Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာမြို့မှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး နေပြီ

$
0
0

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

"မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး"
မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်း ဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာ ခရိုင်ရဲ တပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိ တစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။

"သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေး ဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။

ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို အန္တာရာယ်ပြုတဲ့ အတွက် ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။

ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ် တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ မင်္ဂလာဇေယျုံနယ်မြေထဲက နေအိမ်၊အဆောက်အဦးတွေ မီးလောင် ကုန်တဲ့အတွက် အဲဒီဒေသမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အမှတ်(၁)ရဲစခန်း နဲ့မိတ္ထီ လာခရိုင်အားကစားကွင်းမှာ ယာယီနေရာချထားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

ဒီကနေ့မနက်က မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိက ရုဏ်းတွေကြောင့်   ဒေသခံလေး ဦးသေဆုံးခဲ့ တယ် လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က ဆေးရုံက တရားဝင်ရတဲ့ စာရင်းကိုသာ အမှန်အတည်ပြုရတာပါ၊လမ်းပေါ်က စာရင်းကို အတည်ပြုလို့ မရပါဘူး"ဟု ယင်းရဲအရာရှိ တစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့မှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး ခဲ့တယ် လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။
From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>