(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က "လက်ရှိအခြေအနေကတော့ မကောင်းသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ control က သိပ်ပြီး ထိရောက်မှုမရှိဘူး။ ဒီမနက်မှာပဲ သီရိမင်္ဂလာရပ်ကွက်က လမ်းမပေါ်မှာ အလောင်းသုံးလောင်းကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လူအုပ်ကြီးက တစ်ခုခုဖြစ်လို့ ကျွန်တော်က ၀င်ပြောတော့ ပြောတဲ့သူ ရန်လုပ်ခံရတာပဲ။ ဒီကိစ္စကို ထိထိ ရောက်ရောက် ကိုင်တွယ်ပါလို့ သက်ဆိုင်ရာကို ကျွန်တော် ပြောထားပါတယ်" ဟု ပြောကြားခဲ့သည်။
Eleven
Update News- နောက်ဆုံးအခြေအနေ
မနက် ၁၀ နာရီ ၃၀ မိနစ်
မိထ္တီလာမြို့လယ် ဈေးဆိုင်ခန်းများနှင့် အဆောက်အအုံများ မီးလောင်
ရန်ကုန်၊ မတ် ၂၂
မိထ္တီလာမြို့လယ်ဈေးပတ်လမ်းနား၊ နာရီစင်အနီးအနားပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ၊ အဆောက် အအုံများ မီးလောင်ကျွမ်းနေပြီး အာဏာပိုင်များက မီးကို ကြိုးစားငြိမ်းသတ်နေရကြောင်း ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။
"ဆိုင်ခန်းတွေနဲ့ အဆောက်အအုံတွေ အများကြီး မီးလောင်နေတယ်။ မီးလောင်နေတဲ့ အဆောက် အအုံထဲမှာ ဗလီတခုလည်းရှိနေတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အာဏာပိုင်တွေပေါင်းပြီး မီးကို ကြိုးစားငြိမ်းနေကြ တယ်။ ဘယ်သူတွေရှို့လဲတော့မသိဘူး။ ဒေသခံတွေက အဲလို မီးရှို့မှုတွေမဖြစ်စေ ချင်ဘူး။ မန္တလေး တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်လည်း မီးလောင်တဲ့နေရာကို ရောက်နေတယ်။ အုပ်စုဖွဲ့တိုက်ခိုက် တာတွေ၊ သတ်ဖြတ်တာတွေ တော့ ဒီနေ့မနက်ပိုင်းအထိ မကြားရသေးဘူး" ဟု ဧရာဝတီသ တင်းထောက်က ပြောသည်။
မီးလောင်မှုကို အာဏာပိုင်များက ကြိုးစားငြိမ်းသတ်နေရသော်လည်း မီးညွှန့်ကျိုးအောင်ပင် မနည်းငြိမ်း သတ်နေ ရသည်ဟု သိရှိရသည်။
မိထ္တီလာမြို့သို့ ရောက်ရှိနေသော ပြည်တွင်းပြည်ပသတင်းထောက်များ၏ ကင်မရာများ အသိမ်းခံရခြင်း၊ ရိုက်ထားသော ဓာတ်ပုံများကို ဖျက်ခိုင်းခြင်းကို အုပ်စုဖွဲ့ထားသော လူအုပ်စုတခုက လုပ်ဆောင်နေပြီး ယင်းလူ အုပ်တွင်ဦးဆောင်သူအချို့ မှာ ရဟန်းနှင့်ကိုရင်များပါဝင်နေကြောင်း ကင်မရာအသိမ်းခံရသူ သတင်းထောက် တဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။
မိထ္တီလာမြို့၏ လုံခြုံရေးအခြေအနေမှာ တမြို့လုံးသို့ လွှမ်းခြုံနိုင်ခြင်းမရှိဟု ဒေသခံများနှင့်သတင်းထောက် များထံ မေးမြန်းချက်များအရ သိရှိရသည်။
From:ဧရာဝတီမတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က "လက်ရှိအခြေအနေကတော့ မကောင်းသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ control က သိပ်ပြီး ထိရောက်မှုမရှိဘူး။ ဒီမနက်မှာပဲ သီရိမင်္ဂလာရပ်ကွက်က လမ်းမပေါ်မှာ အလောင်းသုံးလောင်းကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လူအုပ်ကြီးက တစ်ခုခုဖြစ်လို့ ကျွန်တော်က ၀င်ပြောတော့ ပြောတဲ့သူ ရန်လုပ်ခံရတာပဲ။ ဒီကိစ္စကို ထိထိ ရောက်ရောက် ကိုင်တွယ်ပါလို့ သက်ဆိုင်ရာကို ကျွန်တော် ပြောထားပါတယ်" ဟု ပြောကြားခဲ့သည်။
Eleven
Update News- နောက်ဆုံးအခြေအနေ
မနက် ၁၀ နာရီ ၃၀ မိနစ်
မိထ္တီလာမြို့လယ် ဈေးဆိုင်ခန်းများနှင့် အဆောက်အအုံများ မီးလောင်
ရန်ကုန်၊ မတ် ၂၂
မိထ္တီလာမြို့လယ်ဈေးပတ်လမ်းနား၊
"ဆိုင်ခန်းတွေနဲ့ အဆောက်အအုံတွေ အများကြီး မီးလောင်နေတယ်။ မီးလောင်နေတဲ့ အဆောက် အအုံထဲမှာ ဗလီတခုလည်းရှိနေတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အာဏာပိုင်တွေပေါင်းပြီး မီးကို ကြိုးစားငြိမ်းနေကြ တယ်။ ဘယ်သူတွေရှို့လဲတော့မသိဘူး။ ဒေသခံတွေက အဲလို မီးရှို့မှုတွေမဖြစ်စေ ချင်ဘူး။ မန္တလေး တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်လည်း မီးလောင်တဲ့နေရာကို ရောက်နေတယ်။ အုပ်စုဖွဲ့တိုက်ခိုက် တာတွေ၊ သတ်ဖြတ်တာတွေ တော့ ဒီနေ့မနက်ပိုင်းအထိ မကြားရသေးဘူး" ဟု ဧရာဝတီသ တင်းထောက်က ပြောသည်။
မီးလောင်မှုကို အာဏာပိုင်များက ကြိုးစားငြိမ်းသတ်နေရသော်လည်း မီးညွှန့်ကျိုးအောင်ပင် မနည်းငြိမ်း သတ်နေ ရသည်ဟု သိရှိရသည်။
မိထ္တီလာမြို့သို့ ရောက်ရှိနေသော ပြည်တွင်းပြည်ပသတင်းထောက်များ၏ ကင်မရာများ အသိမ်းခံရခြင်း၊ ရိုက်ထားသော ဓာတ်ပုံများကို ဖျက်ခိုင်းခြင်းကို အုပ်စုဖွဲ့ထားသော လူအုပ်စုတခုက လုပ်ဆောင်နေပြီး ယင်းလူ အုပ်တွင်ဦးဆောင်သူအချို့
မိထ္တီလာမြို့၏ လုံခြုံရေးအခြေအနေမှာ တမြို့လုံးသို့ လွှမ်းခြုံနိုင်ခြင်းမရှိဟု ဒေသခံများနှင့်သတင်းထောက် များထံ မေးမြန်းချက်များအရ သိရှိရသည်။
www.mmdailystar.com