Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးသိန်းစိန်ကိုယ်တိုင် ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောနေချိန် တရားဥပဒေကို မထေမဲ့မြင်ပြုနေသူများ

$
0
0
မြန်မာလူမျိုးတွေဟာ ညီအစ်ကိုအရင်းတောင် တစ်ယောက်က ကြံ့ဖွံ့ပါတီဝင်၊ နောက်တစ်ယောက်က NLD ပါတီဝင်ရင် အဲ့ဒိနှစ်ယောက်ဟာ မျက်နှာခြင်းဆိုင်လို့ မရတော့ဘူး...... အဲ ငြိမ်းချမ်းတဲ့ ဘာသာကို ကိုးကွယ်တဲ့ ပြည်တွင်းနေများကတော့ အမျိုးမတော်တဲ့နှစ်ယောက် မတူညီတဲ့ (ရန်ဘက်လို့ ဆိုရမယ့်) ပါတီနှစ်ခုကိုဝင်ပေမယ့် အခင်အမင်မပျက်ဘူး ဆိုတာကို ထောက်ပြခဲ့တာ ခဏခဏ........

အခု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ( NDPD) နှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ(DHRP) တို့ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်....... သတင်းစာရှင်းလင်းပွဲမှာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးမောင်မောင်နီက ဘင်္ဂါလီကို စာရင်းကောက်တာမှာ ရိုဟင်ဂျာအနေနဲ့ ကောက်ဖို့ ပြောလာတာ တွေ့ရတယ်.......

သူတို့ရဲ့ အဓိက တားဂက်ဟာ ဘင်္ဂါလီတွေကို တရားဝင်နိုင်ငံသားဖြစ်လာဖို့၊ တိုင်းရင်းသားစာရင်းသွင်းဖို့ တစ်ဆင့်ခြင်း ကြိုးစားလာတာကို အထင်အရှားတွေ့လာရတယ်...... သူတို့ဟာ သမိုင်းလိမ်တွေ၊ သမိုင်းတုတွေနဲ့ ဘင်္ဂါလီတွေကို တိုင်းရင်းသားဖြစ်သယောင် ဖော်ဆောင်လာတာ တွေ့ရတယ်......

တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှု သမိုင်းကိုပြောရင် ခေတ်ကာလ တစ်ခုတည်းကို ဖြတ်ပြောလို့ မရနိုင်ပါဘူး....... ပဒေသရာဇ် အုပ်ချုပ်မှုအစိုးရ၊ ကိုလိုနီ အင်္ဂလိပ်အစိုးရ၊ ပါလီမန်ဒီမိုကရေစီ အစိုးရ၊ တော်လှန်ရေးကောင်စီ အစိုးရ၊ လမ်းစဉ်ပါတီ အစိုးရ၊ အာဏာသိမ်းစစ်အစိုးရ ဘယ်အစိုးရခေတ်မှာ ဖော်ပြခံရလဲ...... ကျန်တဲ့အစိုးရခေတ်တွေမှာကျ ဘာလို့မရှိတာလဲ၊ ဘာကြောင့်လဲ လေ့လာကြည့်ရင် သိနိုင်မှာပါ....... အင်္ဂလိပ်တွေဟာ စာရွက်စာတန်းနဲ့ စာရင်းဇယားကို အနိုင်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်....... မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့ နှစ် ၁၀၀ ကျော်မှာ သန်းခေါင်စာရင်းတွေ ကောက်ခဲ့ကြပီး အဲ့ဒိအထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝ မပါပါဘူး.....

အခုလက်ရှိ နိုင်ငံတော် အစိုးရအကြီးအကဲလို့ ဆိုလို့ရတဲ့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောနေချိန်၊ ဒီမိုကရေစီ အိုင်ကွန်ဖြစ်တဲ့ ဒေါ်စုကလည်း ရိုဟင်ဂျာကို မသိပါဘူးလို့ ဆိုနေချိန်မှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အတင်းထည့်သွင်းချင်နေတဲ့ အဲ့ဒိလူတွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို မထေမဲ့မြင်ပြုနေသလို ဖြစ်နေပါတယ်.....

အထူးသဖြင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၄) မည်သည့်မျိုးနွယ်စုကို တိုင်းရင်းသားဖြစ်သည်၊ မဖြစ်သည်ကို နိုင်ငံတော် ကောင်စီက ဆုံးဖြတ်နိုင်သည်လို့ ပြဌာန်းထားတဲ့ ဥပဒေကို ဂရုမစိုက်ရာ ဖြစ်နေပါတယ်....... ဒီအတွက် အဲ့ဒိလူတွေကို တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသင့်ပါတယ်......

From:Voice of James Mint

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>