၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အမေရိကန်နိုင်ငံတွင်း၌ အိုစမာ ဘင်လာဒင်မှ နောက်ထပ်အကြမ်းဖက်မှု မကျူးလွန်တော့ခြင်း နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသော ကိစ္စတစ်ခု ရှိကြောင်း ကောလဟာလ တစ်ခု ပျံ့နှံ့နေခဲ့သည်။
ယင်းဖုံးကွယ်ထားသောကိစ္စ ဝါ ကောလဟာလ ဆိုသည်မှာ ဤသို့ဖြစ်သည်။ ယခင် အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘွတ်ရှ်သည် အိုစမာဘင်လာဒင် နှင့် တနည်းနည်းဖြင့် အဆက်အသွယ် ရခဲ့ပြီး ဘင်လာဒင်အား ဤသို့ သတိပေးခဲ့သော ဟူ၏။
"ဟေ့ကောင် မင်း နောက်တစ်ကြိမ် အမေရိကန်ကို တိုက်ရဲတိုက်ကြည့် မက္ကာကို နျူကလီးယားဗုံး ကြဲပစ်မယ်"
ဤစကားမှာ အမှန်ပြုမည်ဖြစ်စေ၊ ခြိမ်းခြောက်သည် ဖြစ်စေ၊ ၎င်းနည်းလမ်းကတော့ ထိရောက်သည်မှာ အမှန်ပင် ဖြစ်သည်။
ထိုကဲ့သို့သော အလားတူ ခြိမ်းခြောက်မှုတစ်ခုကိုလည်းရုရှသမ္မတ ဗလာဒီမာပူတင်ထံမှ ထွက်ပေါ်လာခဲ့ဖူးကြောင်း ကောလဟာလထွက်ပေါ်လာခဲ့ဖူးသေးသည်။ ၂၀၀၉ ခုနှစ်က အကြမ်းဖက် သမားများက ရုရှအမြန်ရထားအား ဗုံးခွဲတိုက်ခိုက်၍ လူ ၂၇ ယောက် သေဆုံးခဲ့စဉ်က ဖြစ်သည်။ သို့သော် ထိုစကားသည် ၂၀၀၉ ခုနှစ် အစောပိုင်းက ဘင်လာဒင် သေဆုံးသွားပြီးနောက် ၎င်းနေရာအား ဆက်ခံသော အိုင်မန် အယ်လ်ဇာဝါဟီရီကို နောက်ပြောင်ခြင်းသာ ဖြစ်ပြီး တကယ်မဟုတ်ဟု ယူဆခဲ့ကြသည်။
ပြီးခဲ့သည့်လက ရုရှတွင် အကြမ်းဖက်ဗုံးခွဲမှုနှစ်ခု ဖြစ်ပွား၍ စုစုပေါင်း ၃၄ ဦး သေဆုံးကာ လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက်တွင် ကရင်မလင်နန်းတော်မှ တိုးတိုးတိတ်တိတ် အသံထွက်လာပြန်သည်။ ပူတင်မှ မူဆလင်တို့၏ အထွတ်အမြတ်မြေ၊ အစ္စလမ္မစ်တို့၏ အသည်းနှလုံး မက္ကာကို နျူကလီးယားဗုံးကျဲ ပစ်မည်ဟု နောက်တစ်ကြိမ် ကြိမ်းဝါးလိုက်ပြန်ပြီ ဖြစ်သည်။
ယင်းဖုံးကွယ်ထားသောကိစ္စ ဝါ ကောလဟာလ ဆိုသည်မှာ ဤသို့ဖြစ်သည်။ ယခင် အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘွတ်ရှ်သည် အိုစမာဘင်လာဒင် နှင့် တနည်းနည်းဖြင့် အဆက်အသွယ် ရခဲ့ပြီး ဘင်လာဒင်အား ဤသို့ သတိပေးခဲ့သော ဟူ၏။
"ဟေ့ကောင် မင်း နောက်တစ်ကြိမ် အမေရိကန်ကို တိုက်ရဲတိုက်ကြည့် မက္ကာကို နျူကလီးယားဗုံး ကြဲပစ်မယ်"
ဤစကားမှာ အမှန်ပြုမည်ဖြစ်စေ၊ ခြိမ်းခြောက်သည် ဖြစ်စေ၊ ၎င်းနည်းလမ်းကတော့ ထိရောက်သည်မှာ အမှန်ပင် ဖြစ်သည်။
ထိုကဲ့သို့သော အလားတူ ခြိမ်းခြောက်မှုတစ်ခုကိုလည်း
ပြီးခဲ့သည့်လက ရုရှတွင် အကြမ်းဖက်ဗုံးခွဲမှုနှစ်ခု ဖြစ်ပွား၍ စုစုပေါင်း ၃၄ ဦး သေဆုံးကာ လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက်တွင် ကရင်မလင်နန်းတော်မှ တိုးတိုးတိတ်တိတ် အသံထွက်လာပြန်သည်။ ပူတင်မှ မူဆလင်တို့၏ အထွတ်အမြတ်မြေ၊ အစ္စလမ္မစ်တို့၏ အသည်းနှလုံး မက္ကာကို နျူကလီးယားဗုံးကျဲ ပစ်မည်ဟု နောက်တစ်ကြိမ် ကြိမ်းဝါးလိုက်ပြန်ပြီ ဖြစ်သည်။
www.mmdailystar.com