆည်းခံမြေနှင့်ပတ်သက်၍ ဒေါ်လှမြင့်က “ကျွန်မတို့ နှစ် ၈၀ လောက် နေလာတဲ့ ကျွန်မတို့ ဘိုးအေပိုင် ဒီမြေကွက်ကြီးကို လုံးဝနေထိုင်ခဲ့ခြင်းမရှိတဲ့ တောင်တွင်းကြီးမြို့ကဒေါ်တင်တင်က ဒီအိမ်ဝိုင်း မှာနေထိုင်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်လက်မှတ်ယူပြီး မကွေးခရိုင်အုပ်ချုပ်ရေး မှူးရုံးကလဲ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ မြေဂရန်ကို ထုတ်ယူသွားပါတယ်။ အဲဒီကနေ မကွေးတိုင်း တရား သူကြီးရုံးသို့ ကျွန်မတို့ကို တရားမမှုနဲ့ တရားစွဲခံရပါတယ်။ တရားခွင်မှာ ငွေများ တရားနိုင်ဆိုသလို ကျွန် မတို့ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်က အဆောက်အအုံတွေဖျက်ပြီး အားလုံးထွက်ပေးရန် အနိုင်ကျင့်ခံ လိုက်ရပါတယ်။ ယခု မြင်ရတဲ့အတိုင်း ကျွန်မတို့ လမ်းဘေးမှာ မိုးကာတဲလေးထိုးပြီး နေရပါတယ်”ဟု ပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးဦးမင်းယုရှိန်က “နိုင်ငံတော် သမ္မတကြီး၏ မှာကြားချက်အရ ဆရာမကြီးဒေါ်လှမြင့်ကို တရားစွဲဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်းမပြု ရန် လမ်းညွှန်တဲ့အတွက် ဖြစ်စဉ်အမှန်အတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေး ဖြေရှင်းရန် ဆောင်ရွက်သွားပါမည်”ဟု ပြောသည်။

အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်လှမြင့်သည် အလယ်တန်းပြဆရာမကြီး မကွေးမြို့ အမှတ်(၄) အ လယ်တန်းကျောင်းမှ ပင်စင်စားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဟောင်း ဦးမောင်မောင် (ကွယ်လွန်)၏ဇနီး ဖြစ် သည်။

From: Mizzima - News in Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>