Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးရေး တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဆို

$
0
0

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့်
အခြားအာဆီယံနိုင်ငံများက
အာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟု
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူးဆိုတာ
ရှင်းလင်းပြီးသားပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့
ကျန်တဲ့နိုင်ငံတွေက တောင်းဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာ
အာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။
အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု၎င်းကပြောသည်။


မြန်မာမှအာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင်ပထမဆုံးအနေဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်
မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် စတင်ကျင်းပသည်။


ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိများနှင့် ညစာစားပွဲပြုလုပ်မည်ဖြစ်ကာဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေးအဖွင့်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေးတို့ကို စတင်ကျင်းပသည်။
ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေးကို ပြုလုပ် မည်ဖြစ်ကြောင်း အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲအစီစဉ်အချိန်ဇယားထုတ်ပြန် ချက်အရသိရသည်။


From:Popular


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>