Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မေဇင်အေး(သို့) ခွန်ဒီးယမ် တို့ လော်ဘီဆိုတာ သမိုင်းအထောက်အထားနဲ့ လော်ဘီရတယ်

$
0
0
"အခမ်းအနားများမှာ အမှတ်တရ ဓါတ်ပုံရိုက်တဲ့အခါ"

(မေဇင်အေးတို့ လော်ဘီဆိုတာ သမိုင်းအထောက်အထားနဲ့ လော်ဘီရတယ် ဆိုတာ နမူနာ ပြတာပါ :p)


ဦးသိန်းစိန်နဲ့ ဒုသမ္မတတွေ သီတဂူဆရာတော်ကြီးနဲ့ ရှင်ဆေကိန္ဒတို့နဲ့ ဓါတ်ပုံ ရိုက်တာကို တင်ပြီး တိုက်ခိုက်နေတာကတော့ ဒီမိုအုပ်စု ဒေါ်စု လော်ဘီ ဆိုပြီး သိရှိထားကြတဲ့ မေဇင်အေးတို့ အုပ်စုပါ...

ဒေီမိုဖက်တီး၊ ခွန်ဒီးယမ် ဆိုပြီး အကောင့်ဖွင့်ထားတဲ့ မေဇင်အေးဟာ The Ladies ဂျာနယ်ကို ထုတ်ဝေနေသူ ဖြစ်ပါတယ်.. တချို့ကလဲ ခွန်ဒီးယမ်ဆိုတာ ဒေါ်စုခြံထဲကလူ ဆိုပြီး ပြောကြပါတယ်...ခွန်ဒီးယမ်က ဒေါ်စုခရီးစဉ်လိုက်ပါ မှတ်တမ်းတင်ရတဲ့ ဆန်နီ ဆိုပြီး ပြောကြပြန်ပါတယ်...ခွန်ဒီးယမ်ဟာ မေဇင်အေး ဟုတ် မဟုတ် ငြင်းနေကြပေမယ့် ဒီမိုဖက်တီး ဆိုတာကတော့ မေဇင်အေးဆိုတာ သေချာနေပါတယ်...

မေဇင်အေးဟာ အလဲဗင်းမှာ ကြော်ညာထည့်တော့ ကြွေးကျန်စာရင်းဝင်ပြီး ဂျာနယ်မှာ နာမည်ဖော်ပြ ထည့်ကြော်ညာခံခဲ့ရပါတယ်..သူ့ကုမ္ပဏီ M3Wi နာမည်နဲ့ပါ... ဒီကိစ္စနဲ့ပတ်သက်ပြီး မေဇင်အေးနဲ့ eleven တရားတဘောင် ရောက်ပြီး ရှင်းကြရပါသေးတယ်..

ဒီမိုဖက်တီး ဆိုတာဟာ ဒေါ်စုနာမည်ဖျက်လွန်းလို့ NLD ကတောင် သူတို့နဲ့ မဆိုင်ပါဘူး ဆိုပြီး ထွက်ရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်...ဒါပေမယ့် NLD အတွင်းစည်းကတော့ ဒေါ်စုက တဖက်လှည့်နဲ့ ဆော်ခိုင်းထားတာ ဆိုပြီး ပြောကြပြန်ပါတယ်...

အခုနောက်ဆုံး ခွန်ဒီးယမ်အကောင့်ခွဲကနေ ဖွလာတာကတော့ စောစောက ပြောတဲ့ ဓါတ်ပုံပါ..ဒီကိစ္စက ဒေါ်စု ရှင်ဆန္ဒာဓိကနဲ့ ထိုင်တဲ့အခါ ဒေါ်စုက နှစ်ယောက်ခုံ အလယ်မှာ ရှင်ဆန္ဒာဓိက က ဘေးမှာ တစ်ယောက်ခုံနဲ့ ထိုင်တဲ့ ဓါတ်ပုံက စလာတာပါ...ဒေါ်စုဟာ အမျိုးသမီးဖြစ်တဲ့အတွက် သံဃာနဲ့ ထိုင်တဲ့ အခါ အလယ်ဗဟိုမှာ နေရာယူတာ..ထိုင်ခုံချင်း...ရှေ့မှာချထားတဲ့ စားပွဲချင်း ယှဉ်လိုက်ရင် ဒေါ်စုကို ပိုပြီး နေရာပေးထားတာ...ဖြစ်နေပါတယ်...

ဓါတ်ပုံကို ကြည့်လိုက်ရင် အဲဒီအခင်းအကျင်းမှာ ဒေါ်စုက ဆရာတော်ထက် ပိုပြီး အဓိကကျ ပိုပြီးမြင့်မြတ် ပိုပြီးနေရာရထားတဲ့ ပုံ ပေါ်နေပါတယ်..

ဒါကို မေဇင်အေးတို့အုပ်စုက ဦးသိန်းစိန်ဓါတ်ပုံတင်ပြီးပြန်လည်တိုက်ခိုက်လာခဲ့ကြတာပါ. ဦးသိန်းစိန်တို့က အမျိုးသားတွေ ဖြစ်ပြီးတော့ သံဃာနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်တဲ့အခါ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး Khut Dawn Ni က ဒီလို ရှာဖွေ ဖော်ထုတ်လာခဲ့ပါတယ်...

ဓါတ်ပုံက ဗိုလ်ချုပ်အောင်ဆန်း ရဲဘောသုံးကျိပ်နဲ့ မှတ်တမ်းတင် ပုံက..
သူကတော့ ဒေါ်စု လော်ဘီတွေ တုံ့ပြန်ချင်ရင် သမ္မတကတော်တို့ သံဃာတွေနဲ့ ယှဉ်ထိုင်တဲ့ ဓါတ်ပုံ ရှာပြီး ဖိုက်ပါ တဲ့...သဘာဝ ကျတယ် တင်ပါတယ်...

(ဒါက မှတ်တမ်းတင် အမှတ်တရ ဓါတ်ပုံ အရိုက်ခံတဲ့ပုံပဲ။ ဒုသမ္မတ ၂-ယောက်က ဘေးမှာထိုင်တယ်။ ပြီးတော့ ယောင်္ကျားတွေ။ ပြီးတော့ ယှဉ်ထိုင်တာ အလည်တည့်တည့် ကပ်ထိုင်ပြီး ဓါတ်ပုံ အရိုက်ခံတာ။ တချို့ယောကျာင်္းတွေ ဘုန်းကြီးတွေနဲ့ ဓါတ်ပုံအတူတွဲ အရိုက် ခံရင် ဒီလိုပါဘဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော် သုံးကျိပ် အမှတ်တရ ဓါတ်ပုံ အရိုက်ခံတုံးကလည်း ဗိုလ်ချုပ်က ဘုန်းကြီးဘေးမှာ ယှဉ်ထိုင်တယ်။ နောက်တန်းက လူတွေဆို ဘုန်းကြီး အပေါ်တောင်ရောက်နေသေးတယ်။ ကောင်းတာက သူတို့ကို ပြန်ဖဲ့မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင်တို့ သမ္မတ ကတော်တို့ ဘုန်းကြီးတွေနဲ့ ယှဉ်ထိုင်နေတဲ့ပုံရှာနိုင်ရင် ကောင်းမယ်။-Khut Dawn Ni) 

From:ပလေတို ဒီမို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>