Quantcast
Viewing all articles
Browse latest Browse all 4837

အခိုးခံလိုက်ရတဲ့ ကွန်ပျူတာထဲမှာ ၀တ်လစ်စားလစ်ပုံတွေပါသွားတယ်ဆိုတဲ့ နာမည်ကြီး မင်းသမီး

Lindsay Lohan တစ်ယောက် တရုတ်ပြည်မှာ Laptop အခိုးခံရပြီးတဲ့နောက်မှာ တော်တော်လေး စိတ်အနှောင့်ယှက်နေတာဖြစ်ပြီး အဲဒီ့ Laptop ထဲမှာအရေးကြီးတဲ့ အချက်အလက်အချို့ ပါဝင်တယ်လို့သိရပါတယ်။

Lindsay Lohan ကို တင်္နလာနေ့ညက Sohu Fashion Achievement ဆုနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး “တရုတ်ပြည်မှာ ရှိနေရတာကောင်းပါတယ်။ ပြီးတော့ ရင်းနှီးဖေါ်ရွေမှုတွေအတွက် အားလုံးကိုကျေးဇူး တင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်မရဲ့ ကွန်ပျူတာကို လေဆိပ်မှာ ခိုးသွားတယ်။ ဒီကွန်ပျူတာကိုပြန် ယူပေးနိုင်မယ့်သူ ဘယ်သူမဆို ဆုကြေးငွေပြန်ပေးပါမယ်။ ဒါမပါပဲပြန်သွားရမှာစိတ် ညစ်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်” လို့ သူမရဲ့ Twitter မှာရေးခဲ့တာဖြစ်ပါတယ်။

TMZ.com ရဲ့အဆိုအရ အဲဒီ့ Laptop မှာသူမရဲ့ ၀တ်လစ်စလစ်ပုံတွေနဲ့ Woody Allen နဲ့ Lady Gaga အပါဝင် သူမရဲ့နာမည်ကြီးမိတ်ဆွေတွေရဲ့စာတွေပါတယ်လို့သိရပါတယ်။

Lohan ဟာ New York မြို့မှာ နှစ်သစ်ကူးကိုဆင်နွှဲအပြီး ဒီဆုပေးပွဲအတွက် တရုတ်ပြည်ကို သွားခဲ့တာဖြစ်ပြီး Shanghai မြို့က ကလပ်တွေမှာ ပါတီလုပ်နေတာကိုလဲတွေ့ရပါတယ်။

လက်တလောမှာတော့ သူမဟာ ဂီတလုပ်ငန်းဘက်ကိုပြန်လှည့်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ New York ကစတူဒီယိုတစ်ခုမှာ Electornic ဂီတသီချင်းတွေကို စမ်းသပ်အသံ သွင်းပြီးအချိန် ကုန်စေခဲ့ပါတယ်။

Lohan ဟာသူမရဲ့ကိုယ်တိုင်ရေးအထ္တုပ္ပတိကိုလည်း ရေးနေတာဖြစ်ပြီး သူမရဲ့ကလေးသရုပ်ဆောင် ဘ၀အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်း၊ အချစ်ရေးကိစ္စတွေ၊ တရားရင်ဆိုင်မှုကိစ္စတွေ နဲ့ ပြန်လည်ထူ ထောင်ရေးစင်တာကအတွေ့အကြုံတွေ အကြောင်းရေးဖို့စိတ်ကူးထား တာဖြစ်ပါတယ်။

From: Trend Myanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>