၂၀၁၄ ဇန်နဝါရီလ ၄ ရက် နေ့ မိတ္ထီလာမြို့တွင် စာရေးဆရာ ကိုတာက "အမျိုး ဘာသာ သာသနာဆိုတဲ့ ငတုံးတွေ ပြောစကားကို မယုံနဲ့ ၊ လိုက်မလုပ်နဲ့"လို့ ဟောပြောခဲ့သော NLD ပါတီ ပညာရေးကော်မတီဝင် စာရေးဆရာ ကိုတာ ကို ပရိတ်သတ်များက ဟောပြောသည့် စင်မြင့်ပေါ်က မောင်းချခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ကျောင်းသားလူငယ်အဖွဲ့အစည်း တစ်ခုက “ ချစ်ခင်ငြိမ်းချမ်း မြန်မာပြည်တစ်ဝှမ်း ” ဆိုသည့် ခေါင်းစဉ်ဖြင့် အောင်မင်္ဂ လာဇာတ်ရုံ တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် မိတ္ထီလာမြို့ခံ လူငယ် ကိုဝင်းဇော်က ပြောကြားခဲ့သည်။
ယင်းဟောပြောပွဲကို ဒေါက်တာခင်စိုး ဦးဆောင်သည့် ဘာသာပေါင်းစုံ ညီညွတ်ရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
စာရေးဆရာ ကိုတာသည် ဟောပြောစဉ် “ အမျိုး ဘာသာ သာသနာဆိုတဲ့ ငတုံးတွေ ပြောစကားကို မယုံနဲ့ ၊ လိုက်မလုပ်နဲ့ ” ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းပြောကြားချက်ကို ပရိသတ်များက ဒေါသတွက်ပြီး ၀ိုင်းဝန်းကန့်ကွက်ခဲ့ရာ ကာယကံရှင် ကိုတာက ချက်ချင်း တောင်းပန်ခဲ့ရကြောင်း ကိုဝင်းဇော်က ပြောကြားသည်။
သို့သော်လည်း လူငယ်များ ပါဝင်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့ က အခမ်းအနားပြီးဆုံးပြီးနောက် စာရေးဆရာ ကိုတာကို ထိပ်တိုက်တွေ့ဆုံပြီး မေးမြန်းသည့်အခခါ ကာယကံရှင် ကိုတာက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
လူငယ်များက အသံဖမ်းထားသည့် အသံဖိုင်များဖြင့် ပြန်လည်ရှင်းလင်းရာ နောက်ဆုံးတွင် ပြောမိကြောင်း ၀န်ခံခဲ့ရပြီး မိတ္ထီလာလူငယ်အများအပြားက စာရေးဆရာ ကိုတာ ကို မကျေနပ်ကြောင်း ဆက်လက် ကန့်ကွက်နေသဖြင့် နောက်ဆုံးတွင် တောင်းပန်ကြောင်း ပြောကြားပြီး မိတ္ထီလာမှ အမြန်ဆုံး ထွက်ခွါခဲ့ရကြောင်း ကိုဝင်းဇော်က ဖြည့်စွက် ပြောဆိုသည်။
သတင်းများကို အတည်ပြုနိုင်ရန် ကာယကံရှင် NLD ပါတီ ပညာရေးကော်မတီဝင် စာရေးဆရာ ကိုတာ၏ မိုဘိုင်းဖုန်းနံပတ်ဖြစ်သော ၀၉ ၅၁၂၈၇၆၇ သို့ ဆက်သွယ်ရာတွင် စက်ပိတ်ထားသဖြင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်အရ ဥပဒေရေးရာနှင့် ပညာရေးကော်မတီ(၂) ရပ် ဖွဲ့စည်းခဲ့ရာ စာရေးဆရာ ကိုတာသည် တိုးချဲ့ဖွဲ့စည်းခဲ့သော ပညာရေး ကော်မတီဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။ အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သည့်  NLD ပညာရေးကော်မတီတွံင် ဦးဟံသာမြင့်၊ ဒေါက်တာသိန်းလွန်၊ စာရေးဆရာကိုတာ စသည်တို့ပါဝင်ပြီး ဥပဒေရေးရာကော်မတီတွင် တရား လွှတ်တော်ရှေ့နေများ ဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးမျိုးညွန့်၊ ဦးကိုနီ၊ ဦးဌေးဦး၊ ဦးရဲထွန်းနှင့် ဦးမောင်ဖေတင်တို့ ပါဝင်သည်။
ပညာရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွင် အကြံဥာဏ်ပေးရန်၊ ပထမအဆင့်အနေဖြင့် တက္ကသိုလ်ဥပဒေကြမ်း ရေးဆွဲရာတွင် အကြံဥာဏ်ပေးရန်၊ NLD ၏ ပညာဒါနကျောင်းများ အပါအ၀င် ပညာရေးကိစ္စရပ်များတွင် အကြံဥာဏ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည် ဆောင် ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း ပညာရေးလုပ်ငန်းများ အတွက် အကြံဥာဏ်ပေးရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။
From:ပြည်သူ့အာဏာမိတ္ထီလာမြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ကျောင်းသားလူငယ်အဖွဲ့အစည်း တစ်ခုက “ ချစ်ခင်ငြိမ်းချမ်း မြန်မာပြည်တစ်ဝှမ်း ” ဆိုသည့် ခေါင်းစဉ်ဖြင့် အောင်မင်္ဂ လာဇာတ်ရုံ တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် မိတ္ထီလာမြို့ခံ လူငယ် ကိုဝင်းဇော်က ပြောကြားခဲ့သည်။
ယင်းဟောပြောပွဲကို ဒေါက်တာခင်စိုး ဦးဆောင်သည့် ဘာသာပေါင်းစုံ ညီညွတ်ရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း
စာရေးဆရာ ကိုတာသည် ဟောပြောစဉ် “ အမျိုး ဘာသာ သာသနာဆိုတဲ့ ငတုံးတွေ ပြောစကားကို မယုံနဲ့ ၊ လိုက်မလုပ်နဲ့ ” ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းပြောကြားချက်ကို ပရိသတ်များက ဒေါသတွက်ပြီး ၀ိုင်းဝန်းကန့်ကွက်ခဲ့ရာ ကာယကံရှင် ကိုတာက ချက်ချင်း တောင်းပန်ခဲ့ရကြောင်း ကိုဝင်းဇော်က ပြောကြားသည်။
သို့သော်လည်း လူငယ်များ ပါဝင်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ
လူငယ်များက အသံဖမ်းထားသည့် အသံဖိုင်များဖြင့် ပြန်လည်ရှင်းလင်းရာ နောက်ဆုံးတွင် ပြောမိကြောင်း ၀န်ခံခဲ့ရပြီး မိတ္ထီလာလူငယ်အများအပြားက စာရေးဆရာ ကိုတာ ကို မကျေနပ်ကြောင်း ဆက်လက် ကန့်ကွက်နေသဖြင့် နောက်ဆုံးတွင် တောင်းပန်ကြောင်း ပြောကြားပြီး မိတ္ထီလာမှ အမြန်ဆုံး ထွက်ခွါခဲ့ရကြောင်း ကိုဝင်းဇော်က ဖြည့်စွက် ပြောဆိုသည်။
သတင်းများကို အတည်ပြုနိုင်ရန် ကာယကံရှင် NLD ပါတီ ပညာရေးကော်မတီဝင် စာရေးဆရာ ကိုတာ၏ မိုဘိုင်းဖုန်းနံပတ်ဖြစ်သော
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်အရ ဥပဒေရေးရာနှင့် ပညာရေးကော်မတီ(၂) ရပ် ဖွဲ့စည်းခဲ့ရာ စာရေးဆရာ ကိုတာသည် တိုးချဲ့ဖွဲ့စည်းခဲ့သော ပညာရေး ကော်မတီဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။ အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်
ပညာရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွင် အကြံဥာဏ်ပေးရန်၊ ပထမအဆင့်အနေဖြင့် တက္ကသိုလ်ဥပဒေကြမ်း ရေးဆွဲရာတွင် အကြံဥာဏ်ပေးရန်၊ NLD ၏ ပညာဒါနကျောင်းများ အပါအ၀င် ပညာရေးကိစ္စရပ်များတွင် အကြံဥာဏ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည် ဆောင် ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း ပညာရေးလ
www.mmdailystar.com